The Economist မဂ္ဂဇင်းမှ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အလုံခြုံဆုံး မြို့များစာရင်း

Shutterstock/Phattana Stock

The Economist မဂ္ဂဇင်းကနေ ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာအနှံ့က အလုံခြုံဆုံး မြို့ ၆၀ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အာရှပစိဖိတ်ဒေသနိုင်ငံတွေက ဒီစာရင်းမှာ နေရာကောင်းတွေ ရခဲ့ပါတယ်။ အကောင်းဆုံး Top Ten စာရင်း ထဲမှာမှ ၆ မြို့ကို ရွေးချယ်ရာမှာ အာရှပစိဖိတ်နိုင်ငံတွေ အနေနဲ့ ထိပ်ဆုံး ၃ နေရာကို ရရှိခဲ့တာပါ။

ဒီလို စနစ်တကျ ရွေးချယ်တဲ့နေရာမှာ လုံခြုံစိတ်ချရမှုကို အဓိက ၄ မျိုးခွဲခြားပြီး အမှတ်ပေးခဲ့တာဖြစ်ပါတယ်။ ပထမ တစ်ခုက ကိုယ့်ကိုကိုယ် လုံခြုံစိတ်ချရမှုဖြစ်ပြီး အကြမ်းဖက်တာကိုရည်ရွယ်ပါတယ်။ ဒုတိယတစ်ခုကတော့ လူနေမှုအဆောက်အအုံ စိတ်ချယုံကြည်ရမှုပါ။ အဓိက လမ်းပန်းဆက်သွယ်ရေးနဲ့ တိုက်တာ အဆောက်အအုံတွေရဲ့ အခြေခံခိုင်ခံ့တာကိုဆိုလိုတာပါ။ တတိယ အနေနဲ့က ကျန်းမာရေးဆိုင်ရာလုံခြုံစိတ်ချရမှုပါ။ ပြည်သူတွေ အပေါ်ထားတဲ့ ကျန်းမာရေးဆိုင်ရာမူဝါဒတွေ၊ ဆေးဝါးကုသမှု လွယ်လွယ်ကူကူ ရရှိနိုင်တာတွေအပေါ် မူတည်ပြီး အမှတ်ပေးတာပါ။

READ
အာဖရိကရဲ့ ကြယ်စုံညအောက်က တောရိုင်းတိရစ္ဆာန်တို့ရဲ့ သဘာဝအလှတရားများ
Pixabay/sofi5t

နောက်ဆုံးတစ်ခုကတော့ နည်းပညာပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှုပါ အွန်လိုင်း ကနေ ကိုယ့်ရဲ့လုံခြုံရေးဆိုင်ရာ အတွင်းရေးတွေကို တိုက်ခိုက်ရယူတာနဲ့ပတ်သက်ပြီး အမှတ်ပေးတာပဲဖြစ်ပါတယ်။

ဒီလိုမျိုးအဆင့်ဆင့်ရွေးချယ်အမှတ်ပေးတာတွေအပြီးမှာ Tokyo က အလုံခြုံစိတ်အချရဆုံးမြို့အဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရတာပါ။ Singapore နဲ့ Osaka ကတော့ ဒုတိယနဲ့ တတိယ နေရာကနေ လိုက်ပါတယ်။ Tokyo က နည်းပညာပိုင်းဆိုင်ရာ နဲ့ ကျန်းမာရေးဆိုင်ရာ မှာ အမြင့်ဆုံးသတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး Osaka ကလည်း ကျန်းမာရေးနဲ့ လူနေမှုအဆောက်အအုံ လုံခြုံတဲ့နေရာမှာ ပထမနဲ့ ဒုတိယ ရရှိခဲ့ပါတယ်။

Pixabay/sasint

လေ့လာစီစစ်မှုတွေအရ လုံခြုံစိတ်ချရမှုအရှိဆုံး မြို့ ၁၀ မြို့ကို ဖော်ပြလိုက်ပါတယ်။

  1. Tokyo
  2. Singapore
  3. Osaka
  4. Amsterdam
  5. Sydney
  6. Toronto
  7. Washington, D.C.
READ
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာ ကဆုန်ညောင်ရေသွန်းပွဲတော်

8 (tie). Copenhagen
8 (tie). Seoul
10. Melbourne တို့ပဲ ဖြစ်ပါတယ်။

စာရင်းဇယားတွေအရ Tokyo နဲ့ Osaka ကအကောင်းဆုံး Rating တွေရခဲ့တဲ့အတွက် ဂျပန်က အခြားကျန်တဲ့မြို့တွေကလည်း Rating ကောင်းကြမယ်လို့ ပညာရှင်တွေက ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။

ဘယ်လိုပဲ လုံခြုံစိတ်ချရမှုတွေရှိရှိ လူတွေအနေနဲ့ကတော့ အမြဲတမ်း သတိနဲ့ နေသင့်တာဖြစ်ပြီး ဒီလိုမှပဲ ဖြစ်ပေါ်လာမယ့်ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

SHARE