စိတ်ကြိုက်ခိုးနိုင်မယ့် အနုပညာလက်ရာ ပြပွဲတစ်ခု ဂျပန်မှာ ကျင်းပမည်

Image:pixabay/bgs_digital_creator/Joji Nakamura 's IG

ကမ္ဘာကျော် အနုပညာလက်ရာ ပစ္စည်းတွေ က  တော့ သူခိုးတွေ ရဲ့ ပစ်မှတ်ပါ။သေချာ သိမ်းဆည်း ထားတဲ့ ကြားကပဲ အခိုးခံ ခဲ့ရတဲ့ ကမ္ဘာ ကျော် ပန်းချီကားနဲ့ အနုပညာ ပစ္စည်းတွေ အများကြီး ရှိပါတယ်။ဒါ ကြောင့် ပြ ပွဲ တွေ လုပ်ရင် သေချာ လုံခြုံ ရေးကို တင်းကျပ်ပြီး သူခိုးနောက် ပစ္စည်းတွေ မပါ အောင် စောင့်ရှောက်ကြတာပါ။ဒါပေမယ့် တိုကျို Art Gallery က တော့ ဒါနဲ့ လုံး ၀ ဆန့်ကျင်ဘက်ပါ။မခိုးမှာ စိုးလို့ ခိုးနိုင်ပါတယ်၊ခိုးကြပါ ဆိုပြီး တော့တောင် တိုက် တွန်း ခဲ့ပါတယ်။ဒီ အ ကြောင်းကိုတော့ soranews မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by joji nakamura (@joji_nakamura) on

တိုကျိုက Shinagawa ရပ်ကွက် မှာ ရှိတဲ့ Same Gallery က တော့ အထူး ပြပွဲ တစ်ခု ကို ကျင်းပခဲ့ပါတယ်။အဲ့ ဒါ ကတော့ ဇူလိုင် (၁၀) ရက်နေ့ ကျ ရင် ဘယ်လို ၀န်ထမ်းပဲဖြစ်ဖြစ်၊လုံခြုံ ရေးပဲ ဖြစ်ဖြစ်၊လာရောက်လည် ပတ် သူတွေ အ နေနဲ့ ဘယ်အနုပညာလက်ရာ ပစ္စည်းကို မဆို စိတ်ကြိုက် ခိုးနိုင် တဲ့ အခွင့်အ  ရေးကို ပေးမှာပါ။နာမည် ကိုလည်း ခိုးယူနိုင်တဲ့ အနုပညာပြ ပွဲ  ဆိုပီး ပေးထားပါတယ်။လွတ် လပ် စွာ ခိုးယူနိုင်ပါတယ်။နောက်ဆက်တွဲ ဘယ်လို ရ လဒ် ဆိုးကျိုး မျိုးတွေ မှ မဖြစ် စေပဲ ကိုယ်ကြိုက်တာကို  ခိုးယူနိုင်ပါတယ်။ပြပွဲ လုပ်တယိုတာ ကတော့ ပရိသတ်တွေ ရဲ့ အနုပညာ လက်ရာ အ ပေါ် စိတ်ဝင်စားမှုကို ဖမ်းစားနိုင် ဖို့ ဆိုေ ပမယ့် သူတို့ ကတော့  နေ အိမ်မှာ လှပ တဲ့ ပန်း ချီ ကားတွေ ချိတ် ဆွဲဖို့ လို နေသူတွေ ကို ဆွဲဆောင်ချင် တယ်လို့ ပြပွဲမှာ တာဝန်ရှိသူ တစ်ဦး က ပြော ပါတယ်။ဒါ့ အပြင် စိတ် ထဲက နေ အနုပညာ ပစ္စည်းတွေ ကို ခိုးကြည့်ချင်တဲ့ သူတွေ၊သူခိုးဖြစ်ချင် နေသူာတွေ ရဲ့ ဆန္ဒ ကိုလည်း ဖြည့် ဆည်း ပေးချင်တာ ကြောင့် ဒီလို လုပ်ဖြစ်တာ လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

