ကားပေါ်ကနေ အမှိုက်လွှင့်ပစ်ခဲ့သူကို ပညာပေးခဲ့တဲ့ ကလေးငယ်လေး

ChinaDaily

ကားတစ်စီးပေါ်ကနေ လမ်းမပေါ်ကို စည်းကမ်းမဲ့ အမှိုက်ပစ်ချသူတစ်ဦးကို ကလေးလေးတစ်ယောက်က ပညာပေးလိုက်ပုံဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးနေခဲ့တာပါ။

တရုတ်နိုင်ငံ၊ ရှန်ဒေါင်းပြည်နယ်မှာ နေထိုင်တဲ့ ကျားလွေ ဆိုတဲ့ တစ်နှစ်သားအရွယ် ကလေးလေးဟာ မိခင်နဲ့အတူ လမ်းလျှောက်ထွက်လာတုန်း သူ့အနားမှာ ရပ်နေတဲ့ ကားတစ်စီးရဲ့ ပြတင်းပေါက်ကနေ အအေးဗူးခွံတစ်လုံး ပစ်ချလိုက်တာကို မြင်ခဲ့ရတာပါ။

ChinaDaily

ကျားလွေ က ချက်ချင်းပဲ အဲဒီဗူးကို သွားကောက်ခဲ့ပြီး ကားထဲမှာ ရှိနေသေးတဲ့ ပစ်ချခဲ့သူကို သွားပေးပါတော့တယ်။ ကားပေါ်ကနေ ပစ်ချလိုက်တဲ့သူလည်း ဘာလုပ်ရမှန်းမသိတော့ပဲ သူ့ဗူးခွံကို သူ ပြန်ယူထားလိုက်ရတော့တာပါ။

ChinaDaily

ကျားလွေရဲ့ မိခင်ဖြစ်သူ အသက် (၃၄)နှစ်အရွယ် လူလူ ကတော့ သူမရဲ့ သားဖြစ်သူဟာ အမှိုက်ပစ်ချတာကို ပညာပေးဖို့ထက်၊ အဲဒီလူကို ကူညီပေးခဲ့တာသာ ဖြစ်နိုင်ကြောင်း Daily Mail ကို ပြောပြသွားခဲ့ပါတယ်။

READ
စာလေးတစ်ကြောင်းကြောင့် ယူအက်စ်ကို တစ်သက်လုံးဝင်ခွင့်မရတော့တဲ့ ဗြိတိန်နိုင်ငံသား

ဒီ ဗီဒီယိုဖိုင်လေးက တရုတ်ပြည်တွင်းမှာတင် ကြည့်ရှုသူ သန်းနဲ့ချီ ရှိခဲ့ပြီး အခြားနိုင်ငံတွေမှာလည်း လူကြိုက်များခဲ့ကြပါတယ်။ လူအများစုကတော့ ဒီကလေးလေးရဲ့ ချစ်စရာကောင်းပုံကို သဘောကျနေကြပြီး ကလေးလေးကြောင့် စည်းကမ်းမရှိတဲ့ ကားသမား ခံလိုက်ရပုံကို သဘောကျခဲ့ကြတာပါ။

အဲဒီအဖြစ်အပျက် ပြီးတဲ့နောက် ကျားလွေတစ်ယောက်လည်း တရုတ်မှာ နာမည်ကြီးတဲ့ ကလေးတစ်ယောက် ဖြစ်လာခဲ့ပြီး သူ့ရဲ့ ဗီဒီယိုဖိုင်လေးတွေနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုတွေကြားမှာ နာမည်ကြီးလာခဲ့ပါတော့တယ်။

ChinaDaily

Linn

SHARE