သို့ … ခြေထောက်တစ်ချောင်း

ကျွန်တော် ဒီအကြောင်းကို တွေးမိနေတာ အတော်ကြာပါပြီ။ ပြောရရင် ဒီဓာတ်ပုံတွေ ကြည့်ရင်းပေါ့။ စစ်သားကြီးဟာ ရဲ
ရင့်ခဲ့ပုံပါဘဲ။ စစ်သားကြီးလို့ တိတိကျကျ ပြောလိုက်ခြင်းက အင်တာနက်မှာ သူဟာ စစ်သားတစ်ယောက်ဖြစ်ကြောင်း သတင်းတစ်ချို့ကို တွေ့မိလို့ပါ။ ဒီလောက်ပါဘဲ … သူ့အကြောင်း ကျွန်တော် အများကြီး မသိပါဘူး။ ဒါပေမယ့် သူဟာ စစ်
မြေပြင်မှာ တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ပုံပါဘဲ။ အမိမြေကို ကာကွယ်ရင်းပေါ့လေ။ သူ့မှာ သူရဲကောင်းဆုတံဆိပ် ဘယ်
လောက်ရခဲ့မလဲ … ကျွန်တော် မသိ။ သူ့မှာ ဇနီးမယားနဲ့အတူ သားသမီးဘယ်နှစ်ယောက်ရှိမလဲ … ကျွန်တော် မပြော
တတ်။ သူဟာ လူပျိုကြီးလား …?။ သူ့အကြောင်း ကျွန်တော် များများမသိ။ ဒါပေမယ့် ဒီပုံလေးကြည့်ပြီး ရင်ထဲ မချိမိတာ
တော့ အမှန်ပါ။ ကျွန်တော့်လိုပဲ အားလုံး ထပ်တူကြပါလိမ့်မယ်။ သူ့ကို ကျွန်တော်တို့ နာမည်က လွဲရင် အားလုံး သိပါလိမ့်မယ်။ သူဓာတ်ပုံတွေကို ကြိုကြားကြိုကြား အင်တာနက်ပေါ်မှာ တွေ့နေခဲ့ရလို့လေ။ သူ့ကို ကျွန်တော်တို့ သိသလို ကမ္ဘာ
ကျော်လက်ဝှေ့သမားကြီး မန်နီပက်ကွီအိုကလည်း သိပါတယ်-တဲ့။ ဒါက ဂုဏ်ယူစရာလား … နာမည်ကြီး ထမင်းငတ် ဖြစ်နေတာလား …။ ပက်ကွီအိုကတော့ … သူ စိတ်ဓာတ်ကျချိန်တိုင်း ဒီ Burmese Man ကြီးကို ကြည့်ကာ စိတ်ဓာတ်တွေ
တက်ကြွလာတယ်-လို့ ဂုဏ်ပြုထားပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့တော့ ဂုဏ်မယူ မိပါ။ ဘာကြောင့်လဲဆို … ကျွန်
တော် ဒီပုံကိုကြည့်လိုက်မိကတည်းက စိတ်ဓာတ်တက်ကြွရမယ့်အစား … ဟောဒီ စစ်သားကြီး ဘယ်လို နေထိုင်စား
သောက်နေသလဲ … အဆင်မှ ပြေရှာပါ့မလား … သူ့ပင်စင် ဘယ်လောက်ရသလဲ … နေလုံမိုးလုံအိမ်ကလေးနဲ့ နေရတာလား … စစ်မှုထမ်းဟောင်းတွေအတွက် ပေးထားတဲ့ အိမ်ကလေးမှာ နေနေတာလား … ကျွန်တော် စဉ်းစားလေ … သူ့အတွက် သနားပြီး စိတ်ဓာတ်ကျလေပါဘဲ။

သူ့ရဲ့ အကောင်းပကတိအနေနဲ့ တစ်ချောင်းတည်းသာ ကျန်တော့တဲ့ ခြေထောက်ကို ကြည့်ပါ။ ဖိနပ်ကို ကျွန်တော်မ
မြင်ရ။ ခြေတစ်ချောင်းပဲ ကျန်တော့တာ ဖိနပ်ဝတ်စရာမလိုပါဘူးလို့ စစ်သားကြီးကိုယ်တိုင်က ခံယူထားလေသလား … ?။ ဒါမှမဟုတ် …. ဖိနပ်ဆိုင်က တစ်ဖက်တည်းတော့ ခွဲမရောင်းနိုင်ဘူးဆိုလို့ … သူ ဖိနပ်မ၀ယ်ပဲ နေနေတာလား …? ။ ကျွန်
တော့်စိတ်ထဲမှာ လားပေါင်းများစွာသော မေးခွန်းတွေနဲ့မို့ ဒီဓာတ်ပုံတွေ ကြည့်ပြီး ပက်ကွီအိုလို စိတ်ဓာတ်တွေ တက်ကြွ
မလာခဲ့ပါ။

