အရက်သောက်ချင်စိတ် ပြင်းပြမှုကို ထိရောက်စွာတားဆီးနိုင်မယ့် အကြံပြုချက်(၄)ချက်

Freepik- katemangostar

အရက်သောက်တာ မကောင်းတဲ့အကျင့်လို့တော့ မပြောချင်ပေမယ့်လို့ အလွန်အကျွံသောက်သုံးတဲ့အခါမျိုးကျရင်တော့ ခန္ဓာကိုယ်ရဲ့ကိုယ်တွင်းကလီစာတွေအတွက် ဘယ်လိုကောင်းကျိုးမှ ဖြစ်လာစေမှာမဟုတ်ပါဘူး။ ဒီတော့ အရက်လျှော့သောက်ဖို့ စဉ်းစားထားတယ်ဆိုရင် ဒါမှမဟုတ် အရက်ဖြတ်နေတဲ့အချိန်မျိုးမှာ သင့်အနေနဲ့  အရက်သောက်ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ရင် ဖြေရှင်းဖို့ါအတွက် နည်းလမ်းလေး (၄) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Freepik- beststudio

အစားထိုးစရာရှာပါ

ဦးနှောက်ကို လှည့်စားဖို့အတွက် အရက်အစား သောက်စရာတစ်ခုခုကိုရှာပါ။ ဥပမာ black coffee ဖြစ်ဖြစ် အသီးဖျော်ရည်တစ်ခုခုဖြစ်ဖြစ်ပေါ့။

လေ့ကျင့်ခန်းလုပ်ပါ

အရက်သောက်ချင်စိတ် ရုတ်တရက်ဖြစ်ပေါ်လာတဲ့အချိန်မှာ ချွေးထွက်များစေပြီး ခန္ဓာကိုယ်ပင်ပမ်းစေမယ့် လေ့ကျင့်ခန်းတစ်ခုခုကိုထလုပ်လိုက်ပါ။ ဥပမာ ပြေးလိုက်တာပဲဖြစ်ဖြစ်ပေါ့။ အရက်သောက်ချင်စိတ် လုံးဝပျောက်ကင်းသွားမှာပါ။

Freepik- beststudio

တစ်ခုခုထစားလိုက်ပါ

တစ်ခုခုစားလိုက်ခြင်းဟာ ဦးနှောက်ကဖြစ်ပေါ်တာတဲ့ တောင့်တမှုတွေကို အာသာပျြေောက်ဖို့ တွန်းအားပေးပါတယ်။ Cheese တို့လို အဆီအစိမ့်တွေ စားနိင်သလို စပ်လွန်းတဲ့ အစားအစာတွေကိုလည်း စားပေးနိုင်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

READ
ကိုယ်ဝန်ဆောင်ချိန်မှာသုံးတဲ့ပစ္စည်းတွေက ကလေးပေါ်သက်ရောက်မှုရှိနိုင်တယ်လို့ဆို

၁ မိနစ်လောက် မျက်လုံးကိုပိတ်၊ ငြိမ်ငြိမ်လေးနေပြီးတော့ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။နှာခေါင်းနဲ့ရှူ၊ ပါးစပ်နဲ့ လေပြန်မှုတ်ထုတ်ပါ။ သင့်စိတ်တွေ တည်ငြိမ်သွးပါလိမ့်မယ်။

Freepik- jcomp

penny

SHARE