လုပ်ငန်းခွင်မှာ လန်းနေပြီး အလုပ်တွေပြီးချင်ရင် ဒါလေးတွေလုပ်ကြည့်ပါ။

လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် မြင့်တက်ပြီး အောင်မြင်ဖို့ဆိုရင် ကိုယ်ကျင်လည်ရတဲ့ လုပ်ငန်းခွင်မှာ အမြဲတမ်း တက်ကြွလန်းဆန်းပြီး ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ တစ်နေ့တာ အချိန်အများစုဟာ လုပ်ငန်းခွင်မှာသာ ကုန်ဆုံးရတာ ကြောင့် စိတ်ကငြီးငွေ့၊ လေးလံထိုင်းမှိုင်းနေမယ်ဆိုရင် မိမိရဲ့လုပ်ငန်းတာဝန်တွေကို ကျေပွန်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ ခက်ခဲနေပါလိမ့်မယ်။ လုပ်ငန်းခွင်မှာ ပျော်ရွှင်လန်းဆန်းနေခြင်းဟာ အောင်မြင်တောက်ပတဲ့ အနာဂတ် ကို ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တစ်နေ့ အလုပ်သွားရမှာကို ၀န်လေးနေပြီး အလုပ်မှာ မပျော်ရွှင်နိုင်ဖြစ်နေတဲ့သူများအတွက် လုပ်ငန်းခွင်မှာ ပျော်ရွှင်လန်းဆန်းပြီး အကောင်းဆုံးသော စွမ်းဆောင်ရည်နဲ့ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်စေမယ့် နည်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။

အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲထားပါ။

ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင် အလုပ်မှာ အာရုံစိုက်ဖို့ ခက်ခဲနိုင်သလို၊ ပျော်ရွှင်တက်ကြွနေဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း လူတိုင်း၊ ပုဂ္ဂိုလ်တိုင်းမှာ ကိုယ်ရေးကိုယ်တာ ပြဿနာ အနည်းနဲ့အများဆိုသလို ရှိတတ်ကြတာကြောင့် မိမိရဲ့ကိုယ်ရေးကိုယ်တာကို အလုပ်ချိန်ပြင်ပမှာ အကောင်းဆုံး တတ်နိုင် သလောက် ဖြေရှင်းထားသင့်ပြီး လုပ်ငန်းခွင်ကို ရောက်တဲ့အခါမှာတော့ အလုပ်ထဲမှာသာ နှစ်မြုပ်ထားပြီး အာရုံစူးစိုက် ထားသင့်ပါတယ်။ အလုပ်ချိန်မှာ အလုပ်နဲ့ ပတ်သက်တာကိုသာ တွေးတော၊ စူးစိုက်ခြင်းအားဖြင့် မြင့်မားတဲ့ စွမ်းဆောင် ရည်ကို ရရှိနိုင်ပြီး အဲ့ဒီ့အချက်ကြောင့်ပဲ လုပ်ငန်းခွင်မှာ လန်းဆန်းတက်ကြွပြီး ပျော်ရွှင်နိုင်ပါလိမ့်မယ်။

မိမိခုံနေရာလေးကို နေချင့်စဖွယ် ပြင်ဆင်ပါ။

ရုံးက ခုံပေါ်မှာ ထိုင်အလုပ်လုပ်ရပြီး ကုန်ဆုံးတဲ့အချိန်ဟာ တစ်ခါတစ်ရံမှာ ကိုယ့်အိမ်က အိပ်ရာထဲမှာ အိပ်ရတဲ့အချိန် ထက် ကြာရှည်နေတတ်ပါတယ်။ တစ်နေ့တာရဲ့ အချိန်အများစုကို ကုန်ဆုံးရတဲ့ မိမိရဲ့အလုပ်ခွင်နေရာကို စိတ်လန်းဆန်း နေအောင်၊ နေချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်မွမ်းမံထားသင့်ပါတယ်။ ကုမ္ပဏီက ခွင့်ပြုထားတဲ့ အတိုင်းအတာတစ်ခုထိ မိမိကိုယ်ကို သက်သောင့်သက်သာဖြစ်ပြီး စိတ်လန်းဆန်းပျော်ရွှင်စေမယ့် ပတ်ဝန်းကျင်လေးကို ဖန်တီးထားနိုင်ပါတယ်။ ဥပမာ – ထိုင်ရသက်သာစေမယ့် နောက်မှီခေါင်းအုံးလေးတွေ ထားရှိခြင်း၊ စိတ်လန်းဆန်းစေမယ့် အပင်ငယ်လေးတွေ အလုပ်စားပွဲပေါ် ထားရှိခြင်း စတာတွေကို ကိုယ့်စိတ်ကူးလေးနဲ့ ကုမ္ပဏီစည်းမျဉ်းအတိုင်း ပြုလုပ်ဖန်တီးနိုင်ပါတယ်။

