ကမ္ဘာကျော် Tom & Jerry ကာတွန်းဇာတ်လမ်းတွဲအကြောင်း လူသိနည်းသေးတဲ့ အချက်များ

ကိုယ်တွေ ငယ်ငယ်တုန်းက တစ်နေ့လုံး အိပ်ရာပေါ်မှာ ဇိမ်နဲ့လှဲပြီး ကာတွန်းကားတွေ ကြည့်ကြတဲ့အဖြစ်ကို မှတ်မိဦးမှာပါ။ ဒီထဲမှာ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ Tom & Jerry ကာတွန်းကားတွေဟာ ကိုယ်တွေနဲ့ အရင်းနှီးဆုံးဖြစ်မှာပါ။ ဇာတ်လမ်းထဲမှာ အမြဲတမ်းရန်ဖြစ်နေတဲ့ သူတို့ရဲ့ မျက်နှာပေးတွေဟာ အူတက်အောင် ရီရပါတယ်။ Tom & Jerry ကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အများကြီးရှိနေပေမယ့်လည်း ဒီကာတွန်းဇာတ်လမ်းတွဲနဲ့ ပတ်သက်လို့ လူသိနည်းတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။

Tom & Jerry ကာတွန်းဇာတ်လမ်းတွဲကို (၁၉၄၀) ခုနှစ်မှာ William Hanna နဲ့ Joseph Barbera တို့က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Yogi Bear ၊ Top Cat ၊ Scooby-Doo ၊ The Smurfs နဲ့ The Flintstones တို့ကိုလည်း သူတို့နှစ်ယောက်ပဲ ဖန်တီးခဲ့တာပါ။

Wikipédia

Tom & Jerry ကို  Jasper & Jinx လို့ နာမည်အရင် ပေးခဲ့တာပါ။ နောက်ပိုင်းမှာ Tom & Jerry လို့ နာမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

Image credits: momokacma/Flickr, maxpixel.freegreatpicture.com

ဇာတ်လမ်းတွဲမှာ စုစုပေါင်း (၁၆၃) ပိုင်းပါဝင်ပြီး (၁၉၄၀) ခုနှစ် ဖေဖော်ဝါရီ(၁၀) ရက်မှာ ပထမဆုံး ထုတ်လွှင့်ပြသခဲ့ပါတယ်။ ၄င်းဇာတ်လမ်းတွဲကို (၂၀၀၅) ခုနှစ် စက်တင်ဘာ(၂၇) ရက်တိုင်အောင် ဆက်လက် ထုတ်လွှင့်ပြသခဲ့ပါတယ်။

Image credit: momokacma/Flickr

Tom & Jerry ကို ပထမပိုင်း ထုတ်လွှင့်ပြသမှုအပြီးမှာ ကြောင်နဲ့ ကြွက်ဟာ ကာတွန်းအစီအစဉ်တွေထဲမှာ ရိုးရှင်းလွန်းနေတယ်ဆိုပြီး MGM စတူဒီယိုက ဆက်ပြီး မထုတ်လွှင့်အထိတောင် ဆုံးဖြတ်ခဲ့ပါတယ်။

Image source: mitchellbeausejour.wikia.com

ကာတွန်းဇာတ်လမ်းတွဲကြီး တစ်ခုလုံးမှာ Tom ရဲ့ ပိုင်ရှင် Mammy Two Shoes ရဲ့ မျက်နှာကို တစ်ကြိမ်ပဲ ပြသခဲ့ပါတယ်။

Image source: Wikipedia

ဇာတ်လမ်း အစပိုင်းတွေမှာ Tom ကို ပုံမှန်ကြောင်တစ်ကောင်လိုပဲ ခြေလေးချောင်းနဲ့ သွားလာတာ တွေ့ရပေမယ့် နောက်ပိုင်းခန်းတွေမှာတော့ ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်တာကို တွေ့ရပါတယ်။

Image credit: Rudolf Ising via screengrab/Jonni Valentayn/Youtube

Blue Cat Blues လို့ခေါ်တဲ့ အပိုင်းတစ်ခုမှာဆိုရင် ကြောင်နဲ့ ကြွက်တို့ဟာ သေကြောင်းကြံစည်ဖို့တောင် လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီအပိုင်းကို (၁၉၅၆)ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားထဲ မှာ  နောက်ဆုံးအပိုင်း ဟုတ်/မဟုတ် အတော်လေး အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ 

Tom & Jerry ကို နာမည်အမျိုးမျိုးနဲ့ သိကြပါတယ်။ The Tom and Jerry Show, The Tom and Jerry Comedy Show, Tom and Jerry Kids, Tom and Jerry Tales စသဖြင့်ပါ။

Image sources: Wikipedia, soundeffects.wikia.com, Wikipedia, Image credit: Hanna-Barbera, Turner Entertainment Co. via screengrab/Mustafa Özkurt/Youtube

Tom & Jerry ကာတွန်းတွေဟာ အော်စကာ(၇) ဆုရခဲ့ပြီး (၆) ကြိမ်ထက်မနည်း ဆန်ကာတင်အဖြစ် အရွေးခံခဲ့ရပါတယ်။

Image source: Wikipedia

သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတွဲတွေဟာ (၁၉၄၀) ဖေဖော်ဝါရီလောက်က စခဲ့တာကြောင့် အသက်တွက်ကြည့်လိုက်ရင် အခုအချိန် (၇၈) နှစ်လောက် ရှိနေကြပြီ ဖြစ်ပါတယ်။

Image source: pbs.twimg.com

လင်းလင်း (ShweMom)

READ
ဗြိတိန်တော်ဝင် မိသားစုဝင်တွေရဲ့ နာမည်ကျော်ခဲ့တဲ့ အပုပ်နံ့များ

Ref: unbelievable-facts

SHARE