開催を延期していた “盗めるアート展” - Stealable Art Exhibition を 7月10日からsame galleryにて開催します。 オープニングレセプションは7/9 1800~ その後、日付変わって7/10 深夜0時から展示をスタートします。 尚オープニングレセプション中は作品を盗めませんのでご了承ください。 24時間ノーセキュリティーでお待ちしております。 #盗めるアート展 ARTISTS EXONEMO @exonemo NUKEME @nukemenukeme MASAKO HIRSNO (skydiving magazine) @cokepotato MINORI MURATA (skydiving magazine) @survival_dance AKIRA GOMI @gomi.akira NAOKI “SAND” YAMAMOTO @sandnaoki GABIN ITO @gabin JOJI NAKAMURA @joji_nakamura MERGE MURJORDAN @mergemajurdan_info YANG02 @yang02 加賀美財団コレクション @kenkagami SCHEUDULE 7/09 18:00 ~ 21:00 オープニングレセプション 7/10 0:00 ~ 泥棒タイムスタート 7/19 18:00 閉展* *全作品が盗まれ次第展示は終了いたします。 詳しいルールなどは、 https://samegallery.com/S_A_E まで。

A post shared by same (@same_gallery) on

အခိုးခံ ချင် တဲ့ အနုပညာရှင်တွေ အ နေနဲ့ လည်း သူတို့ ရဲ့ လက်ရာ တွေ ကို ပေးပို့ နိုင်ကာ ၀က်ဘ် ဆိုက် ပေါ်မှာ တော့ အနုပညာရှင် (၁၁) ယောက်ရဲ့ လက်ရာ တွေကို ခင်းကျင်းပြ မယ်ဆိုပြီး စာရင်း ဖော်ပြ ထားပါတယ်။အဲ့ဒီ အထဲမှာ ဆိုရင် Joji Nakamura လည်း ပါတာ မို့ သူ့လက်ရာ တွေ ကိုလည်း ခိုး နိုင်ပါတယ်။ပြ ပွဲ ကိုတော့ ဇူလိုင် (၁၉) အထိ (၂၄)နာရီ ပြ သ သွားမှာပါ။လုံခြုံ ရေး လုံးဝ မထား ပေး ပဲ စိတ်ကြိုက် ခိုး ခွင့် ပေး ထားမှာပါ။ဒါ ပေမယ့်လည်း စည်းကမ်း တစ်ချို့ ကိုတော့ လိုက်နာ ပေးဖို့ လိုပါတယ်။ခိုးချင် သ လောက် ခိုး လို့ ရတယ် ဆို  ပေမယ့်လည်း တစ်ယောက်ကို တစ်ခု ပဲ ခိုးလို့ ရပါတယ်။ဒါ မှ သာ တခြားသူတွေလည်း ကို်ယ့်လိုပဲ ပျော် ပျော် ပါး ပါး ၀င် ရောက် ခိုး ယူနိုင်မှာပါ။ခိုးမယ်ဆိုရင်လည်း ဘေးက လူတွေကို အ နှောင့်အယှက် မ ပေးပဲ တိတ် တိတ် ဆိတ် ဆိတ် ခိုး ပေး ရ မယ်ဆိုတဲ့ အချက်ကိုတော့ လိုက်နာ ပေးဖို့ လိုပါတယ်။တစ်ခု ကတော့ ရှိပါတယ်။CCTV နဲ့ မှတ် တမ်း တင် ထားမှာ  ဖြစ်ပြီး အွန်လိုင်းပေါ် တင်မှာပါ။ဒါ ကြောင့် ခိုးချင် တဲ့ သူခိုး တွေ အ နေနဲ့ ကိုယ့်ရဲ့ Privacy ကို ကာကွယ်ချင်ရင်တော့ Mask တပ်တာ၊ရုပ်ဖျက်လာဖို့ တော့ လို ပါတယ်။

 

View this post on Instagram

 

Archive: ”Bring Your Own Art Party” March 7, 2020

A post shared by same (@same_gallery) on

SHWEMOM

SHARE