(၂၀၂၁)ခုနှစ်မှာ ထွက်ရှိလာမယ့် လူသရုပ်ဆောင်ပေါင်းများစွာနဲ့ Tom & Jerry ရုပ်ရှင်သစ်

Warner Bros

Tom & Jerry ဆိုရင်ကို ဟိုးဖိုးဖိုး၊ ဖွားဖွားအရွယ်ကစလို့ ကလေးလေးတွေအထိ မသိတဲ့လူကိုမရှိနေပါဘူး။ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလကတည်းက ကာတွန်းစီးရီးအဖြစ် စတင်ထုတ်လွှင့်ပြသခဲ့ရင်းနဲ့ ဒါရိုက်တာနဲ့ animator တွေ၊ သရုပ်ဆောင်အပြောင်းအလဲတွေနဲ့ version အမျိုးမျိုး ထွက်လာနေခဲ့တာပါ။ ဇာတ်လမ်းတိုလေးတွေအပြင်ကိုမှ ရံဖန်ရံခါမှာလည်း Tom & Jerry အနေနဲ့ ရုပ်ရှင်တစ်ကားတည်းပုံစံမျိုးလေးတွေလည်း ထွက်လာလေ့ရှိပါတယ်။

မှတ်မှတ်ရရပြောရရင်တော့ –

  • Tom and Jerry: The Movie (1992)
  • Tom and Jerry: The Magic Ring (2001)
  • Tom and Jerry: Blast Off to Mars (2005)
  • Tom and Jerry: The Fast and the Furry (2005)
  • Tom and Jerry in Shiver Me Whiskers (2006)
  • Tom and Jerry: A Nutcracker Tale (2007)
  • Tom and Jerry Meet Sherlock Holmes (2010)
  • Tom and Jerry & The Wizard of Oz (2011)
  • Tom and Jerry: Robin Hood and His Merry Mouse (2012)
  • Tom and Jerry’s Giant Adventure (2013)
  • Tom and Jerry: Santa’s Little Helpers (2014)
  • Tom and Jerry: The Lost Dragon (2014)
  • Tom and Jerry: Spy Quest (2015)
  • Tom and Jerry: Back to Oz (2016)
  • Tom and Jerry: Willy Wonka and the Chocolate Factory (2017)
READ
WWE နဲ့ သက်တမ်းအကြာဆုံး လက်တွဲခဲ့တဲ့ နာမည်ကျော် နပန်းသမား(၆)ယောက်

အစရှိပြီးတော့ ရုပ်ရှင်ပေါင်း ၁၅ ကားထွက်ထားခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း Tom နဲ့ Jerry တို့ကို ရုပ်ရှင်ကားထဲမှာ မြင်တွေ့ရဦးမှာပါတဲ့။ ၄ နှစ်လောက်ကြာပြီးကာမှ ထွက်လာခဲ့တဲ့ ရုပ်ရှင်မလို့ ထူးခြားချက်လေးတွေလည်း ပါဝင်လို့နေပါတယ်။ အဲဒါကတော့ Tom နဲ့ Jerry တို့ နှစ်ကောင်သားကို လူ့လောကထဲမှာ တွေ့ရမှာပါ။

Warner Bros

လူတွေနဲ့ပူးတွဲရိုက်ကူးထားတာမလို့ ၂၀၂၁ မှာ ထွက်မယ့် Tom & Jerry ရုပ်ရှင်ထဲ ပါဝင်အားဖြည့်ပေးထားတဲ့ သရုပ်ဆောင်တွေကလည်း အများကြီးရှိလို့နေပါတယ်။ အဓိကသရုပ်ဆောင်အနေနဲ့ကတော့ မင်းသမီးလေး Chloe Grace Moretz နဲ့ Rob Delaney တို့က ပါဝင်မှာပါ။ Tom နဲ့ Jerry နေရာမှာကတော့ William Hanna က အသံသရုပ်ဆောင်မှာဖြစ်ပြီး တခြား လူသရုပ်ဆောင်တွေအနေနဲ့ Michael Pena, Ken Jeong, Jordan Bolger Colin Jost, Pallavi Sharada စတဲ့ သရုပ်ဆောင်ဆယ်နဲ့ချီပါဝင်တဲ့အပြင်ကိုမှ တစ်ဖက်မှာလည်း trailer အရ Priyanka Chopra နဲ့ Nick Jonas တို့ စုံတွဲရဲ့ မင်္ဂလာဆောင် အခမ်းအနားပုံလိုမျိုး မှီငြမ်းထားတဲ့ပုံရိပ်တွေကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

READ
ဂျပန်ပရိသတ်တွေဆီက မထင်မှတ်ထားတဲ့ လက်ဆောင်ရရှိခဲ့တဲ့ G-Fatt
Warner Bros
Warner Bros
Warner Bros

ဒီတစ်ခေါက် ရုပ်ရှင် theme ကတော့ ဟိုတယ် theme လေးပါ။ Tom နဲ့ Jerry တို့နှစ်ယောက် အိမ်ကနေထွက်၊ နှစ်ကောင်သား လမ်းခွဲရင်း ကိုယ့်လမ်းကိုယ်စီလျှောက်ခဲ့ကြပါတယ်။ Jerry တစ်ကောင်ကတော့ ဟိုတယ်ကြီးတစ်ခုကိုရောက်ပြီး အခြေချနေထိုင်ရင်း ဟိုတယ်ရဲ့ ပြဿနာကြွက်ကလေးဖြစ်လာခဲ့တာပါ။ Jerry ကို သုတ်သင်ဖို့ဆိုပြီး ဟိုတယ်ကနေ အပြင်မှာလေလွင့်နေတဲ့ Tom ကို ငှားလိုက်ရင်း ဘယ်လိုမျိုး ဟိုတယ်တစ်ခုလုံးကို ဗြောင်းဆန်အောင် ပတ်မွှေကြမလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။

Trailer ကတော့ မနေ့ကမှ ထွက်လာခဲ့တာပါ။ ကြည့်ရှုခံစားလိုက်ကြပါဦး။

penny

SHARE