ဝန်ထမ်းတွေကို အပိုဆုကြေးအဖြစ် ကြောင်စရိတ်ပါထောက်ပံ့ပေးနေတဲ့ အိုင်တီကုမ္ပဏီ

Shutterstock/Stokkete

ဂျပန်နိုင်ငံက ရုံးသမားအချို့ဟာ သူတို့ကုမ္ပဏီတွေဆီက အမျိုးမျိုးသော ဘောနပ်စ်တွေနဲ့ ခံစားခွင့်တွေကို ရရှိကြပါတယ်။ အချို့ကတော့ နေထိုင်ဖို့အဆောင်ရပါတယ်။ အချို့ကတော့ အိမ်ကနေ ဝေးကွာတဲ့ အလုပ်ခွင်မှာ အလုပ်သွားဆင်းရတဲ့အခါ ခရီးစရိတ်အပိုကြေးတွေ ရကြပါတယ်။ အမျိုးမျိုးပါပဲ။

ဒီထဲကမှ တိုကျိုမြို့ ဟာရူမီရပ်ကွက်မှာရှိတဲ့ Ferray Corporation ကုမ္ပဏီကတော့ သူ့ဝန်ထမ်းတွေအတွက် ထူးခြားတဲ့ဘောနပ်စ်ကို စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ၀န်ထမ်းအယောက်စီတိုင်းဟာ သူတို့ရဲ့ အခြေခံလစာအပြင် neko teate ခေါ်တဲ့ ကြောင်ထောက်ပံ့ကြေးဆိုပြီး အပိုကြေးလည်း ရရှိကြတာပါ။

 

 

Ferray ကို လွန်ခဲ့တဲ့ (၁၉) နှစ်ကတည်းက ထူထောင်ခဲ့တာပါ။ ရုံးခန်းမှာ ကြောင်တွေ မွေးဖြစ်လာရတဲ့ ဖြစ်အင်ကလည်း အခုလိုပါ။ တစ်နေ့တော့ ရုံးဝန်ထမ်းတစ်ယောက်က လမ်းဘေးကြောင်တစ်ကောင်ကို အစာကျွေးစောင့်ရှောက်ပေးရာကနေ ကြောင်က ရုံးကို ရောက်လာပါတယ်။ မကြာပါဘူး။ ရုံးဝန်ထမ်းတွေလည်း တစ်ကောင်ပြီး တစ်ကောင် ကြောင်လေးတွေ ကိုယ်စီခေါ်မွေးကြရာက အခုလို ရုံးမှာ ကြောင်ဂေဟာလေးလို ဖြစ်လာခဲ့တာပါ။

READ
သားသမီးကို လူလယ်ခေါင်မှာ ကဲ့ရဲ့ ရှုံ့ချခဲ့တဲ့ ပရိသတ်ကို ပုံစံပေးလိုက်တဲ့ အနုပညာရှင်

ရုံးမှာတော့ ရုံးဝန်ထမ်းတစ်ယောက်ဟာ ကြောင်မွေးထားတယ်ဆိုရင် ကြောင်အစားအသောက်နဲ့ သူ့ဝေယျာဝစ္စအတွက် သုံးဖို့ တစ်လကို ယန်းငါးထောင် (အမေရိကန်ဒေါ်လာ ၄၆ ဒေါ်လာ) လောက် အပိုဆုကြေးရပါတယ်။ ဒါပေမယ့် ရုံးက အိုင်တီရုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရေးကြီးတဲ့ ကွန်ပြူတာပစ္စည်း အစိတ်အပိုင်းတွေကို ကြောင်တွေကြောင့် မပျက်စီးအောင်တော့ ဂရုစိုက်ရပါတယ်။ ၀န်ထမ်းတွေဆိုရင်လည်း သူတို့အလုပ်စားပွဲမှာ မရှိတဲ့အခါ သုံးနေတဲ့ ကွန်ပြူတာတွေ၊ အရေးကြီးစာရွက်စာတမ်းတွေကို သေချာသိမ်းသွားရပါတယ်။ အခန့်မသင့်ရင် ကြောင်တွေက ကီးဘုတ်ဝင်နှိပ်တာ၊ လျှောက်ဆော့တာတွေ ဖြစ်နိုင်လို့ပါ။

 

 

ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ ဟီဒီနိုဘူ ဖူကူဒါကတော့ “ကြောင်တွေက တစ်ခုခုဆိုးဆိုးဝါးဝါးဆော့တိုင်းမှာ အလုပ်တွေ ရပ်လိုက်ရတာတွေ ရှိတယ်။ တစ်ခါတစ်လေ ရယ်လည်း ရယ်ရသလို တစ်ခါတစ်လေတော့ တကယ့်ပြဿနာကောင်လေးတွေပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ထင်တာကတော့ ဒီလိုပတ်ဝန်းကျင်ဟာ ၀န်ထမ်းတစ်ယောက်နဲ့ တစ်ယောက် နွေးထွေးမှုကို ပိုဖြစ်စေတယ်လို့ ယူဆတယ်…” လို့ ဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ Ferray ရုံးခန်းထဲမှာ ကြောင်ကောင်ရေ ဒါဇင်ဝက်လောက် ရှိပြီး ဒီထက်လည်း ပိုတိုးပွားလာနိုင်ဖွယ်ရှိကြောင်း soranews24 သတင်းအရ သိရပါတယ်။

READ
သမီးလေးကြောင့် ဆေးသမားအဖြစ်ကနေ ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့တဲ့ အမျိုးသမီး

လင်းလင်း (ShweMom)

SHARE