ညဘက်မှာ ကောင်းကောင်းအိပ်မပျော်သူများ လုပ်သင့်တဲ့အချက် (၆)ချက်

အိပ်စက်ခြင်းက ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် များစွာသက်ရောက်မှုရှိတဲ့ အရာပါ။ အိပ်မပျော်တဲ့ရောဂါအပါအဝင် နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းတို့ ဖြစ်နေပြီဆိုရင် နေ့စဉ်ဘဝကိုပါ ထိခိုက်စေပြီး တစ်ချိန်လုံး နွမ်းနယ်နေခြင်းတွေနဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ လိုအပ်နေသူတွေအတွက် ဆောင်ရွက်သင့်တဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်..။

နေ့လည်ကျော်တာနဲ့ ကဖိန်းသောက်သုံးခြင်းကို ရှောင်ပါ

လူအများစုဟာ ကဖိန်းဓာတ်က အိပ်စက်ခြင်းကို ဘယ်လောက်တောင် ထိခိုက်စေနိုင်လဲဆိုတာ သတိမထားမိတတ်ကြပါဘူး။ ကဖိန်းဓာတ်က အိပ်ပျော်ခြင်းကို အားပေးတဲ့ အက်ဒီနိုဆင်းဓာတ်ကို အလုပ်မလုပ်စေပါဘူး။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ရည်တို့ကို နေ့လည်ကျော်တာနဲ့ မသောက်သုံးသင့်ပါဘူး။

အခန်းအပူချိန်

လေ့လာမှုအများစုက အခန်းအပူချိန် (၂၀)ဒီဂရီစင်တီဂရိတ်ခန့်ဟာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ အကောင်းဆုံး အခန်းအပူချိန်ဖြစ်ကြောင်း ဆိုကြပါတယ်။ ညဘက်မှာ ခန္ဓာကိုယ်အပူချိန် လျော့ကျခြင်းကလည်း ဦးနှောက်အိပ်ပျော်ဖို့ အချက်ပေးတာပါ။ ဒါကြောင့် အခန်းအပူချိန်ကို ညှိပါ။ ပူနွေးတဲ့ နေရာတွေက ကောင်းစွာ အိပ်မပျော်စေပါဘူး။

READ
အပျင်းထူတဲ့မမတွေမှာတွေ့ရမယ့် အပြုအမူ(၅)ချက်
Unsplash
အိပ်ပျော်ဖို့ အထောက်အကူပြုတဲ့ အစားအစာ

အမိုင်နိုအက်ဆစ် အုပ်စု tryptophan ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နို့ထွက်ပစ္စည်း၊ အစေ့အဆံ၊ စပါးပြောင်းတို့နဲ့ ပြုလုပ်ထားတဲ့ အစားအသောက်တွေ စားပေးပါ။ ကာဗိုဟိုက်ဒရိတ်နဲ့ဆိုင်တဲ့ အင်ဆူလင်တွေထွက်ပေါ်လာစေပြီး အင်ဆူလင်က tryptophan ကို ဦးနှောက်သို့ ပို့ပေးပါတယ်။ tryptophan က အိပ်ပျော်စေတဲ့ melatonin ကိုဖြစ်ပေါ်စေပါတယ်။

စိတ်သောကတွေကို အိပ်ယာထဲ သယ်မလာပါနဲ့

အိပ်ခါနီးမှာ စိတ်ညစ်စရာတွေကို မတွေးမိအောင် နေပါ။ နည်းလမ်းကတော့ မအိပ်စက်ခင် အနည်းဆုံး (၃)နာရီအလိုမှာ စိတ်ပူပန်၊ စိတ်ဖိစီးနေတဲ့ အကြောင်းတွေကို စာရွက်ပေါ်မှာ ချရေးကာ စာရွက်ကို အံဆွဲထဲ ထည့်ပိတ်ထားလိုက်ပါ။ ဒါကတော့ စိတ်ပညာနဲ့ ဆိုင်တဲ့ နည်းလမ်းဖြစ်သွားပါပြီ။ စမ်းကြည့်ပါ။

Unsplash
နှိုးစက်နာရီတွေကို မမြင်ရတဲ့ နေရာမှာ ထားပါ။

နှိုးစက်တွေက မနက်ထဖို့ ရှိရမယ်ဆိုရင် အနားမှာ ထားရမှာ ဟုတ်ပါတယ်။ ဒါပေမယ့် ကြားရတဲ့ နေရာမှပဲ ထားပြီး မြင်ရတဲ့နေရာမှာ မထားပါနဲ့။ နာရီကို မြင်နေရရင် စိတ်က ‘ငါ ဘယ်အချိန်အိပ်ပျော်မလဲ’ ‘ငါ အိပ်ဖို့ ဘယ်နှနာရီ ကျန်သေးလဲ’ စသဖြင့် လိုက်ရေတွက် နေမိပြီး ပိုအိပ်ပျော်တော့မှာ မဟုတ်ပါဘူး။

READ
Bff တွေ တစ်သက်လုံး အခင်အမင်မပျက်ဘဲ အတူတူရှိနေဖို့ ဒါလေးတွေကိုလိုက်နာပါ
အိပ်ခါနီး အယ်လ်ကိုဟော အလွန်အကျွံသောက်သုံးခြင်းရှောင်ပါ

အပေါ်မှာ ပြောခဲ့သလို ခန္ဓာကိုယ်က ပူနေရင် အိပ်ပျော်ဖို့ ခက်ပါတယ်။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ကို အပူချိန် မြင့်တက်စေတာကြောင့် အိပ်ဖို့ ပိုခက်ခဲစေပါလိမ့်မယ်။ ဒါကြောင့် အိပ်ခါနီး အယ်လ်ကိုဟောကို အလွန်အကျွံမသောက်သုံးသင့်ပါဘူး။

White (Shwemom)

Ref: mind body green

SHARE