ကိုယ့်ချစ်သူကို ဘယ်လိုဓာတ်ပုံလှလှလေး ရိုက်ပေးမလဲ

မိန်းကလေးအများစုက ဓာတ်ပုံအရိုက်ခံရတာကို သဘောကျသလို ပုံကောင်း၊ ပုံလှလေးတွေဆိုရင်လည်း အမှတ်တရသိမ်းဆည်း တတ်ရုံသာမက နှစ်သက်သဘောကျစွာ အမြဲတမ်းထုတ်ထုတ်ကြည့်တတ်ကြပါတယ်။ သူတို့ချစ်သူ ဆိုရင်လည်း သူတို့အတွက် အများကြီး မဖြည့်ဆည်းပေးနိုင်ရင်တောင်မှ ဓာတ်ပုံလှလှလေးတော့ရိုက်တတ်စေချင်ကြပါ တယ်။

အခုဆို facebook လို လူမှုကွန်ရက်တွေကလည်း အသုံးတွင်ကျယ်လာကြတော့ ကိုယ့်ရဲ့ profile ပုံလှလှလေးတွေ အတွက် ဓာတ်ပုံရိုက်ဖို့ ပဲ စဉ်းစားနေတတ်ကြပါတယ်။များသောအားဖြင့် မိန်းကလေးတွေအတွက် ဖုန်းကင်မရာက သူတို့ အတွက် အကောင်းဆုံးမိတ်ဆွေပါပဲ။ဘာဖြစ်လို့လဲဆိုတော့ အချိန်မရွေး၊နေရာမရွေး သူတို့စိတ်ကြိုက် ဓာတ်ပုံလှ လှလေးတွေ ရိုက်နိုင်လို့ပါပဲ။ချစ်သူနဲ့အတူရှိနေတဲ့အချိန်တွေမှာတော့ ကိုယ့်ချစ်သူကို ဓာတ်ပုံရိုက်ခိုင်းတတ်ကြပါတယ်။အဲဒီ အခါ သင့်အနေနဲ့ ဓာတ်ပုံပညာနဲ့ပတ်သက်ပြီး နည်းနည်းပါးပါး တီးမိခေါက်မိလောက် ရှိထားမယ်ဆိုရင် သင့်ကောင်မလေး ရဲ့ အားကိုးတကြီး ချီးကျူးဂုဏ်ယူခြင်းကို ခံရမှာပါ။

အမှတ်တမဲ့ပို့စ်

သင့်ကောင်မလေးကို ဓာတ်ပုံရိုက်ပေးမယ်ဆိုရင် စကားပြောခြင်း၊ရယ်မောခြင်း၊ အစားအသောက်စားခြင်း စသဖြင့် အမှတ်တမဲ့ ရှိနေတဲ့ အချိန်လေးတွေမှာ ရိုက်ပေးပါ။ကင်မရာကို ကြည့်ပြီး အိုက်တင်ပေးနေတဲ့ ပို့စ်လေးတွေထက် လျှပ်တပြတ် အမှတ်တမဲ့ ရိုက်ချက်လေးတွေက ပတ်ဝန်းကျင်ရဲ့အနေအထား၊ သဘာဝကျကျ လှုပ်ရှားမှုလေးတွေ ကို ပေါ်လွင်စေပါတယ်။သင့်ကောင်မလေးက ကင်မရာနဲ့ ဓာတ်ပုံအရိုက်ခံရမှာ ရှိုးတို့ရှန်းတန့် ဖြစ်နေတတ်တာမျိုး က သဘာဝကျတဲ့ ပုံလေးတွေရဖို့ ပိုပြီးလွယ်ကူပါတယ်။

READ
သင်စိတ်ဝင်စားတဲ့သူကGayဖြစ်နေလားဆိုတာ သိနိုင်တဲ့အချက်(၅)ချက်

သူမအလှဆုံးပြုံးချိန်

သင့်ချစ်သူအနေနဲ့ ဘယ်လို အချိန်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးတတ်သလဲ၊ သူမအလှပြုံးတဲ့အချိန်မှာ သင့်အနေနဲ့ အမိအရ ဓာတ်ပုံရိုက်ယူထားနိုင်ပြီဆိုရင်တော့ သင့်ကောင်မလေးကို ဓာတ်ပုံလှလှ လက်ဆောင်ပေးလို့ရပါပြီ။တကယ်လို့ သူမပြုံး တဲ့အချိန်ကိုမစောင့်နိုင်ဘူးဆိုရင်တော့ သင်ကိုယ်တိုင် ရယ်စရာဟာသလေးတွေပြောပြနိုင်ပါတယ်။

