မှတ်ဥာဏ်အရည်အသွေး တိုးတက်လာစေမယ့် နည်းလမ်းလေးတွေ

Businesswoman with sticky note on forehead

မေ့တတ်တဲ့သူတွေနဲ့ ကြုံဖူးလား။ အိမ်က အလုပ်ကိုသွားပြီဆိုရင် ပစ္စည်းတစ်ခုခုကို အမြဲမေ့နေတတ်သူတွေ။ နေ့စွဲတွေ၊ နှစ်ပတ်လည်နေ့တွေ မေ့နေတတ်သူတွေ။ အမျိုးမျိုးရှိကြပါတယ်။ ကိုယ်တိုင်လည်း တစ်ခုခုကို မေ့တတ်တဲ့သူမျိုးဖြစ်ကောင်း ဖြစ်နေနိုင်တယ်လေ။ ဒီတော့ မှတ်ဥာဏ်အရည်အသွေး တိုးတက်ကောင်းမွန်လာစေဖို့ လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

flickr

(၁)။ ဥာဏ်စမ်းဂိမ်းတွေ ကစားပါ

……………………………………

Sudoku လိုဟာမျိုးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြားဥာဏ်စမ်းဂိမ်းတွေထဲက တစ်ခုခုကို ကစားနေခြင်းက သင့်ရဲ့ မှတ်ဥာဏ်စွမ်းအားကို မြင့်တက်လာစေပါလိမ့်မယ်။ တူရိယာပစ္စည်း တစ်ခုခုကို တီးခတ်ဖို့ လေ့ကျင့်တာ၊ ဒါမှမဟုတ် သီချင်းဆို လေ့ကျင့်တာမျိုးကလည်း သင့်ရဲ့မှတ်ဥာဏ်အတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။

(၂)။ လူမှုဆက်ဆံရေးကောင်းမွန်အောင်လုပ်ပါ

…………………………………………………..

သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတွေနဲ့ အရောတ၀င် နေနိုင်ခြင်းကလည်း သင့်ရဲ့ မှတ်ဥာဏ်ကို အထောက်အကူ ပြုပါလိမ့်မယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုတွေက ကိုယ့်ရဲ့ မှတ်ဥာဏ်တွေကို အောက်ဆုံးထိရောက်အောင် ဆွဲချသွားနိုင်တာမို့ လူအများကြီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိအောင် လုပ်ထားသင့်ပါတယ်။

READ
နယ်သာလန်မှ ကားလမ်းမရှိတဲ့မြို့လေးတစ်မြို့အကြောင်း

(၃)။ မှတ်စုထားတဲ့အကျင့်လုပ်ပါ

……………………………………..

တစ်နေ့တာ လုပ်စရာကိစ္စတွေ၊ ဒါမှမဟုတ် မထင်မှတ်ပဲ တွေးမိတဲ့ ကိစ္စတွေဆိုရင် မှတ်စုစာအုပ်လေး တစ်အုပ်မှာ ရေးမှတ်ထားတာမျိုးကလည်း သင့်ရဲ့ မေ့လျော့တတ်တဲ့ မှတ်ဥာဏ်တွေအတွက် အထောက်အကူ ဖြစ်ပါတယ်။ အဲဒီအကျင့်လေးက တဖြည်းဖြည်း အသားကျသွားတာနဲ့ သင့်ရဲ့ တစ်နေ့တာ ကိစ္စတွေကို မမေ့မလျော့ပဲ လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

edition.cnn.com

(၄)။ အိပ်ရေး၀၀ အိပ်ပါ

………………………………

အိပ်ရေးပျက်ခြင်းကလည်း သင့်ရဲ့ မှတ်ဥာဏ်တွေကို ဒုက္ခပေးနိုင်ပါသေးတယ်။ တစ်ခုခုကို ပြန်လည်အမှတ်ရဖို့ စဉ်းစားတဲ့အခါ အိပ်ရေးမ၀ခြင်းက သင့်ရဲ့ မှတ်ဥာဏ်တွေကို ပျောက်ကွယ်စေမှာပါ။ လူငယ်တွေ အတွက်တော့ တစ်နေ့ကို (၇) နာရီကနေ (၉) နာရီလောက်အထိ အိပ်ချိန်ယူသင့်ပါတယ်။

Photo: Jennifer Causey (cookinglife.com)

(၅)။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ စားပါ

………………………………………………………

အသီးအရွက်တွေ (ဒါမှမဟုတ်) အဆီနည်းတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ရုံသာမကပဲ သင့်ရဲ့ မှတ်ဥာဏ်စွမ်းရည် တိုးတက်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

READ
သူနာပြုဆရာမတွေပြောပြတဲ့ သရဲတစ္ဆေများအကြောင်း Part (5)

သင်ဟာ အရက်အလွန်အကျွံ သောက်တတ်တဲ့ လူတစ်ယောက်ဆိုရင်တော့ မှတ်ဥာဏ်ပျောက်ဆုံးမှုတွေ၊ စဉ်းစားရခက်မှုတွေနဲ့ မကြာခဏဆိုသလို ကြုံရမှာမို့ အရက်သောက်ခြင်းကိုလည်း လျော့ချသင့်ပါတယ်။

healthcuretips.com

 

(၆)။ ကာယလေ့ကျင့်ခန်းတွေ လုပ်ပါ

………………………………………….

လမ်းလျှောက်တာ၊ အေရိုးဗစ်ကစားတာနဲ့ ရွရွပြေးတာတွေ ပုံမှန်လုပ်ဆောင်ခြင်းကလည်း သင့်ရဲ့မှတ်ဥာဏ် တိုးတက်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ကာယလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်တာ၊ ယောဂ ကစားတာတွေကနေပြီးတော့ သင့်ရဲ့ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒါက ခန္ဓာကိုယ်အတွက် အရေးပါသလို ဦးနှောက်အတွက်လည်း အများကြီး အထောက်အပံ့ပေး ပါလိမ့်မယ်။

Linn

Source : Wikihow

 

SHARE