အခုမှစသိတဲ့လူနဲ့တောင် ရင်းရင်းနှီးနှီးစကားဖောင်ဖွဲ့နိုင်မယ့် နည်းလမ်း (၉) သွယ်

[email protected]

လူတွေရဲ့တစ်ခုတည်းသော အကြောက်တရားက လူအများရှေ့ထွက်ပြီး စကားပြောရတဲ့အချိန်ပဲဖြစ်ပါတယ်။

ဒီလိုမျိုးအများပြည်သူရှေ့ထွက်ပြောရတဲ့သူဟာလည်း တစ်ကယ့်ကိုစိတ်လှုပ်ရှားရင်ခုန်နေမှာအမှန်ပါပဲ။ အများပြည်သူရှေ့မဟုတ်ပဲ တစ်ယောက်ချင်းပြောရမယ့်အခြေအနေမှာတောင် လူအခြေအနေပေါ်မူတည်ပြီး စိတ်လှုပ်ရှားနိုင်တဲ့အခိုက်အတန့်တွေရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကိုယ့်ရဲ့ကုမ္ပဏီပိုင်ရှင်ရှေ့လိုမျိုး၊ လုပ်ဖော်ကိုင်ဖက်အသစ်ရှေ့လိုမျိုး၊ မိန်းကလေး ဒါမှမဟုတ် လမ်းမှာတွေ့တဲ့လူတစ်ယောက်ကို မိတ်ဆွေဖောင်ဖွဲ့ဖို့ စကားစပြီးပြောဖို့ဆိုရင် တော်တော်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အနေအထားတစ်ခုပဲဖြစ်ပါတယ်။

ဒီလိုအနေရခက်တဲ့ အခြေအနေတွေမဖြစ်ဖို့အတွက် လူတစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုပုံ နည်လမ်းလေးတွေကို Business Insider မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

(၁) စကားအသေးအဖွဲလေးတွေကိုကျော်လိုက်ပါ။

လူတစ်ယောက်နဲ့တစ်ယောက် လမ်းမှာတွေ့လို့ စကားစပြောတော့မယ်ဆိုရင် အရမ်းကိုချိုသာလွန်းတဲ့စကား ကိုယ်သဘောကျနေတဲ့မိန်းကလေးကိုပြောသလိုမျိုး နှုတ်ခွန်းဆက်စကားနဲ့စပြီးပြောမယ်ဆိုရင်တော့ ဒါဟာ တော်တော်ဆိုးဝါးတဲ့အခြေအနေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ငြီးငွေ့စရာကောင်းတဲ့အကြောင်းအရာတွေကိုရှောင်ပြီး စကားကို လိုရင်းနဲ့အဓိပ္ပါယ်ရှိတဲ့မွေးခွန်းမျိုးမေးပြီး ပြောကြားသင့်ပါတယ်။

(၂) ထင်မြင်ချက်ကိုမေး

လူတိုင်းမှာထင်မြင်ချက်တစ်မျိုးစီရှိနိုင်ပါတယ်။ ဒါ့ကြောင့် အကြောင်းအရာတစ်ခုပြောမယ်။ ဥပမာ ဂီတအကြောင်း၊ အစားအသောက်အကြောင်း စတဲ့အကြောင်းအရာတွေကိုပြောမယ်ဆိုရင် ပြောတဲ့သူက အခြားသူတစ်ယောက်ရဲ့ ထင်မြင်ချက်ကိုပါမေးသင့်ပါတယ်။ ဒါမှလည်း တစ်ယောက်နဲ့တစ်ယောက် ရှိန်နေတာမျိုး၊ အနေခက်တာမျိုးမဖြစ်စေပဲ အကြောင်းအရာတစ်ခုကို အတူတူဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

[email protected]

(၃) အကြံဥာဏ်နဲ့အကြံပြုချက်တွေကိုတောင်းပါ။

READ
ကိုယ်ချစ်ရတဲ့သူငယ်ချင်းက ကိုယ့်မကောင်းကြောင်းတွေကို ပြောနေခဲ့သူဖြစ်မယ်ဆိုရင်...

တစ်စုံတစ်ယောက်နဲ့စကားပြောမယ့်အချိန်မှာ အဲ့ဒီလူဆီကနေ အခြေအနေအကြောင်းကြောင်းနဲ့ပတ်သက်ပြီး အကြံဥာဏ်၊ အကြံပြုချက်တွေကိုတောင်းတာကလည်း တစ်ဦးနဲ့တစ်ဦးရင်းနှီးမှုကိုတိုးပွားစေပါတယ်။

(၄) ဖြေရလွယ်တဲ့ မေးခွန်းတွေမေးပါ။

လူတစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အချိန်မှာ တစ်ဖက်လူစိတ်ရှုတ်စေမယ့် မဖြေနိုင်တဲ့မေးခွန်းမျိုးတွေ မမေးသင့်ပါဘူး။ပြောလည်းမပြောသင့်ပါဘူး။ သင်ဟာ ဒီလူတစ်ယောက်နဲ့ဆွေးနွေးချင်တယ်၊ စကားပြောချင်တယ် ဆိုရင်တော့ သူဖြေနိုင်လောက်မယ့် မေးခွန်း၊ သူပြောချင်လောက်မယ့် စကားအကြောင်းအရာတွေကို ရွေးချယ်ပြောကြားသင့်ပါတယ်။

(၅) ပတ်ဝန်းကျင်အကြောင်းပြောကြမယ်။

လူတွေဟာ ဘယ်နေရာမှာပဲရှိရှိ၊ ဘယ်ကိုပဲရောက်နေနေ၊ ပတ်ဝန်းကျင်အနေအထားပေါ်မူတည်းပြီးပြောစရာစကား တွေရှိပါတယ်။ ဒါမှမဟုတ်လည်း အစားအသောက်အကြောင်း၊ အိမ်ကိုလာတဲ့ဧည့်သည်အကြောင်း စတဲ့ အကြောင်းအရာမျိုးစုံကို ပြောလို့ရပါတယ်။

[email protected]

(၆) လတ်တလော ဘာတွေလုပ်နေလဲဆိုတာကိုလည်းမေးသင့်ပါတယ်။

ကိုယ်နဲ့နည်းနည်းသိတဲ့သူပဲဖြစ်ဖြစ်၊ အောင်မြင်ကျော်ကြားလို့ သိနေတဲ့သူတစ်ယောက်ပဲဖြစ်ဖြစ်၊ အဲ့လိုလူမျိုးတွေနဲ့ တွေ့ဆုံစကားပြောမယ်ဆိုရင် သူတို့ရဲ့အကြောင်းကို ကိုယ်ကသေသေချာချာသိထားမှရပါမယ်။ဒါမှလည်း သူတို့ကို အခုတလောဘာတွေလုပ်နေလဲ၊ ဟိုတလောကတော့ ဘယ်ပွဲကိုတက်တာမလား အဲ့လိုမေးခွန်းအကြောင်းအရာတွေနဲ့ သင်သိချင်တာတွေကိုမေးလို့ရမှာဖြစ်ပါတယ်။

(၇) စကားကို တစ်ဖက်လူပြောလို့မရအောင် ပိတ်မပြောပါနဲ့။

READ
မနက်ခင်းတွေကို လန်းဆန်းစွာ ဖြတ်သန်းနိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၅) ချက်

လူတစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့နေရာမှာ စကားကိုတစ်ဖက်လူပြောမရအောင် ပိတ်ပြီးမပြောပါနဲ့။အဲ့လို ပြောလိုက်မယ်ဆိုရင် သင်တို့ရဲ့စကားဝိုင်းဟာ စက္ကန့်ပိုင်းလောက်ပဲဖြစ်သွားပါလိမ့်မယ်။ဒါ့ကြောင့် ကိုယ်ပြောချင်တဲ့ စကားအကြောင်းအရာကို တစ်ဖက်လူလည်းလိုက်ပါပြောနိုင်ဖို့ လမ်းကြောင်းဖွင့်ပေးတတ်ဖို့လိုပါလိမ့်မယ်။

(၈) အကြောင်းအရာတစ်ခုကိုမသိပဲ ရမ်းသမ်းပြီးမမေးသင့်၊ မပြောသင့်ပါ။

ပွဲတစ်ပွဲကိုသွားမယ်ဆိုရင် အဲ့ဒီပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောဖို့အတွက် အရင်လေ့လာစုံစမ်းသင့်ပါတယ်။ ဒါမှသာ ပွဲအတွင်းထဲရောက်ရင် ပွဲထဲမှာရှိတဲ့လူတွေနဲ့ ဒီပွဲအကြောင်းကို အကြောင်းအရာတစ်ခုနဲ့ပြောဆိုနိုင် မှာဖြစ်ပါတယ်။

(၉) ကိုယ့်ရဲ့ကလေး၊ အိမ်မွေးတိရစ္ဆာန်နဲ့ဝါသနာတွေအကြောင်းလည်းပြောလို့ရ။

လူတိုင်း လူတိုင်းမှာ သူတို့အရေးတစ်ကြီးပြောဆိုကြတဲ့အကြောင်းအရာတော်တော်များများက သူတို့ရဲ့မိသားစု၊ အိမ်မွေးတိရစ္ဆာန်နဲ့ဝါသနာတွေပဲဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ခရီးသွားရတာဝါသနာပါတဲ့အလုပ်ရှင်ကို သူသွားခဲ့တဲ့ခရီးအကြောင်းမေးမြန်းပြီး စကားပြောဆိုမယ်ဆိုရင် အလုပ်ရှင်နဲ့လည်း အတော်အသင့်ရင်းနှီးသွားမှာဖြစ်သလို သင့်အနာဂတ်မှာလည်း လင်းလက်နေမယ့် ရောင်ခြည်လေးတွေရေးရေးလေး ထွက်ပေါ်လာနိုင်ပါတယ်နော်။

Thae Su

 

SHARE