တိုကျိုမှာ ရိုက်ကွင်းတစ်အုပ်စုလုံး အဖမ်းခံပြီးမှ ရိုက်ကူးခဲ့ရတဲ့ Tokyo Drift

Tokyo Drift

Fast & Furious ရဲ့ မူရင်းစစချင်း Tokyo Drift ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ Tokyo Drift ဆိုတဲ့အတိုင်း ဂျပန်နိုင်ငံမှာပဲ မူရင်းခံရိုက်ကူးထားတာဖြစ်ပြီး အဲဒီအချိန်တုန်းက ဂျပန်ဟာ ပြိုင်ကားဓလေ့ အရမ်းခေတ်ထနေခဲ့တဲ့အချိန်ပေါ့။ ဒါပေမဲ့လည်း တိုကျိုမှာ ပြိုင်ကားတွေနဲ့ပတ်သက်ရင် ဥပဒေတွေ ရှိနေနှင့်တာကြောင့် Tokyo Drift ကို Shibuya ဆိုတဲ့ မြို့လေးမှာပဲ သွားရောက်ရိုက်ကူးခဲ့ကြတာပါ။ ရုပ်ရှင်ရိုက်ဖို့ ဂျပန်ကို ပါမစ်တင်တုန်းကလည်း ခက်ခဲခဲ့တာပေါ့လေ။

Imdb/Tokyo Drift

ဒါဆို Tokyo Drift ရိုက်ကူးတုန်းက တိုကျိုရဲ့ ဥပဒေကိုချိုးဖောက်ပြီးမှ ခက်ခက်ခဲခဲရိုက်ကူးထားခဲ့တာဆိုတာရော သင်သိပါသလား။

ပါမစ်ကိစ္စကိုပြန်ပြောရအောင်။ ဂျပန်ဟာ ၁၉၆၇ ခုနှစ် James Bond ရုပ်ရှင် Only You Live Twice ရိုက်ကူးအပြီးမှာပဲ နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံကျော်ရုပ်ရှင်တွေရိုက်ကူးတဲ့အခါ ခွင့်ပြုမိန့်တွေကို တော်ရုံတန်ရုံမချပေးတော့ဘဲ ခွင့်ပြုမိန့်မရှိဘဲ ရိုက်ကူးပါကလည်း ဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူမှုတွေ ပြုလုပ်လာခဲ့တာပါ။ ၂၀၀၃ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Lost in Translation ရုပ်ရှင်တောင် ဒါရိုက်တာရဲ့ စိတ်ရှည်စွာပါမစ်ရဖို့ကြိုးစားခဲ့မှုတွေကြောင့်ပဲ တရားဝင်ရိုက်ကူးမိန့် ကျခဲ့တာပေါ့။

READ
Asia Model Awards မှာ ဟန်တီက Asia Model Star Award ဆုရရှိ
Imdb/Tokyo Drift
Imdb/Tokyo Drift

ဒီကိစ္စကို ဒါရိုက်တာ Justin Lin တစ်ယောက် သိထားပေမယ့်လည်း Universal Pictures နဲ့ တိုင်ပင်ကာ Shibuya မှာ ရိုက်ကွင်းကို မဖြစ်ဖြစ်အောင်တည်ခဲ့ပါတော့တယ်။ မကြာပါဘူး ရိုက်ကွင်းကို ရဲတွေဝိုင်းလာခဲ့ပြီး တာဝန်အရှိဆုံးဆိုတဲ့ ဒါရိုက်တာ Justin Lin ကို ထိန်းသိမ်းဖို့အတွက် ခေါ်သွားခဲ့ပါတယ်။ ဒါပေမဲ့ Universal Pictures ဟာ သူတို့ရဲ့ ဒါရိုက်တာနဲ့ ရိုက်ကူးပြီးသား အခန်းတွေကို မထိခိုက်ရလေအောင် Justin Lin ကို တခြားလူနဲ့ လူစားထိုးပြီးတော့ ထည့်ပေးလိုက်ခဲ့တာပါတဲ့။ ဒါကို အခုမှ Screen Rant မှာ ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

Imdb/Tokyo Drift
Imdb/Tokyo Drift

အဲလို လူစားထိုးထားတဲ့လူလည်း ထိန်းသိမ်းခံလိုက်ရတဲ့အချိန်မှာ Shibuya ရိုက်ကွင်းဟာလည်း အကုန်လုံးပြီးနေခဲ့ပါပြီ။ နောက် သရုပ်ဆောင်တွေရော စက်အဖွဲ့တွေအားလုံးရော နေရပ်ကို ပြန်လွှတ်ခံခဲ့ရပါတော့တယ်။ အချိန်ကိုက်ကိုလုပ်တာ။ Tokyo Drift ရဲ့ ကျန်တဲ့အပိုင်းတွေကိုတော့ California တစ်ခွင် အထူးသဖြင့် LA မှာ ရိုက်ကွင်းတည်ကာ ဆက်လက်ရိုက်ကူးခဲ့ကြတာပါတဲ့လေ။

READ
ရေသူမလေးအလားသန္တာကျောက်တန်းတွေကြားမှာရေကူးနေတဲ့ပုံတွေမျှဝေလိုက်တဲ့အောန်ဆိုင်း

penny

SHARE