နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ ကျို့တို့ကျဲတဲဘဝကနေ လွတ်မြောက်စေဖို့ နည်းလမ်းများ

Freepik- wayhomestudio

အမျိုးသားမှန်ရင် မျက်နှာမှာရှိနေတဲ့ နှုတ်ခမ်းမွှေးတို့၊ မုတ်ဆိတ်မွှေးတို့ ထူထဲချင်တတ်ကြတာ ထုံးစံပါပဲ။ အပြောင်ရိတ်ကာမှသာရိတ်ရော အရှည်ထားတဲ့အခါကျရင် နှုတ်ခမ်းမွှေးတွေ၊ မုတ်ဆိတ်မွှေးတွေ ကျို့တို့ကျဲတဲနဲ့ဆို ကြည့်မလှဘူးနော်။ ဒါကြောင့် ထူထူသိပ်သိပ်နဲ့ လှလှပပ ပေါက်စေဖို့အတွက် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Freepik- drobotdean

(၁) အသားအရေကိုထိန်းသိမ်းပါ

အမွှေးနဲ့ အသားအရေနဲ့ ဘာဆိုင်လို့လဲလို့ မေးခွန်းထုတ်မယ်မှန်းကြိုသိပါတယ်။ မျက်နှာမှာရှိတဲ့ အမွှေးအမျှင်တွေဟာ အသားခြောက်တဲ့လူတွေမှာဆိုရင် ပါးတတ်ကြပါတယ်။ ဒါကြောင့် မျက်နှာကို အစိုဓာတ်ပြည့်ဝနေစေဖို့အတွက် moisturizer လိမ်းပါ။ ပုံမှန်ချေးချွတ်ပေးပါ။ ချေးချွတ်ပေးလိုက်ရင် ချွေးပေါက်တွေ ပွင့်လာစေပြီး မွှေးညှင်းပေါက်တွေကိုပါ လမ်းပွင့်စေပါတယ်။

Freepik- teksomolika

(၂) ချွေးများများထွက်မယ့် လေ့ကျင့်ခန်းလုပ်ပါ

ကာဒီရိုတို့၊ ဘောက်စင်တို့၊ အပြေးလေ့ကျင့်တာတို့လိုမျိုး ချွေးအများကြီးထွက်တဲ့ လေ့ကျင့်ခန်းတွေဟာ သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။ ဒီလိုအချိန်မျိုးမှာ အမွှေးတွေကို ပိုသန်စေဖို့ လိုအပ်တဲ့ ဓာတ်နဲ့ ဟော်မုန်းတွေကို ထုတ်လွှင့်ပေးတာမလို့ လေ့ကျင့်ခန်းလုပ်ပေးတာလည်း နည်းလမ်းတစ်မျိုးပါပဲ။

(၃) ဆံပင်အတိုင်း သန့်ရှင်းရေးလုပ်ပါ

READ
ထူးခြားတဲ့ နှာခေါင်းလေးကြောင့် ချစ်သူတွေဝိုင်းဝိုင်းလည်နေတဲ့ ခွေးလေးဝီလီ

မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးနဲ့ ပါးသိုင်းမွှေးတို့ကို ရှည်ရှည်ထူထူရှိနေတဲ့လူတွေဟာ ဆံပင်အတိုင်းပဲ ခေါင်းလျှော်ရည်နဲ့လျှော်ပြီး ပေါင်းဆေးတွေဘာတွေ သုံးပေးရမှာပါ။ မဟုတ်ရင် အမွှေးတွေပါးပြီး ကျွတ်လာနိုင်ပါတယ်။

Freepik- senivpetro

(၄) ပုံမှန်လေးညှပ်ပြီး ပုံသွင်းပါ

မိန်းကလေးတွေရဲ့ ဆံပင်လိုပါပဲ။ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွှေးတို့ရဲ့ အဖျားလေးတွေကို ကျွမ်းကျင်ပညာရှင်နဲ့ သေချာလေး ပုံမှန်ပုံသွင်းပေးမယ်ဆိုရင် အရှည်မြန်လာစေမှာဖြစ်ပါတယ်။

(၅) လိုအပ်တဲ့ဆေးဝါးများ

ဗီတာမင် B, D နဲ့ E, biotin, copper, zinc, magnesium, iron စတဲ့ဓာတ်တွေဟာ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွှေးအပြင် ဆံပင်သန်စွမ်းမှုကိုပါ အားပေးတာကြောင့် ဒီဓာတ်တွေပါတဲ့ အစားအသောက် သို့မဟုတ် ဖြည့်စွက်ဆေးဝါးတွေကို မှီဝဲနိုင်ပါတယ်။ ဒီအပြင် ပါးသိုင်းမွှေးအတွက် သီးသန့်ထုတ်ထားတဲ့ serum တွေ၊ ဆီတွေကိုလည်း သုံးဖို့ ဝန်မလေးပါနဲ့။

penny

SHARE