READ
အသားအရေလှတဲ့ ကောင်မလေးဖြစ်စေမယ့် လျှို့ဝှက်ချက်များ

စာရင်းဇယားနဲ့ စနစ်တကျ ပြုလုပ်ပါ။

လူအများစု လုပ်ငန်းခွင်မှာ မပျော်ရွှင်ဘဲ လေးလံထိုင်းမှိုင်းရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ အလုပ်တာဝန်တွေကို အချိန်နဲ့ စနစ်တကျ စီမံခန့်ခွဲပြီး မလုပ်မိကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်နဲ့အမျှ စွမ်းဆောင်ရည် မြင့်မားပြီး အလုပ်ပြီး မြောက်ဖို့အတွက် အချိန်ဇယား၊ စာရင်းဇယားလေးတွေနဲ့ စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ဆောင်သင့်ပါတယ်။ စိတ်ဓာတ် တက်ကြွစွာနဲ့ လုပ်ဆောင်နိုင်ခြင်းဟာ အလုပ်ပြီးမြောက်အောင်မြင်မှုကနေ အခြေတည်ပါတယ်။ မိမိလုပ်ငန်းတာဝန်တွေ ကို ကောင်းမွန်စွာ စီမံထိန်းချုပ်နိုင်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး စိတ်ကျေနပ်ပျော်ရွှင်စေကာ တက်ကြွလန်းဆန်းစေ ပါတယ်။

လှုပ်လှုပ်ရှားရှား နေပါ။

ရုံးလို လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ရသူ အများစုဟာ အထိုင်လုပ်ရတာ များတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ညောင်းညာလေးလံပြီး ထိုင်းမှိုင်းနှေးကွေးခြင်းကို ခံစားရတတ်ပါတယ်။ မိမိရဲ့စိတ်ခံစားမှုရော ကျန်းမာရေးကိုပါ အထောက်အကူပေးနိုင်ဖို့ အားလပ်ချိန်တွေနဲ့ အချို့သော အချိန်တွေမှာ ရုံးအတွင်း လမ်းလျှောက်ပေးတာမျိုးလို လှုပ်ရှားမှု လေးတွေ ပြုလုပ်ပေးခြင်းအားဖြင့် စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ပေါ့ပါးတက်ကြွနေနိုင်ပါလိမ့်မယ်။

မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ပါ။

ရုံးချိန်အတွင်းမှာ လန်းဆန်းတက်ကြွပြီး ပျော်ရွှင်နေဖို့အတွက် အလိုအပ်ဆုံး အရာတစ်ခုကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ပဲ ဖြစ်ပါတယ်။ မိမိရဲ့ စွမ်းဆောင်ရည်၊ အလုပ်ပြီးမြောက်မှု စတာတွေမှာ ကိုယ့်ကိုယ်ကို အားရကျေနပ်နေမှ သာလျှင် စိတ်ကျေနပ်ပြီး လုပ်ငန်းခွင်မှာ ပိုမိုတက်ကြွလာနိုင်မှာ ဖြစ်ပါတယ်။ အလားတူပဲ အသင်းအဖွဲ့နဲ့အတူ လှုပ်ရှား လုပ်ကိုင်ရာမှာ မိမိကိုယ်ကို ယုံကြည်မှုရှိနေဖို့လည်း လိုအပ်ပါတယ်။ မိမိရဲ့ အသင်းအဖွဲ့၊ အထက်အရာရှိစတဲ့သူတွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါ၊ အစည်းအဝေးပွဲတွေ ပြုလုပ်တဲ့အခါ အများကြားမှာ မိမိကိုယ်ကို ယုံကြည်မှုရှိနေဖို့ ခန္ဓာကိုယ်က အနံ့ဆိုးတွေနဲ့ ချွေးနံ့တွေ ထွက်မနေအောင်လည်း အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ ချွေးနံ့တထောင်းထောင်းနဲ့ ကိုယ်နံ့ပြင်း တတ်သူတွေဟာ လုပ်ငန်းခွင်လို လူအများကြားမှာ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ကိုယ်သင်းနံ့ကို အထူးဂရုစိုက်ထိန်းသိမ်းဖို့ ချွေးနံ့ပျောက်ဆေး (Deodorant)ကောင်းကောင်းကို သုံးစွဲသင့်ပါ တယ်။ လက်ရှိဈေးကွက်ထဲမှာ နာမည်ကောင်းရနေတဲ့ ချွေးနံ့ပျောက်ဆေး (Deodorant) တစ်ခုကတော့ Rexona Deodorant ပဲ ဖြစ်ပါတယ်။ Rexona ဟာ (၄၈)နာရီကြာအောင် မွှေးရနံ့သင်းပျံ့နေစေပြီး ချိုင်းကြားအသားအရေကို ခြောက်သွေ့နေစေကာ လှုပ်ရှားလိုက်တိုင်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လန်းဆန်းနေစေတယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်မှာ တက်ကြွလန်းဆန်းနေစေဖို့ မိမိရဲ့စွမ်းဆောင်ရည်နဲ့ ကိုယ်သင်းရနံ့တို့ကို ကောင်းမွန်အောင် ထိန်းသိမ်းပြီး မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်သင့်ပါတယ်။ ဖော်ပြပေးခဲ့တဲ့ အကြံပေးချက်လေးတွေနဲ့ လုပ်ငန်းခွင်မှာ အဆင်ပြေ ချောမွေ့ပြီး ပျော်ရွှင်လန်းဆန်းစွာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

READ
စွန့်စားခရီးသွားရတာ နှစ်သက်သူများအတွက် ဗီယက်နမ်နိုင်ငံက ရင်သပ်ရှုမောဖွယ်နေရာများ

Sponsored by Rexona

SHARE