Mask မတပ်တဲ့ ခရီးသွားတွေကိုယာဉ်ပေါ်မတင်ဘူးဆိုတဲ့ ဂျပန်က တက္ကစီဆရာများ

pexels/Ibrahim Boran

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းက ဂျပန်နိုင်ငံရဲ့သယ်ယူပို့ဆောင်ရေးဝန်ကြီးက mask မပါတဲ့ခရီးသည်တွေကို ယာဉ်ပေါ်မတင်ဖို့ခွင့်ပြုခဲ့ကြောင်း japantoday သတင်းစာမျက်နှာအရသိရပါတယ်။ ဒီလိုစည်းကမ်းသတ်မှတ်ပေးဖို့ကိုတော့ တိုကျိုမှာရှိတဲ့ တက္ကစီကုမ္ပဏီ၁၀ခုက တောင်းဆိုခဲ့တယ်ဆိုပါတယ်။

ဂျပန်ရဲ့ လမ်းနဲ့သယ်ယူပို့ဆောင်ရေးဥပဒေအရ တက္ကစီမောင်းသူတွေဟာ အထူးသဖြင့် ဆေးအလွန်အကျွံသုံးထားသူ သို့မဟုတ် ယာဉ်မောင်းတွေကို ရိုင်းပြစွာဆက်ဆံသူတွေကလွဲလို့ ခရီးသည်တွေကို တက္ကစီပေါ်မတင်ဘဲမောင်းသွားခွင့်မရှိပါဘူး။ အခုလို စည်းမျဉ်းစည်းကမ်းတွေကိုတော့ သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဝန်ကြီးက ချမှတ်ပေးထားတာပါ။

pexels/skitterphoto

တက္ကစီကုမ္ပဏီအချို့ကတော့ mask လည်းမတပ်ဘဲ ကျယ်လောင်စွာစကားပြောတဲ့ ခရီးသည်တွေရဲ့အပြုအမူဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနိုင်ခြေတိုးမြှင့်စေနိုင်တဲ့အတွက် စည်းကမ်းတွေကို အနည်းငယ်ပြောင်းလဲပေးဖို့ ဝန်ကြီးကိုတင်ပြခဲ့တာ ဖြစ်ပါတယ်။ တာဝန်ရှိသူ ဝန်ကြီးကတော့ တကယ်လို့ တက္ကစီလာငှားတဲ့ခရီးသည်မှာ mask မပါဘူးဆိုရင် ယာဉ်မောင်းသူတွေအနေနဲ့ သူတို့မှာကျန်းမာရေး ဒါမှမဟုတ် တခြားရှောင်လွှဲမရတဲ့အကြောင်းတစ်ခုခုရှိနေလားဆိုပြီး စစ်ဆေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

pexels/Anna Shvets

Mask မတပ်ရင် တက္ကစီစီးခွင့်မရှိတဲ့စည်းကမ်းဟာ တက္ကစီဆရာတွေတင်မကဘဲ နောက်ဆက်တွဲ၎င်းကားကို ငှားစီးတဲ့သူတွေကိုလည်း ရောဂါအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ရာရောက်တယ် ဆိုထားပါတယ်။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကလည်း တော်တော်လေးပြန့်ပွားနေတာကြောင့် ဂျပန်နိုင်ငံမှာရှိတ့ တက္ကစီကုမ္ပဏီတွေဟာ ယာဉ်တွေကို မကြာခဏပိုးသတ်ဆေးဖြန်းတာမျိုးလုပ်နေရပါတယ်။ ယာဉ်မောင်းတွေအနေနဲ့လည်း  face mask တွေကိုဝတ်ဆင်ဖို့လိုပြီး ကိုယ်အပူချိန်တိုင်းဖို့လည်းလိုအပ်သေးကြောင်း သိရပါတယ်။

READ
တွစ်တာပေါ်မှာနာမည်ကြီးသွားခဲ့တဲ့ ဗြိတိန်တော်ဝင်တီးဝိုင်းအဖွဲ့ရဲ့ Bohemian Rhapsody

ShweMom

SHARE