အနိုင်ကျင့်ခံရတဲ့ သြဇီကောင်ကို ထူးခြားတဲ့ လက်ဆောင်နဲ့ အားပေးခဲ့တဲ့ Tom Hanks

[email protected] Hanks

လွန်ခဲ့တဲ့တစ်လကျော်လောက်တုန်းက ရုပ်ရှင်မင်းသားကြီး Tom Hanks နဲ့ သူ့ဇနီးဖြစ်သူတို့ COVID 19 ကူးစက်ရောဂါဖြစ်တဲ့ သတင်းကို တော်တော်များများသိကြမှာပါ။ အခုအချိန်မှာတော့ Tom Hanks တို့ ဇနီးမောင်နှံနှစ်ယောက်စလုံး ပြန်လည်သက်သာပြီး ရောဂါပျောက်ကင်းသွားပြီပဲ ဖြစ်ပါတယ်။ နေပြန်ကောင်းလာပြီဖြစ်တဲ့ Tom Hanks ဟာ သူနေမကောင်းတဲ့ပို့စ်မှာ အားပေးစကားလာပြောတဲ့ သြဇီကောင်လေးတစ်ယောက်ကို လက်နှိပ်စက်တစ်လုံးပေးခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Corona De Vires လို့ အမည်ရတဲ့ ၈ နှစ်သားသြဇီကောင်လေးတစ်ယောက်ဟာ Tom Hanks ပို့စ်အောက်မှာ “ ခင်ဗျားနဲ့ ခင်ဗျားဇနီး COVID 19 ကူးစက်ရောဂါရတဲ့အကြောင်း သတင်းမှာတွေ့လိုပ်ရတယ်။ ခင်ဗျားတို့နှစ်ယောက်စလုံး နေအမြန်ပြန်ကောင်းလာဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ စကားမစပ်ကျွန်တော့် နာမည်က Corona De Vires ပါ။ နာမည်မှာ Corona ပါလို့ ကျောင်းက သူငယ်ချင်းတွေက ကျွန်တော့်ကိုဆို အရမ်းနှိမ်ကြတာပဲ။ ကျွန်တော့်နာမည်အတွက် ဝမ်းလည်းဝမ်းနည်းတယ်။ ဒေါသလည်းထွက်တယ်ဗျာ” လို့ ကလေးပီပီ comment ဝင်ပေးခဲ့ပါတယ်။

ဒီ comment ကို တွေ့သွားတဲ့ Tom Hanks ကတော့ “ မင်းရဲ့စကားတွေကြောင့် ငါတို့ လင်မယားနှစ်ယောက်လုံး ဝမ်းသာကြည်နူးရပါတယ်။မင်းအတွက်ငါ ပစ္စည်းတစ်ခု ပို့လိုက်မယ်။ အဲဒီပစ္စည်းရဲ့ အသုံးဝင်ပုံတွေ ငါ့ကို ပြန်ပြောပြနော်။ စကားမစပ်  မင်းနဲ့ ငါ အခုချိန်ကစပြီး ဘော်ဒါတွေ ဖြစ်သွားပြီနော်”လို့ comment ပြန်ပေးခဲ့ပါတယ်။ Tom Hanks ပို့ခဲ့တဲ့ ပစ္စည်းကတော့ Corona လို့ အမည်ရတဲ့ လက်နှိပ်စက်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ လူတစ်ယောက် ဒါမှမဟုတ် ပစ္စည်းတစ်ခုမှာ နာမည်က အဓိကမကျကြောင်း၊ အဓိကကျတာကတော့ စွမ်းဆောင်ရည်ဖြစ်ကြောင်း၊ အဲဒီတော့ စိတ်ဓာတ်မကျပဲ ကိုယ်လုပ်စရာရှိတာကိုသာ လုပ်ဖို့နဲ့ အရာအာလုံးမှာ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ရှိကြောင်းကို ပြောပြချင်တာပဲ ဖြစ်ပါတယ်။

READ
ပုရိသတွေရဲ့ အသည်းကို ခြွေအုံးမယ့် ခင်ဝင့်ဝါလေးရဲ့ ဗီဒီယိုဖိုင်

Pyi Hein Kyaw

SHARE