READ
အကြွေးမတင်အောင်သင့်ကိုကူညီနိုင်မယ့်နည်းလမ်းများ

သေချာတာတစ်ခုကတော့ စစ်သားတစ်ယောက်ရဲ့လက်ဟာ သွေးတွေအများကြီး စွန်းခဲ့မှာပါ။ သေနက်တွေ တဒက်ဒက်နဲ့ တိုင်းပြည်ရဲ့ရန်ကုန် ကာကွယ်နေတဲ့အချိန်မို့ ရန်သူမှန်သမျှ တိုက်ထုတ်ဖြေရှင်းရတာ စစ်သားတို့တာဝန်လေ။ ဒီတော့ ပါဏာတိပါတ ဝေရာမဏိလုပ်လို့မရ။ အခု သူ စစ်သားဘ၀မှ အနားယူလိုက်ပုံ ရပါတယ်။ သူဟာ ယခင်က သူ့လက်ဖျားမှာ ကျည်ဆံတွေ တဒက်ဒက်နဲ့ သွေးပွက်ပွက်ထွက်စေခဲ့သူတစ်ယောက်ဆိုရင်တောင် … ဟော သူ့လက်ဖျားမှာ အခု
တော့ ပန်းတွေ ပွင့်နေပေါ့။ မမြင်ဘူးလား … သေချာကြည့်ပါ။ စံပါယ်ပန်းတွေ၊ ရွှေပန်းငွေပန်းတွေလေ …။ သေချာတာက
တော့ သူဟာ အခုအချိန်မှာ အလွန်ပင်ပန်းဆင်းရဲတဲ့ကြားကနေ သူ့ရဲ့ သမ္မာအာဇီဝအတွက် … ဂုဏ်ယူနေမှာပါ။ သူ အသက်ရှင်နေသေးလား … လူမှုရေးအဖွဲ့အစည်းတွေ ဘယ်လောက်များများက … သူ့ကို ဘယ်လောက်အထိ ထောက်ပံ့ပြီးပြီလဲ …။ အစိုးရကကော စစ်မြေပြင်မှာ ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ခဲ့တဲ့၊ သူ့လို ဘ၀တူစစ်သားတွေအတွက် ဘယ်လောက်ဂုဏ်
ပြုခဲ့သလဲ … ဂုဏ်မပြုရသေးဘူးဆိုရင် ဂုဏ်ပြုဖို့ အစီအစဉ်ရှိသလား … ဒီမေးခွန်းတွေ ကျွန်တော့်ဘာသာ ရင်နာခြင်းတွေနဲ့ ပြန်ဖြေတယ် … စစ်သားကြီးဟာ မိုးရွာထဲမှာ ပန်းရောင်းလို့ ကောင်းနေတုန်း …။

READ
ညစ်ပတ်နေတဲ့ဗွက်အိုင်ထဲမှာ ပန်းကန်တွေဆေးနေတဲ့စားဖိုဆောင်ဝန်ထမ်းများ

“ ဘုရားတင်ဖို့ စံပါယ်ပန်းလေးတွေ ရမယ်နော် …”

” ဒါကတော့ ရွှေပန်းငွေပန်းလေးတွေပေါ့ … ကားထဲမှာ ချိတ်လို့လည်း စိတ်ကြည်လင်စေပါတယ် ”

အကယ်၍များ စစ်သားကြီး ရွှေပန်းငွေပန်း ရှာမရလို့ ရှာရတဲ့ပန်းက ပန်းတိမ်ငိုပန်းသာဆိုရင် ပန်းတိမ်ငိုပန်းလေးတွေ
လက်မှာသီဆွဲရင်း… မိုးရေတွေထဲမှာ-

“ ဒါလေးတွေကတော့ ပန်းတိမ်ငိုပန်းတွေပါ … တစ်ကုံးကို တစ်ရာပါခင်ဗျ ”

ပန်းတိမ်ငိုပန်းတွေကိုင်ရင်း …. စစ်သားကြီး မိုးရေထဲမှာ မျက်ရည်တွေရောချပြီး ကြိတ်ငိုနေမလား …???။ ကြိတ်ပြီး ငိုနေခဲ့သလား … ကြိတ်ပြီး ငိုနေရဦးမှားလား … ???။

နတ်စည်တော် (Shwemom)

shwemom-post-photo-1-1

SHARE