အသက်ရလာတဲ့မိဘတွေကို ကျန်းမာပျော်ရွှင်အောင် ပြုစုရန်နည်းလမ်းများ..

လူတွေဟာ အသက်ကြီးရင့်လာတဲ့အခါ အားကိုးရာကို ရှာဖွေတတ်ပါတယ်။ မိဘတွေဆိုရင်လည်း သားသမီးတွေအပေါ်မှာ မျှော်လင့်ချက်ထားကြပါတယ်။ သားသမီးတွေက တစ်နေ့တစ်ချိန်သူတို့ အသက်ကြီးလာတဲ့အခါ နာမကျန်းဖြစ်တဲ့အခါ သူတို့ကို ပြန်ပြီး စောင့်ရှောက်ကြလိမ့်မယ်၊ ကျေးဇူးဆပ်ကြလိမ့်မယ်လို့ မိဘအများစုက တွေးကြပါတယ်။ သားသမီးတွေအနေနဲ့ မိဘတွေ သေမှ နောင်တရမနေပဲ သူတို့တွေ အသက်ရှင်စဉ်အခိုက်မှာ မိဘတွေကို ကိုယ်စိတ်နှစ်ဖြာချမ်းသာသုခပြည့်ဝအောင် ဖြည့်ဆည်းပေးသင့်ပါတယ်။ ဒါကြောင့် သားကောင်းသမီးလိမ္မာဖြစ်ချင်သူတွေအတွက် အွန်လိုင်းဝက်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ shared မှာဖော်ပြထားတဲ့ မိဘကျေးဇူးဆပ်နည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သူတို့နဲ့ အတူ သွားလာလှုပ်ရှားပေးပါ

Shuttetstock/Halfpoint

အသက်အရွယ်ထောက်လာတဲ့ မိဘတွေကို အကောင်းဆုံးပြုစုပေးနိုင်တဲ့နည်းလမ်းတစ်ခုကတော့ သူတို့နဲ့အတူ သွားလာလှုပ်ရှားပေးတာပါ။ သူတို့တွေနဲ့ အတူတူလမ်းလျှောက်မယ်၊ ပြေးမယ်၊ စက်ဘီးနင်းမယ် စသဖြင့် ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ကိုးကွယ်ရာဘာသာအလိုက် ဘုရားကျောင်းကန်တွေဆီ ခေါ်သွားတာ၊ တရားနာတာ၊ တရားထိုင်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားရှိစေမယ့် အလုပ်မျိုးတွေကိုလည်း အတူလုပ်ပေးနိုင်ပါတယ်။

READ
တင်ပါးရိုးအကြောကိုက်ခဲတာ သက်သာစေဖို့ တင်းနစ်ဘောလုံးကိုအသုံးပြုနည်း

နည်းပညာသင်ပေးပါ

Shutterstock/ wavebreakmedia

ယနေ့ဒီဂျစ်တယ်ခေတ်ထဲမှာ နည်းပညာဟာ နေရာအလုံးစုံမှာ အရေးပါလာပါပြီ။ ခေတ်နဲ့အညီဖြစ်ပေါ်နေတဲ့ သတင်းတွေကို သိရအောင်၊ နောက်ဆုံးပေါ်တီထွင်မှုတွေနဲ့ မျက်ခြည်မပြတ်ရလေအောင် မိဘတွေကို နည်းပညာနဲ့ ဆိုရှယ်မီဒီယာအကြောင်းကို သင်ပေးသင့်ပါတယ်။ ဒါဆိုရင် သူတို့အနေနဲ့ ကမ္ဘာလောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတော့မှာ မဟုတ်ပါဘူး။ မြေးမြစ်တွေနဲ့ သူတို့ကြားထဲက ခြားနားနေတဲ့ မျိုးဆက်ကွာဟချက်တွေလည်း လျော့ပါးသွားမှာ ဖြစ်ပါတယ်။

အိမ်ထဲမှာချည်း အောင်းမနေစေပါနဲ့

Shutterstock/ Halfpoint

အသက်ကြီးလာတဲ့လူကြီးသူမတွေကို အိမ်ထဲမှာပဲ နေစေတာ တကယ်တော့ မကောင်းပါဘူး။ သူတို့ရဲ့ စိတ်အား ကောင်းမွန်အောင်နဲ့ မှတ်ဥာဏ်စွမ်းရည်တွေတိုးတက်အောင် မကြာခဏ အိမ်အပြင်ကို ခေါ်ထုတ်သင့်ပါတယ်။ တကယ်လို့ ခြံနဲ့ ၀င်းနဲ့ နေတယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ ခြံထဲမှာ ပန်းပင်လေးတွေစိုက်၊ လမ်းလျှောက် လေရှူနဲ့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ခြံဝင်းတွေ မရှိရင်တောင်မှ ကိုယ့်အိမ်အနီးအနားမှာရှိတဲ့ ပန်းခြံတွေဆီခေါ်သွားပြီး လမ်းလျှောက်လေရှူစေတာ၊ မနက်စောစောထွက်တဲ့ နေဆာလှုံပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ အဖိုးအဖွားတွေကို ခေါ်ပြီး မိသားစုတစ်စုလုံး အပြင်မှာ မုန့်ထွက်စားတာ၊ ပွဲသဘင် အခမ်းအနားတွေကို အတူသွားတာလည်း ပြုလုပ်နိုင်ပါတယ်။

READ
ကိုယ့်ကိုဘယ်တော့မှပြန်ချစ်လာမှာမဟုတ်တဲ့သူကို စွန့်လွှတ်နိုင်ဖို့ နည်းလမ်းများ

သူတို့စိတ်ဝင်စားတဲ့အရာကို ပံ့ပိုးပေးပါ

Shutterstock/ Syda Productions

မိဘတွေက အသက်ကြီးလာလို့ဆိုပြီး သူတို့မှာ ဘာစိတ်ဝင်စားမှုမှ မရှိတော့ဘူးလို့ မထင်လိုက်ပါနဲ့။ သူတို့မှာလည်း သူတို့လုပ်ချင်တဲ့ ၀ါသနာပါရာအရာလေးတွေ ရှိနေပါတယ်။ တကယ်လို့ သင့်မိဘက ငှက်ကြည့်တာ ၀ါသနာပါတယ်၊ အပြင်တစ်ယောက်တည်း သွားလို့လည်း မဖြစ်ဘူးဆိုရင် သင်က တစ်ရက်တစ်လေလောက် အချိန်ယူပြီး သူတို့ရဲ့ ဆန္ဒကို လိုက်လျောပေးလိုက်ပါ။ မိဘရဲ့ အသက်က (၆၀) နှစ်ပဲဖြစ်ဖြစ် (၈၀) နှစ်ပဲ ဖြစ်ဖြစ် သူတို့ကို ပျော်ရွှင်အောင် ဘယ်လိုထားမလဲဆိုတာ သားသမီးတွေအနေနဲ့ အမြဲကြံဆသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE