(၄)နှစ် တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ အိုလံပစ်ပြိုင်ပွဲကြီးဟာ ၂၀၂၀ ခုနှစ်အတွင်းမှာပဲ ကျင်းပတော့မှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက အားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အိုလံပစ်ပြိုင်ပွဲကြီးကို ယခုတစ်ကြိမ်အတွက် အိမ်ရှင်အဖြစ်လက်ခံကျင်းပရမယ့်မြို့ကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ဖြစ်ပါတယ်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ နိုင်ငံတွေဟာ အိုလံပစ်ဖွင့်ပွဲတွေ-ပိတ်ပွဲတွေမှာ အပြိုင်အဆိုင်ကို ပြင်ဆင်ကြလေ့ရှိကြတာပါ။
လာမယ့် ဂျုလိုင်လ ၂၄ ရက်၊ သောကြာနေ့မှာ အိုလံပစ်ပွဲကို စတင်တော့မှာဖြစ်ပါတယ်။ အခုကတည်းက ဂျပန်နိုင်ငံဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် ပြင်ဆင်မှုများစွာကို ပြုလုပ်နေပါပြီ။
အဲဒီလို ကြိုတင်ပြင်ဆင်မှုတွေထဲက တစ်ခုကတော့ ဂျပန်အစိုးရဟာ အိုလံပစ်ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေအတွက် အသုံးပြုမယ့် အိပ်ရာတွေပဲဖြစ်ပါတယ်။
There will be 18,000 beds at Athletes Village for Tokyo Olympics—all made of cardboard frames. Organizers say will support 200 kilos, or 440 pounds. Olympics open July 24. pic.twitter.com/X9yauV1CrR
— Stephen Wade (@StephenWadeAP) January 9, 2020
တိုကျိုအိုလံပစ် ၂၀၂၀ မှာ အသုံးပြုမယ့် အိပ်ရာတွေကတော့ ရိုးရိုးအိပ်ရာတွေမဟုတ်ပါဘူး။ အိပ်ရာတစ်ခုလုံးကို cardboard (ကတ်ထူပုံး) တွေနဲ့ ပြုလုပ်ထားတာပါ။ အိုလံပစ်ပြိုင်ပွဲကို စီစဉ်တဲ့ ပွဲစီစဉ်သူတွေကတော့ အဲဒီ cardboard တွေက သစ်သားထက် ပိုခိုင်ခံတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီ cardboard နဲ့ လုပ်ထားတဲ့ အိပ်ရာတွေဟာ recycle (ပြန်လည်အသုံးပြု)လုပ်လို့လည်း ရပါတယ်။
အိုလံပစ်ပြိုင်ပွဲကိုလာရောက်ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေကို Athletes Village ဆိုပြီး သီးသန့်နေရာတစ်ခုနဲ့ ထားထားပေး မှာဖြစ်ပါတယ်။ အဲဒီနေရာမှာ အသုံးပြုထားမယ့်အိပ်ရာတွေဟာ ပေါင် (၄၄၀) အထိ ခံနိုင်ရည်ရှိတယ်လို့ Athletes Village ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ Takashi Kitajima ကဆိုပါတယ်။
အိပ်ရာများဟာ အလွယ်တကူနဲ့ မကျိုးပဲ့နိုင်ဘူးလို့ သူက ဆိုပါတယ်။ အလွယ်တကူနဲ့ မကျိုးပဲ့နိုင်ဘူးဆိုပေမယ့်လို့ အိပ်ရာပေါ်မှာ ခုန်တာ၊ အောင်ပွဲခံတာတို့ ဘာတို့ဆိုရင်တော့ အထိအခိုက်နည်းနည်းရှိလိမ့်မယ်လို့ ပြောပါတယ်။
အိုလံပစ်ပြိုင်ပွဲမှာ အားကစားသမားတွေအတွက် အသုံးပြုမယ့် အိပ်ရာများဟာ ပြိုင်ပွဲပြီးသွားချိန်ဆိုရင်လည်း recycle အဖြစ်နဲ့ အသုံးပြုလို့ရတာကြောင့် အလေအလွင့်မရှိတော့ပါဘူး။ အိပ်ရာတွေ အသုံးမပြုဖြစ်တော့ဘူးဆိုရင်တောင်မှ စက္ကူအဖြစ်ပြန်လည် အသုံးချလို့ရတဲ့အတွက်ကြောင့်လည်း တိုကျိုအိုလံပစ် ၂၀၂၀ ဟာ ထူးခြားမှုတွေနဲ့ ပြည့်နှက်နေမှာပါ။ မွေ့ရာတွေလည်း အိုလံပစ်ပြိုင်ပွဲပြီးဆုံးချိန်မှာ ပလတ်စတစ်ပစ္စည်းတွေအဖြစ် ပြန်လည်အသုံးပြုသွားမှာပါ။
သဘာဝပတ်ဝန်းကျင်အရေးနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ပူပန်နေကြတဲ့အချိန်မှာ ဂျပန်အစိုးရက အခုလို ကြိုတင်ပြင်ဆင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
“ပွဲကျင်းပရေး ကော်မတီအနေနဲ့ recycle လုပ်မယ့် အရာတွေအကြောင်းကို အမြဲစဉ်းစားနေခဲ့ပါတယ်။ အခုအိပ်ရာကတော့ အဲဒီအကြံဥာဏ်တွေထဲကတစ်ခုပါ” လို့Takashi Kitajima က ပြောပါတယ်။
Athletes Village ဟာ အထပ်ပေါင်း ၂၁ ထပ်ပါဝင်မယ့် တိုက်တစ်တိုက်ဖြစ်ပါတယ်။ အိပ်ရာပေါင်း ၁,၈၀၀၀ ထည့်သွင်းထားမှာပါ။ အိုလံပစ်ပြိုင်ပွဲပြီးဆုံးသွားချိန်မှာ အဲဒီ Athletes Villageကို ရောင်းချတာတို့၊ ငှားရမ်းတာတို့ကိုလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
Ye Yint Kyaw