Social Distancing ကာလမှာ အချစ်တွေ မ ပေါ့အောင် ဒါလေးတွေ လုပ်ပေးပါ

Image :shutterstock/ By C2Hvectorist

ကပ်ဘေးရောဂါကြောင့် တစ်နေရာ နဲ့ တစ်နေရာ အသွားအလာ တွေကလဲ ကန့် သတ်၊အပြင်လဲ မထွက် ရ တော့  ကိုယ့်ချစ်သူ လေးကို လွမ်းနေတဲ့ သူတွေလည်းရှိကြမှာပါ။Rs တွေ ကတော့ ဒီအ ချိန် ဆိုရင် အတူသွားဖူးတဲ့ နေ ရာ၊အတူရှိဖူးတဲ့ အချိန် လေးတွေ ကို COVID-19 ကြောင့် ကြိတ် မှိတ် သည်းခံ နေကြရမှာပါ။တွေ့ ကလဲ မတွေ့ ရ တော့ ဒီလို အချိန် တစ်ယောက် အပေါ် ထားတဲ့ တစ်ယောက် ရဲ့ အချစ် တွေ ပေါ့ မသွား အောင် ဒီလို နည်း လေး တွေ ကို သုံးပြီး ဖြေရှင်းကြည့်ပါ။

(၁)အရင်ထက် အချိန်ပိုပေးပါ

Image:unsplash /Chermiti Mohamed

ဒီလို အိမ် တွင်း အောင်းနေရတဲ့ အချိန်မှာ အရင် တုန်းက ထက်ပိုပြီး  ကိုယ့်ချစ်သူ အတွက် ပို အချိန် ပေးပါ။အရင် က ဆိုရင် တစ်နေ့ကို ဖုန်း (၂) ခါ (၃) ခါ လောက်ပဲ ဆက်ဖြစ်ရင် အခု အချိန် မှာ အရင်ထက် ပိုပြီး ဖုန်း ဆက် ပေးပါ။ မနက် ဆိုရင်လည်း ဖုန်း မက်ဆေ့ခ်ျပဲ ဖြစ်ဖြစ်၊Messenger ကပဲ ဖြစ်ဖြစ် Morning Msg ပို့တာ၊  နေ့လယ် ဆိုလဲ စားပြီးပြီလား၊ညဆိုလဲ Gn Msg လေးတွေ  ပို့ ပေးပါ။အဆင် မပြေ မှု တွေ နဲ့ ရင်ဆိုင်နေရတဲ့ အ ခြေ အနေ မို့ အရင်ထက် ပိုတိုးပြီး အပြန်အလှန် ဖေးမ ဂရုစိုက် ပေးဖို့ တော့ လိုပါတယ်။မနက်ဖန် ဘာဖြစ်မယ်ဆိုတာ ကြို မသိရ တဲ့ အ ခြေ အ နေ မှာ ကိုယ့်ချစ်သူကို ပိုတိုးချစ်ပေး၊ပိုဂရုစိုက် ပေးပါ။

READ
တစ်ကြိမ်ပဲတွေ့ရသေးတဲ့မိန်းကလေးဆီစာပို့မယ်ဆိုရင် ဘယ်လိုစာမျိုးပို့သင့်လဲ

(၂)Video Call  နဲ့ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်ပေးပါ

Image:puxabay/geralt

အရင်ကဆိုရင် ဒီအချိန် ဆိုင်ထိုင်၊အပြင် လျှောက်လည် နေ လောက်ပါပြီ။ဒါပေမယ့် အခုလို အ ချိန် မှာလည်း အွန် လိုင်း က နေ ဗီဒီယို Call ခေါ် ပြီး ဒိတ် လုပ် ပေးပါ။အနည်းဆုံး တစ်ပတ် တခါေ လာက် တော့ ဒိတ် လုပ် ပေးပါ။ ပုံမှန် ဗီဒီယို Call ခေါ် သလို မျိုး မဟုတ်ပါဘူး။ကော်ဖီဆိုင်မှာ ဒိတ်လုပ်သလို မျိုး ကော်ဖီ ခွက် လေး တွေ ကို ကိုယ်စီ ကိုင်ပြီး လှလှပပ ၀တ်စားပြီး နှစ်ယောက် အတူတူ အပြင်က ဆိုင်မှာအတူ သောက် နေသလို မျိုး လေး ဖန်တီး ပြီး ဒိတ်လုပ်တာမျိုး လုပ်ပေးပါ။

(၃)၀ါသနာပါ တဲ့ အရာတစ်ခုခုကို အတူတူ လုပ်ကြည့်ပါ

Image;shutterstock/ By Rido

ဝေး နေ ပေမယ့်လည်း စိတ်ချင်း နီး နေ အောင် သူဝါသနာပါတဲ့ အရာ၊ကိုယ်ဝါသနာ ပါတဲ့ အရာကို တစ်လှည့် စီ လုပ် ကြည့် ပေးပါ။ဥပမာ- ရုပ်ရှင်ကားတစ်ခုကို သူလဲ ကြည့်၊ကိုယ်လဲ ကြည့်ပြီး ဇာတ်ကား အ ကြောင်း အတူ ပြော တာ မျိုး၊စာအုပ်တွေ ဖတ်ပြီး အပြန်အလှန် အမြင် ဖလှယ်တာမျိုး၊မုန့် တစ်ခုခုကို အတူတူ စမ်း လုပ်တာ မျိုး…။ နှစ်ယောက် အတူတူ ဝေးေ န ပေမယ့် တူညီတဲ့ အရာတစ်ခုခုကို အတူတူ လုပ်ကြည့်ပြီး အပြန်အလှန် ဖလှယ်ကြည့်တာမျိုးလေး တွေ လုပ်ပေးပါ။အွန်လိုင်း Class တွေ ကို အတူ တက်တာ၊ဘာသာစကားတစ်ခုခုကို အတူတူ လေ့လာ တာ မျိုး လေး တွေလည်း လုပ် ကြည့်လို့ရပါတယ်။

READ
အချစ်စစ်နဲ့ချစ်မိသွားတဲ့ စုံတွဲတိုင်းမှာ ဖြစ်ပေါ်တတ်တဲ့ ခံစားချက်များ

(၄)တီတီတာတာလေးတွေ ပြော ပေးပါ

Image;shutterstock/ By Rido

ဒီအချိန် မှာ တော့ အရမ်းတွေ ရို ထားမှ အချစ်တွေ က အေးစက်မသွားမှာပါ။စိတ် တွေ ကလဲ ရှုပ်၊ပူပန် စရာ တွေ ကလဲ များ နေ တဲ့ အချိန် မှာ ရိုချင် စိတ်တွေ က ပျောက်ကောင်းေ ပျာက် နေမှာ သေချာပါတယ်။ဒါပေမယ့်လည်း ကြိတ် မှိတ် ရို ပါ လို့ ပဲ ပြောရမှာပါ။Social Distancing လုပ် နေတဲ့ အချိန်မှာ အားငယ်စိတ်၊အထီးကျန် တဲ့ စိတ် တွေ က လူတိုင်းရဲ့ စိတ်ထဲမှာ ဖြစ် နေမှာပါ။အဲ့ဒါ ကြောင့် ကိုယ့်ချစ်သူလဲ ပါးစပ်က ထုတ် မ ပြော ခဲ့ရင် တောင်မှ အား ငယ် အထီးကျန်နေ မှာ ဆိုတာကို မ မေ့ပါနဲ့။ကြည်နူးစရာ ကောင်းတဲ့ တီတီတာတာ ချစ်စကား လေးတွေ ကို ပြော ပေးတာ လည်း စိတ်ညစ် နေတာ တွေ ကို နည်းနည်းတော့ သက်သာ စေမှာပါ။

(၅)အနာဂါတ် Plan တွေ ကို မကြာခဏ ပြော ပေးပါ

Image:Pixabay/toanmda

ဒါကလည်း ချစ်သူ တွေ ကြားမှာ လိုပါတယ်။ဒီကပ် ကြီး ပြီးသွားရင် ဘာတွေ လုပ်ကြမယ် ဆိုတဲ့ အနာဂါတ် Plan လေး တွေ ကို မကြာခဏ ပြော ပေးပါ။အခုလို အချိန်မှာ  အနာဂါတ် အစီအစဉ် လေးတွေ ကို ပြောပြီး အပြန်အလှန် နှစ်သိမ့် အားပေးတာမျိုးလေးတွေ ကလည်း  ကြိုးစားချင်စိတ် ကို ပြန်နှိုးဆွပြီး ချစ်သူတွေ ကြား က ဆက်ဆံ ရေး အေး စက် မသွားအောင် အကူအညီ ဖြစ်စေပါတယ်။

SHWEMOM

SHARE