ဒဏ်ရာရှိခြင်းအပေါ် ရေခဲထုပ် တင်သင့်/မတင်သင့် ဆေးပညာအမြင်

မျက်မှောက်ခေတ်မှာ အများသူငါ မြင်တွေ့ရလေ့ရှိတဲ့အတိုင်း ထိခိုက်ဒဏ်ရာရတဲ့ခါ ရေခဲကြပ်ထုပ် တင်ပြီး ကုသကြလေ့ရှိပါတယ်။ အားကစားသမားတွေ၊ လက်ဝှေ့သမားတွေ၊ စက်ဘီးဆိုင်ကယ် အစရှိတဲ့ အားကစားသမားတွေ ဒဏ်ရာရတဲ့အခါတိုင်း ရေခဲထုပ်ထင်တဲ့ ဓလေ့ကို ကျွန်တော်တို့တစ်တွေ ရုပ်သံမှာ မြင်တွေ့ခဲ့ရဖူးပြီးလည်း ဖြစ်ပါလိမ့်မယ်။ နာကျင်တဲ့ ကြက်သားတွေပေါ်မှာ ရေခဲအုပ်တဲ့ဓလေ့ဟာ 1978 ခုနှစ်နောက်ပိုင်းမှာ ထွန်းကားလာတဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အားကစားနဲ့ကာယပညာဆိုင်ရာ ရောဂါသည်တွေကို သီးသန့်ခွဲစိပ်ပေးခဲ့ရတဲ့ ပါမောက္ခတွေရဲ့ ဆေးနွေးချက်အရမှာတော့ ဒဏ်ရာတွေအပေါ်မှာ ရေခဲထုပ်တင်ခြင်းဟာ ဒဏ်ရာကို အမှန်တကယ်ပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိဘဲ၊ နောင်တစ်ချိန်မှာ အခြေအနေကို ပိုမိုဆိုးဝါးစေကြောင်း ဆွေးနွေးခဲ့ပါတယ်။ Dr. Mirkin က ” ဒဏ်ရာပေါ်မှာ ရေခဲထုပ် တင်ခြင်းဟာ ခဏပန်းအရတော့ ပျောက်ကင်းသယောင် ရှိပါတယ် … ဒါပေမယ့် ဆိုးကျိုးအနေဲ့ကတော့ ရေခဲက သွေးကြောတွေကို ပိတ်စို့လိုက်ပြီး နောင်တစ်ချိန် ခွဲစိပ်ကုသတဲ့အခါမျိုးမှာ အခက်အခဲတွေ အများကြီးပေးပါတယ် … ရေခဲက သွေးကြောတွေကိုတင် ပိတ်စို့တာ မဟုတ်ပဲ … ဒဏ်ရာကြောင့်ဖြစ်ပေါ်လာတဲ့ သွေးတွေကိုလည်း ခဲသွားစေပြီး … မာကျောတဲ့ သွေးခြေဥတွေကို ဖြစ်ပေါ်စေပါတယ် … ဒါဟာ ရေရှည်အတွက် မကောင်းနိုင်ပါ “လို့ ဆေးနွေးခဲ့ပါတယ်။

American Academy of Orthopaedic Surgeons နဲ့ the American Orthopaedic Foot and Ankle Society တို့မှာ မန်နေဂျင်းဒါရိုက်တာ တာဝန်ကို ထမ်းဆောင်နေတဲ့ Dr. James Gladstone က သူရဲ့ အတွေ့အကြုံကို ပြောပြရမှာတော့ ” ဒဏ်ရာပေါ်ကို ရေခဲတင်ခြင်းဟာ မကောင်းပါဘူး … ဒါပေမယ့် ရေခဲဟာ သွေးထွက်လွန်မှုကို ကာကွယ်ပေးတယ်၊ နာကျင်မှုကို မဖြစ်စေဘူး၊ သွေးတိတ်စေတယ်ဆိုတဲ့ အကျိုးကျေးဇူးတွေကို ပေးပါတယ် … တကယ့်တကယ် သွေးအရမ်းထွက်လွန်းနေတဲ့ အရေးပေါ်လူနာလိုဟာမျိုးကိုတော့ သွေးတိတ်ဖို့အတွက် ရေခဲ့ကို သုံးသင့်ပါတယ် … ရိုးရိုးအပေါ်ယံဒဏ်ရလောက်ကတော့ ရေခဲကို မသုံးသင့်ပါဘူး … အကြောင်းကတော့ ရေခဲဟာ သွေးကြောတွေကို ပိတ်စို့လိုက်တဲ့အပြင် … ရရှိတဲ့ဒဏ်ရာကို နာတာရှည်ရောဂါအထိ ဖြစ်စေနိုင်လို့ ဖြစ်ပါတယ် အားကစားသမားတွေရဲ့ ကာလရှည်ဒူးဒဏ်ရာလို ဟာမျိုးပေါ့ … ဒါဟာ ရေခဲကို အလွန်အကျွံသုံးခဲ့ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

READ
မျက်ကပ်မှန်တပ်ပြီး ရေချိုးလိုက်လို့ မျက်လုံးကန်းသွားတဲ့ အမျိုးသားရဲ့ အဖြစ်

နတ်စည်တော် (Shwemom)

sm

SHARE