ကျင်းထဲက ဂေါက်သီးကို ကုန်းကောက်လိုက်ရင်းကနေ အရှက်ဗြန်းဗြန်းကွဲခဲ့ရတဲ့ အမျိုးသား

[email protected]

ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့မသိလိုက်ပဲနဲ့ အရှက်ကွဲခဲ့ရတဲ့ မတော်တဆအခိုက်တန့်တွေ ရှိခဲ့မှာပါ။ အဲဒီလိုအခိုက်တန့်တွေ ဘယ်လောက်တောင်များ ရှိနေခဲ့ပြီလဲ မသိနိုင်ပါဘူး။ အခုပြောပြမယ့် အမျိုးသားတစ်ဦးကတော့ ကျင်းထဲကို ဂေါက်သီးဝင်သွားတဲ့အချိန်မှာ ဂေါက်သီးကုန်းကောက်လိုက်ရင်း တင်ပါးတစ်ဝိုက်က ဘောင်းဘီကွဲခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ကစားသမားကတော့ တစ်ခြားသူမဟုတ်ပါဘူး။ နာမည်ကြီး American Football ကစားသမား Tom Brady ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၂၄.၅.၂၀၂၀)တုန်းက ကျင်းပခဲ့တဲ့ ရန်ပုံငွေ ဂေါက်ရိုက်ပွဲတစ်ခုမှာ Tom တစ်ယောက် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဲဒီထဲက ကျင်းတစ်ကျင်းမှာ Tom ရိုက်လိုက်တဲ့ ရိုက်ချက်တစ်ခုဟာ တော်တော်ကောင်းပြီး ဂေါက်သီးပါ ကျွင်းထဲတစ်ချက်ထဲ ဝင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Tom ဟာ သူ့ရဲ့ ရိုက်ချက်ကြောင့် တော်တော်ပျော်ခဲ့ရပြီး အောင်ပွဲပါခံလိုက်ပါသေးတယ်။

ဒါပေမယ့် သူ့ရဲ့ အောင်ပွဲခံမှုဟာ သိပ်ကြာကြာ မခံခဲ့ပါဘူး။ အကြောင်းအရင်းကတော့ ကျွင်းထဲဝင်သွားတဲ့ ဂေါက်သီးကို ပြန်ကောက်လိုပ်တဲ့အချိန်မှာ Tom ရဲ့ ဘောင်းဘီဟာ အနောက်ဖက်မှာ ဟောင်းလောင်းကြီး ပြဲနေလို့ပါပဲ။ ကံဆိုးချင်တော့ အဲဒီဘောင်းဘီပြဲနေတဲ့ နေရာဟာ ရိုက်နေတဲ့ ကင်မရာနဲ့ မျက်နှာချင်းဆိုင် ဖြစ်နေတာပါပဲ။ ပိုဆိုးတာကတော့ အဲဒီဂေါက်ရိုက်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေခဲ့တာပါ။

“ ကျွန်တော်ဟာ ကျွန်တော်တောင် ပြဲမှန်းမသိလိုက်ပါဘူးဗျာ။ ပရိသတ်တွေ ဆိုရှယ်မီဒီယာပေါ်မှာ Troll နေကြတာတွေ့မှ ဘောင်းဘီပြဲနေမှန်း သိလိုက်တာ။ ရိုက်တာ တော်တော် အရှိန်ပါသွားတယ်ထင်တယ်။ ဘောင်းဘီပြဲနေမှန်းတောင် မသိလိုက်ပါဘူးဗျာ” လို့ Tom Brady က Insider သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
အင်စတာဂရမ်ဆယ်လီတစ်ချို့ရဲ့ ရယ်ရခက် ငိုရခက်တဲ့ ဖိုတိုရှောပ့်စကေးများ

Pyi Hein Kyaw

SHARE