စိတ်ရောကိုယ်ပါ ကျန်းမာဖို့ မဖြစ်မနေလုပ်ရမယ့် အချက် (၅) ချက်

Image:pixabay/hatice97erol

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုတွေ ကို ထိန်းချုပ်နိုင်ဖို့ မဖြစ် မ နေ လိုအပ်တာမျိုး မဟုတ်ရင် အပြင်ကို မထွက် ဖို့ အစိုးရ အာဏာပိုင်တွေက တားမြစ်ထားတာပါ။တစ်နိုင်ငံတည်းက ဖြစ်နေတဲ့ ကိစ္စမျိုး မဟုတ်ပဲ တကမ္ဘာလုံး ဖြစ် နေတာပါ။အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါမို့ Social Distancing  လုပ်ရမယ်၊အိမ်မှာပဲ နေ ရတာ တွေ များ လာတဲ့ အတွက် တစ်ဖက်မှာလည်း လူတွေရဲ့စိတ်ကျန်းမာရေး ထိခိုက်နေရပါတယ်။အိမ်မှာပဲ Indoor နေရတာ များ လာ တော့ Stress ပိတာ၊အထီးကျန်တာတွေ ကိုခံစားလာရပြီး အဲ့ဒီ စိတ်ပြဿနာတွေက ခန္ဓာကိုယ်ရဲ့ ကိုယ် ခံအား စနစ်ကိုပါ ကျဆင်းစေပါတယ်။ဒါကြောင့် ဒီလို အချိန်မှာ စိတ်ရောကိုယ်ပါ ကျန်းမာဖို့ အတွက် နည်းလမ်း ကောင်းတွေ ကို Insider မှာ အခုလို ဖော်ပြထားပါတယ်။

နေရောင်နဲ့ ပုံမှန် ထိ တွေ့ပေးပါ

Image:unsplash /Hian Oliveira

နေ ရောင်က စိတ်ကျန်းမာရေးနဲ့ ရုပ်ကျန်းမာရေး အတွက် အ ရေး ကြီးပါတယ်။နေ ရောင်နဲ့ ထိ တွေ့တာ နည်းလာရင် ဗီတာမင်ဒီ ချို့ တဲ့ လာနိုင်ပါတယ်။အဲ့ဒီရဲ့ နောက်ဆက်တွဲ အနေနဲ့ ပင်ပန်းနွမ်းနယ် လွယ်တာ၊စိတ် အ ပြောင်းအလဲ မြန်တာ၊စိတ်ဆိုးလွယ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နေက ဗီတာမင်ဒီ အတွက် အ ကောင်းဆုံး Best Source ပါ။နေ ရောင် ကနေ ultraviolet B (UVB) တွေ က အ ရေ ပြားဆဲလ်မှာရှိတဲ့ Cholesterol  ကို ထိသွားပြီး ဗီတာမင်ဒီထုတ်ပေးတာပါ။အိမ်မှာေ နတာ များရင် နေ ရောင် နဲ့  ထိ တွေ့မှုက အရမ်းနည်းလာပြီး ဗီတာမင်ဒီ ချို့တဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။နေပူထဲကို ထွက်ပြီး နေ ခြောက် လှန်း ခိုင်းတာမဟုတ်ပါဘူး။မနက်ခင်းနေ ရောင်လေး ကို ပုံမှန် ထိ တွေ့ ပေးပါ။ဗီတာမင်ဒီချို့တဲ့လာရင် ဖြစ်တတ်တဲ့ လက္ခဏာ တွေကိုလည်း ဒီနေရာမှာ ဗဟု သုတ အနေနဲ့ ထပ်ပြီး ဝေမျှ ပေးချင်ပါတယ်။လက္ခဏာတွေ ကတော့ ပင်ပန်းလွယ်တာ၊နှေးကွေး လေးလံတာ၊ စိတ်ကျ တာ၊စိုးရိမ်ကြောင့်ကြစိတ်များတာ၊ကြွက်သားယားယံ နာကျင်တာ၊အားနည်းတာ ..တွေပါ။အဲ့လို လက္ခဏာတွေ ဖြစ်လာရင် တော့ မနက်ခင်းနေ ရောင်လေးကို ပုံမှန် ထိ တွေ့ ပေးကြည့်ပါ။ဗီတာမင်ဒီ အားဆေးတွေ စားတာ ၊ဗီတာမင်ဒီ ပါ တဲ့ အစားအစာတွေ စားတာမျိုး လုပ်ပေးကြပါတယ်။

