အသက်(၂၁)နှစ်အောက်တွေကို ဆေးလိပ်ရောင်းချခွင့် တားမြစ်ပိတ်ပင်ခဲ့တဲ့ အမေရိကန်နိုင်ငံ

Freepik/SocialDiary

ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် ဒီဇင်ဘာ(၂၇)ရက်နေ့က အမေကန်အစိုးရရဲ့ လက်အောက်ခံ ဌာနတစ်ခုဖြစ်တဲ့ US Food and Drug Administration ဟာ အသက်(၂၁)နှစ်အောက်တွေကို ဆေးလိပ်ရောင်းချခွင့်ကို တား မြစ်ပိတ်ပင်တဲ့ ဥပဒေသစ်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့တယ်လို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါ တယ်။

အမေရိကန်သမ္မတ Donald Trump ဟာ ဒီဇင်ဘာလ(၂၀)ရက်နေ့တည်းက အဆိုပါ ဥပဒေသစ်ကို လက်မှတ် ထိုးပေးမှာဖြစ်ကြောင်း သူ့ရဲ့ တွစ်တာအကောင့်ကနေ လူသိရှင်ကြား အသိပေးခဲ့ပါတယ်။ ဥပဒေသစ်အတွက် အမေရိကန်လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးမှ ဒီဇင်ဘာ(၂၇)ရက်နေ့မှာ အခုလိုမျိုး ကြေညာနိုင်ခဲ့တာဖြစ်ပါတယ်။

 

အနိမ့်ဆုံး ဆေးလိပ်ရောင်းချခွင့် အသက်အရွယ်ကို (၁၈)နှစ်ကနေ (၂၁)နှစ်အထိ တိုးမြှင့်လိုက်တာကို အမေရိ ကန်ရဲ့ အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုဖြစ်တဲ့ Republican နဲ့ Democrats က လူသိများထင်ရှားတဲ့ အမတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အကောင်အထည် ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

READ
ဟောင်ကောင်ဆန္ဒပြပွဲအကြောင်း မသိခဲ့လို့ တောင်းပန်ပါတယ်ဆိုတဲ့ ဂျက်ကီချန်း

အမေရိကန်နိုင်ငံမှာ ပြည်နယ်ပေါင်း(၅၀)ရှိတဲ့အနက် ပြည်နယ်(၁၅)ခုရဲ့ ဒေသန္တရအစိုးရတွေဟာ အနိမ့်ဆုံးဆေး လိပ်ရောင်းချခွင့် အသက်အရွယ်ကို (၂၁)နှစ်အထိ သတ်မှတ်ထားတာပါ။ လက်ရှိ ထုတ်ပြန်ခဲ့တဲ့ ဥပဒေသစ်အရ အမေရိကန်ရဲ့ ပြည်နယ်(၅၀)စလုံးမှာ အသက်(၂၁)နှစ်အောက်တွေကို ဆေးလိပ်ရောင်းချခွင့် ရှိတော့မှာ မဟုတ်ပါဘူး။

YouTube/wbdj7

ဒါပေမယ့် အသက်(၂၁)နှစ်အောက်တွေကို e-cigarettes သောက်သုံးခွင့် ပိတ်ပင်ဖို့ တောင်းဆိုမှုတွေရှိနေပြီး ဥပဒေသစ်ကြောင့် e-cigarettes သောက်သုံးတဲ့ လူငယ်တွေ ပိုမိုများပြားလာမှာ စိုးရိမ်မိကြောင်း လွှတ်တော် အမတ်အချို့က ထုတ်ဖော်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

 

SHARE