(၅) ပေအမြင့်ရှိတဲ့ အရိုးစုနဲ့ သူငယ်ချင်းတွေဖြစ်နေတဲ့ (၂)နှစ်သားလေး

instagram/abigailkbrady

များသောအားဖြင့် လူတစ်ယောက်ဟာ အခြားတစ်ယောက်နဲ့မပေါင်းသင်းမဆက်ဆံမချင်း သူဟာ ကိုယ့်အတွက် သူငယ်ချင်းကောင်းလားဆိုတာ မသိနိုင်ပါဘူး။ ဒါပေမဲ့ အမေရိကန်နိုင်ငံ Utah ပြည်နယ် Salt Lake City က အသက်၂နှစ်အရွယ် Theo ကတော့ Benny ကို မြင်မြင်ချင်းမှာတင် ခင်မင်သွားခဲ့တာ ဖြစ်ပါတယ်။ Benny မှာ အရေပြားမရှိ၊ ခန္ဓာကိုယ်ထဲ အတွင်းအင်္ဂါတွေမရှိတာက Theo အတွက်တော့ ပြဿနာမဟုတ်ပါဘူး။ Benny ဆိုတာကတော့ ငါးပေအမြင့်ရှိတဲ့ အရိုးစုလေးပဲဖြစ်ပါတယ်။

Bored Panda သတင်းအရ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းမှာ Theo ရဲ့အမေ Abigail ဟာ Theo နဲ့အတူ ရေကန်လေးတစ်ခုစီသွားဖို့ ပြင်ဆင်နေခဲ့တယ်ဆိုပါတယ်။ သူတို့အပြင်ထွက်မယ့်အချိန်မှာပဲ အိမ်ထဲက လေထုကစိုစွတ်လာတာမို့ Abigail က အိမ်ရဲ့မြေအောက်ခန်းထဲမှာရှိတဲ့ water heater ကိုသွားစစ်ကြည့်ခဲ့ပါတယ်။ Water heater ကြောင့် မြေအောက်ခန်းထဲမှာ ရေတွေလျှံနေတာကို တွေ့လိုက်ရပါတယ်။

ဒါနဲ့ Abigail က Theo နဲ့အတူ မြေအောက်ခန်းထဲက ပစ္စည်းတွေကိုရှင်းနေတုန်း Theo ဟာ အရိုးစုတစ်ခုကို သွားတွေ့ပါတယ်။ အဲ့ဒီအရိုးစုကိုတော့ Abigail တို့ဇနီးမောင်နှံက ဟော်လိုဝိန်းပွဲတော်ပြင်ဆင်ဖို့အတွက် ဝယ်ထားခဲ့တာပါ။ Theo ဟာ အရိုးစုကို စစမြင်ကတည်းက သဘောကျနေတာပါ။ အရိုးစု Benny ကို တွေ့တဲ့အချိန်ကစလို့ Theo ဟာ သူသွားလေရာမှာ Benny ကိုခေါ်သွားပါတယ်။

 

View this post on Instagram

 

My son is obsessed with this skeleton.

A post shared by Abby || Abigail (@abigailkbrady) on

Theo ဟာ သူအပြင်ထွက်တဲ့အခါ၊ အစားစားတဲ့အခါ၊ ယုတ်စွအဆုံး သူအိပ်တဲ့အခါမှာတောင် Benny ကိုကုလားထိုင်ပေါ်တင်ပြီး သူအိပ်နေတာ ထိုင်ကြည့်ခိုင်းထားပါတယ်။ Abigail ကတော့ Theo လေးဟာစိတ်ထားကောင်းပြီး လူတွေကြားထဲနေရတာ၊ သူနဲ့ရွယ်တူကလေးတွေနဲ့ ဆော့ရတာကိုနှစ်သက်ကြောင်းဆိုပါတယ်။ Theo က Benny ကို သူနဲ့အတူတူ အပြင်ခေါ်သွားတဲ့အခါမှာတော့ လမ်းသွားလမ်းလာတွေက စိတ်ဝင်တစားနဲ့ ပြုံးပြီးစလေ့ရှိကြောင်းကိုလည်း Abigail က ပြောပြပါသေးတယ်။

ShweMom

SHARE