Washington Post မှဖော်ပြချက်အရ တိုကျိုအိုလံပစ်ဥက္ကဌဟာ အစည်းအဝေးပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်မှုအပေါ် သူ့ရဲ့ သဘောထားတစ်ခုကို ပြောပြလာခဲ့ပါတယ်တဲ့။
Mr. Yoshiro Mori ဟာ တိုကျိုမှာပြုလုပ်မယ့် အိုလံပစ်ပွဲအတွက် အစစအရာရာကို ဦးဆောင်ပေးနေရတဲ့ ဥက္ကဌတစ်ဦးဖြစ်ပါတယ်။ ကိုဗစ်ဖြစ်လာတဲ့အတွက်ကြောင့် ပွဲလုပ်ဖို့ နေ့တွေကိုလည်း ရွှေ့ဆိုင်းထားခဲ့ရတဲ့အတွက်ကြောင့် အမြဲတမ်းလိုလို လိုအပ်တဲ့ အစည်းအဝေးပွဲတွေကို အမြဲမပြတ်လုပ်နေခဲ့ကြရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Mr. Mori ဟာ အစည်းအဝေးတွေ လုပ်နေရတာ မပင်ပမ်းပေမယ့်လို့ ခေါင်းကိုက်စရာအချက်တစ်ချက်တော့ ရှိနေပါတယ်တဲ့လေ။ အဲဒါကတော့ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုပါပဲ။ အစည်းအဝေးပွဲတွေမှာ အမျိုးမီးတွေ ပိုပြီးပါလာပြီဆိုရင် မလိုအပ်တဲ့စကားတွေ အရမ်းပြောရတယ်၊ လိုရင်းကိုရောက်ဖို့ အချိန်အကြာကြီးဆွဲပြီး စကားပြောကြတယ်၊ ဆုံးဖြတ်ချက်တွေချတဲ့အခါမျိုးမှာလည်း ပြတ်ပြတ်သားသား မြန်မြန်ဆန်ဆန်မရှိလို့ အလုပ်ဖင့်တယ်ဆိုပြီးတော့ ပြောလာခဲ့တာပါ။

ဒီအပြင် အမျိုးသမီးတွေဟာ ပြိုင်ဆိုင်လိုစိတ်များတဲ့အတွက်ကြောင့် တစ်ယောက်က ဒါဆိုရင် အနည်းဆုံးတစ်ယောက်လောက်ကတော့ ကန့်ကွက်လိုက်ရမှကိုကျေနပ်တဲ့အမျိုးတွေတဲ့လေ။ ဂျပန်ရဲ့အိုလံပစ်အဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးဘုတ်အဖွဲ့ဝင်တွေကို ၄၀%ပါဝင်ဖို့အတွက် ဆုံးဖြတ်ချက်ချထားခဲ့တာပါ။ နောက်ဆုံး ၂၀၂၀ နိုဝင်ဘာလအထိတော့ အဖွဲ့ဝင်ပေါင်း ၂၄ ယောက်တည်းမှာ ၅ ယောက်သာလျှင် အမျိုးသမီးတွေဖြစ်နေခဲ့တာပါ။
ဒါကြောင့်မလို့ သူ့အနေနဲ့ အမျိုးသမီးတွေ ထိပ်တန်းဘုတ်အဖွဲ့ဝင်တွေအဖြစ် အများကြီးရွေးချယ်ထားတာ သူ့အတွက်တော့ ခေါင်းကိုက်စရာပဲလို့ ပြောလာခဲ့ပါတယ်။ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ ပျက်ရယ်ပြုခဲ့ကြပါတယ်တဲ့။ နောက်ပိုင်းမှာတော့ သူ့ရဲ့ မှတ်ချက်ဟာ လိင်မှုခွဲခြားဆက်ဆံသလို ဖြစ်သွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောလာခဲ့ပါတယ်။
penny