READ
ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် သွားရည်စာ (၈) မျိုး

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Image:unsplash /Emily Sea

နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို  ပုံမှန် လုပ်ပေးပါ။ဒီလိုမျိုး အိမ်ထဲမှာပဲ နေရတာ များနေတဲ့ အချိန် မျိုး မှာဆိုရင် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို လုပ်ပေးဖို့ မဖြစ် မ နေကို လိုပါတယ်။ကိုယ်လက်လှုပ်ရှား မှု တွေ က ကိုယ်ခံအားစနစ်ကို ကောင်းလာ စေဖို့ အတွက် အ ရေးကြီး ဆုံးအရာတွေ ထဲက တစ်ခုပါ။လေ့ကျင့်ခန်းလုပ်တာက စိတ် ဖိစီးမှုကိုလည်း လျော့ကျ စေပါတယ်။

သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေ တွေနဲ့ စကားပြောပါ

ကိုဗစ် က တော့ လူတွေရဲ့ Social Life ကိုပါ ထိခိုက် စေပါတယ်။ဒါ ကြောင့် ဒီလို အချိန်မှာ ကိုယ့်ရဲ့ လူမှု ဆက်ဆံ ရေး ကို ဆက်ထိန်းထားဖို့ လိုပါတယ်။သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေ တွေနဲ့ ပုံမှန် အတိုင်း ပဲ စကား ပြော ဆို ဆက်ဆံ ပေးပါ။အဆက်အသွယ် မပြတ်ပါ စေနဲ့။ဒါမှသာ အထီးကျန်တဲ့ စိတ်တွေ က သက်သာ မှာပါ။အထီးကျန်တာ တွေ များသွားရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုပါ ထိခိုက် ပျက်စီးစေပါတယ်။ဒါကြောင့် ကိုယ်ကျန်းမာဖို့ စိတ် ကျန်းမာ ရေးကိုလဲ ကောင်းအောင်နေပါ။အထိခိုက်မခံပါနဲ့။

READ
နှုတ်ခမ်းနီအနီရောင်ကို အထာကျကျဆိုးတတ်ဖို့ ...

ဆိုရှယ်မီဒီယာ သုံးချိန်ကို ကန့်သတ်ပါ

Image: shutterstock /By WAYHOME studio

အလုပ်မရှိတာ တော့ ပျင်းလို့ ဖုန်းကိုပဲ တစ်ချိန်လုံး ပွတ် နေမယ်ဆိုတာ ကို တော့ ကိုယ်ချင်းစာ နားလည် ပေမယ့် ဖုန်းသုံးတဲ့ အချိန်ကို ကန့်သတ်တာ အကောင်းဆုံးပါ။ဆိုရှယ်မီဒီယာ သုံးတာကို လျှော့ ပါ။တက်နိုင်ရင် တော့ ခဏ လောက် Break Time လေးယူလိုက်ပါ။ဆိုရှယ်မီဒီယာပေါ်မှာ ကြားနေမြင်နေရတဲ့ စိတ်မချမ်းသာ စရာ သတင်းတွေ ကလည်း သင့်ကို စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။

အရက်သေစာ သောက်စားတာကို ရှောင်ပါ

စိတ်ဖိစီးမှုတွေ အရမ်းများလာတဲ့ အတွက် အရက်သေစာကို သောက်စားပြီး စိတ်ထွက်ပေါက်ရှာတတ်ပါတယ်။အဲ့ဒီလို မျိုးတွေကို ရှောင်ပါ။အရက်သောက်စားတာမျိုးက ကိုယ်ခံအားစနစ်ကို ထိခိုက်စေသလို အိပ်မ ပျော် တာမျိုးတွေ ကို ဖြစ် စေပါတယ်။ဒါကြောင့် ဒီလို အချိန်ကာလမှာ သောက်စားတာမျိုးကို ရှောင်ပါ။

#SHWEMOM

SHARE