nice-girl-pic-23

နတ်သမီးလေးလို

သင်ချစ်ရတဲ့သူဖြစ်တဲ့ အတွက် သူမကို သင့်ရဲ့ နတ်သမီးလေးတစ်ပါးလို သတ်မှတ်ထားရင်တော့ သူမဟာ ဓာတ်ပုံထဲ မှာတင်မကဘဲ သင့်မျက်လုံးထဲမှာ လှနေမှာပါ။ဓာတ်ပုံရိုက်တဲ့အခါမှာလည်း သင့်ကောင်မလေးကို နတ်သမီလေး တစ်ပါး လို လှပအောင် ဘယ်လိုရိုက်ရမယ်ဆိုတာ စဉ်းစားမိရင် သူမ နှစ်သက်သဘောကျတဲ့ ဓာတ်ပုံလှလှလေးတွေထွက်လာ မှာပါ။

အင်္ကျီအ၀တ်အစား ပြင်ဆင်ချိန်

မိန်းကလေးအများစုက အမျိုးအစားကောင်းတဲ့ ၀တ်စုံကို ၀တ်ရတာထက် သူတို့အတွက် သေချာပြင်ဆင်ပေးထားတဲ့ ၀တ်စုံကို ၀တ်ရတာ ပိုသဘောကျနှစ်သက်တတ်ကြပါတယ်။သူတို့ကိုယ်တိုင်လည်း အချိန်ကုန်ခံပြီး ပြင်ဆင်ချုပ်လုပ်တတ် ကြပါသေးတယ်။ဒါကြောင့် သင့်အနေနဲ့ သူမနဲ့အတူ ဈေးဝယ်ထွက်ခြင်းအားဖြင့် အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်း ရွေးချယ်နေချိန်မှာ ဓာတ်ပုံရိုက်ပေးနိုင်ပါတယ်။ဒါ့အပြင် သူမကို ဘယ်လိုအ၀တ်အစား၊ ဘယ်လို ဒီဇိုင်းနဲ့လိုက်ဖက်တယ်ဆိုတာ အကြံပေးပါ။

READ
စိတ်ဝင်စားတဲ့ကောင်မလေးနဲ့ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ဆောင်ရန်ရှောင်ရန်များ

အရောင် သုံးတဲ့အခါ

သင့်အနေနဲ့ ပန်းချီဆေးရောင် ဒါမှမဟုတ် အရောင် တွေရဲ့အကူအညီကိုယူပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။ပန်းချီဆေးရောင် လိုအရောင်မျိုးကတော့ စိတ်ခံစားချက်ကို ပိုပြီး ပေါ်လွင်စေပါတယ်။သင့်ကောင်မလေးကို ဆေးရောင်စုံ ဂါဝန်၊ ၀တ်စုံမျိုး ၀တ်စေတာမျိုး၊ ပန်းပွဲတော်လိုမျိုး၊ မီးရှူးမီးပန်း၊ ဆေးရောင်စုံ ပန်းချီကား စတာတွေက သင့်အတွက်   ပုံကောင်းပုံလှ ရဖို့ အထောက်အကူဖြစ်စေမှာပါ။

1 (1)

ဆန်းသစ်တီထွင်မှု

သဘာဝပတ်ဝန်းကျင်ရဲ့ ကို နောက်ခံ ထားပြီး သင့်အနေနဲ့ ဆန်းသစ်တီထွင်မှုတွေပြုလုပ်နိုင်ပါတယ်။ဥပမာ ပန်းခင်း၊ ပူဖောင်း၊ ထီးရောင်စုံ ၊မိုးရွာနေချိန်၊ ဖယောင်းတိုင်မီး စသဖြင့် ဒီလို လှပတဲ့ သဘာဝအလှတရားတွေကို နောက်ခံထားပြီး သင့်ချစ်သူအတွက် ဓာတ်ပုံ လှလှလေးတွေဖန်တီးပေးလို့ရနိုင်ပါတယ်။

ဓာတ်ပုံအခြေခံပညာ

ပုံကောင်းပုံလှရဖို့ သင့်အနေနဲ့ ပရော်ဖက်ရှင်နယ်ကျကျ မစွမ်းဆောင်နိုင်သေးဘူးဆိုရင်တောင် ဓာတ်ပုံအခြေခံ ပညာ လောက်တော့သိထားသင့်ပါတယ်။ Composition,Symmetry,Exposure စတဲ့အခြေခံ သဘော တရား တွေ ကိုနားလည်ထားရင် သင့်ချစ်သူ ရဲ့ လက်စွဲတော် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်နိုင်ပါပြီ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE