ဖခင်ရဲ့အရိုးပြာကို ဘူတာရုံသန့်စင်ခန်းထဲပစ်ထားခဲ့တဲ့အမျိုးသားအဖမ်းခံရ

Tokyo News

ဟီရိုအာကီ ဟီရှီဂျီးမား ဆိုတဲ့ အသက် (၅၃)နှစ်အရွယ် အမျိုးသားကြီးရဲ့ဖခင်ဟာ (၂၀၁၉)ခုနှစ်၊ စက်တင်ဘာလမှာ ဆုံးပါးသွားခဲ့တာပါ။ သူ့ရဲ့ဖခင်က မိခင်ဖြစ်သူနဲ့ ကွာရှင်းထားပြီး သူတို့ရဲ့ မိသားစုနဲ့ အတူနေထိုင်သူ မဟုတ်ပါဘူး။ ဖခင်ဖြစ်သူက သူ့ဘာသာ တစ်ကိုယ်တည်းနေထိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ ဖခင်နဲ့ သိကျွမ်းသူတွေက ဟီရှီဂျီးမား တို့ မိသားစုကို အကြောင်းကြားခဲ့ပါတယ်။

အဲဒီ ဈာပန ကို ဟီရှီဂျီးမားတစ်ယောက် ရောက်ရှိသွားခဲ့ချိန်မှာတော့ ဖခင်ရဲ့ အရိုးပြာအိုး ကို လက်ခံရရှိခဲ့တာပါ။ သူ့ရဲ့မိခင်ကတော့ ဖခင်ဖြစ်သူကို နာကျည်းနေဆဲဖြစ်တာကြောင့် ဒီအရိုးပြာအိုးကို အိမ်ဆီ ယူမလာခဲ့ဖို့ အပြတ်ပြောခဲ့ပါတယ်။

အဲဒီမှာတင် ဟီရှီဂျီးမား တစ်ယောက် ဘာလုပ်ရမှန်းမသိဖြစ်ပြီး ဒီ အရိုးပြာအိုးကို တိုကျိုမြေအောက်ရထားဘူတာထဲက မာရိုနိုချီရထားလိုင်း၊ အမျိုးသားအိမ်သာထဲမှာ ထားရစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

READ
တီကောင်လောက်ကောင်အရှင်များကိုစားပြတဲ့ တရုတ်အမျိုးသမီး
Tokyo News

တိုကျိုစည်ပင်ဝန်ထမ်းတွေက ဒီအရိုးပြာအိုးကို တွေ့ရှိသွားခဲ့ပြီး တာဝန်ရှိသူတွေကို အသိပေးရာကနေ ဟီရှီဂျီးမား ကို ခြေရာခံမိပြီး ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က လူသားတစ်ယောက်ရဲ့နောက်ဆုံးကျန်ရှိမှုကို လက်လွှတ်စပယ်ပြုမှု ဆိုပြီး ခေါင်းစဉ်တပ်ကာ ဟီရှီဂျီးမား ကို အမှုဖွင့်ခဲ့တာပါ။ ဒီဥပဒေက ဂျပန်နိုင်ငံရဲ့ ဥပဒေတွေထဲမှာ ရှိနေပြီး လူတစ်ဦး ကွယ်လွန်သွားချိန်မှာ ဆွေမျိုးနီးစပ်သူတွေက ပြီးဆုံးတဲ့အထိ တာဝန်ယူရမှာဖြစ်ကာ၊ လက်လွှတ်စပယ်မလုပ်ဖို့ ပြဌာန်းထားတဲ့ ဥပဒေဒပါ။

ဒါပေမယ့် ဟီရှီဂျီးမား ကတော့ ဒါကို သိပုံမရပါဘူး။ အခုတော့ သူက ထောင်ဒဏ်(၃)နှစ်အထိ ကျခံနိုင်တဲ့ ပုဒ်မမျိုးနဲ့ ရင်ဆိုင်နေရပါပြီ။ ဟီရှီဂျီးမား ရဲ့ မိခင် ဖြစ်သူကလည်း ဒီအရိုးပြာအိုးကို ငြင်းဆန်လိုက်မိတဲ့အတွက် သားဖြစ်သူ ထောင်ကျတော့မှာကို စိုးရိမ်နေပါတယ်။

READ
လက်ဘနွန်ပေါက်ကွဲမှုမှာ ကလေးငယ်ကို အသက်စွန့် ကာကွယ်ပေးခဲ့တဲ့ အိမ်ဖော်အမျိုးသမီး

ဒီသတင်းကို ဖတ်ရှုရသူတွေကတော့ အသက် (၅၃)နှစ်အရွယ် ရောက်နေတာတောင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမရှိပဲ မိခင်ပြောသမျှ ခေါင်းငြိမ့်နေတဲ့ ဟီရှီဂျီးမားကို အပြစ်တင်ခဲ့ကြပြီး သူ့အနေနဲ့ ပြစ်ဒဏ်ကျခံသင့်တယ်လို့ မှတ်ချက်ပေးသူတွေလည်းရှိပါတယ်။

Linn

SHARE