အင်စတာစဖွင့်တဲ့သူငယ်ချင်းကို Harry Potter ထဲကလို နှုတ်ဆက်ခဲ့တဲ့Tom Felton

instagram/t22felton instagram/ronweasley

Rupert Grint ဟာ အင်စတာဂရမ်စစဖွင့်ချင်းမှာတင် Harry Potter ဇာတ်ကားထဲကလိုနှုတ်ဆက်ခံလိုက်ရပါတယ်။ အသက်၃၂ နှစ်ရှိပြီဖြစ်တဲ့ Harry Potter စတား Grint ဟာ အင်္ဂါနေ့တုန်းကမှ အင်စတာဂရမ်အကောင့်အသစ်ဖွင့်ပြီး ပရိသတ်တွေကိုစပရိုက်လုပ်ခဲ့တာပါ။ သူဟာ ပထမဆုံးဓာတ်ပုံအဖြစ် သူနဲ့ အသက်၂၈နှစ်အရွယ်မင်းသမီး Georgia Groome တို့ရဲ့ရင်သွေးလေးဓာတ်ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

Harry Potter ဇာတ်ကားထဲက နောက်ထပ်စတားတစ်ယောက်ဖြစ်တဲ့ Tom Felton ကတော့ “Welcome Weasley,It’s about time. Love to Wednesday xx.” ဆိုပြီး Grint ကိုနှုတ်ဆက်ခဲ့တာပါ။  တဖန် Fred Weasley အဖြစ်သရုပ်ဆောင်သူ James Phelps ကလည်း အင်စတာဂရမ်ပေါ် ခုမှတက်လာတဲ့ဖခင်အသစ်စက်စက်ကို ချစ်စနိုးနဲ့ခေါ်ဝေါ်နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

READ
Gwyneth Palthrow က သူ့ရုပ်ရှင်ထဲပါခဲ့တာကို မေ့လို့ကြေကွဲခဲ့ရတဲ့ Spider-man
RUPERT GRINT INSTAGRAM

Grint ရဲ့ပို့စ်ကြောင့် မကြာခင် သူ့အင်စတာမှာ follower ၂.၅ သန်းအထိ တက်လာခဲ့ပါတယ်။ Grint ကတော့ သူဆယ်နှစ်လောက် နောက်ကျပြီးမှ အင်စတာဂရမ်ပေါ်ရောက်လာကြောင်းပြောခဲ့ပြီး သမီးလေး Wednesday ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Grint နဲ့ Groome တို့ဟာ မေလ၇ရက်နေ့မှာ သမီးလေးကိုမွေးဖွားခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ သမီးဦးလေးလည်းဖြစ်ပါတယ်။ People သတင်းစာမျက်နှာအရတော့ Grint နဲ့ Groome တို့ဟာ ၂၀၁၁ခုနှစ်ကတည်းက တွဲနေခဲ့တာလို့ဆိုပါတယ်။ Grint ရဲ့ ကလေးသတင်းဟာ Harry Potter ဇာတ်ကောင် Lavender Brown အဖြစ်သရုပ်ဆောင်သူ Jessie Cave ရဲ့ ကလေးမီးဖွားတဲ့ သတင်းတွေကြားကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

View this post on Instagram

 

Hello Mastitis I missed you

A post shared by JeSsIe CaVE (@jessiecave) on

Jessie Cave ဟာဆိုရင် အသက် ၃၃နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ရက်ကမှ တတိယမြောက်သားယောက်ျားလေး Abraham “Bam” Benjamin ကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ Harry Potter ဇာတ်ကားနောက်ဆုံး၃ကားထဲမှာ Pansy Parkinson အဖြစ်ပါဝင်ခဲ့တဲ့ Scarlett Byrne Hefner ဟာလည်း သြဂုတ်လ ၂၄ရက်မှာ Betsy Rose အမည်ရတဲ့ သမီးဦးကလေး မွေးဖွားခဲ့ပါတယ်။ ဒါ့ပြင် Seamus Finnigan အဖြစ် သရုပ်ဆောင်တဲ့ Devon Murray ကလည်း လာမယ့်ဇန်နဝါရီလမှာ ချစ်သူ Shannon McCaffrey နဲ့အတူ ပထမဆုံးရင်သွေးလေးမွေးဖွားတော့မှာဖြစ်တဲ့အကြောင်း ဇူလိုင်လတုန်းက ကြေညာခဲ့တယ်လို့ သိရပါတယ်။


ShweMom

SHARE