သွေးရည်ကြည် တွေ ထပ်လှူခဲ့တဲ့ မင်းသားကြီး Tom Hanks

Image:IG/Tom Hanks

Tom Hanks  က တော့ ကိုဗစ်ကို အံတုနိုင်ခဲ့သူ တွေ ထဲက တစ်ယောက်ပါ။အသက် (၆၃)နှစ် မို့ အသက် ကြီး ပိုင်းထဲကို ရောက် နေပေမယ့်လည်း ကိုဗစ် ကို ပြန် တွန်းလှန် နိုင်ခဲ့ပါတယ်။COVID -19 အတွက် လေ့လာ သု တေသနတွေ လုပ်ဖို့ အတွက် Tom Hanks  က တော့ သွေးရည် ကြည် လှူဒါန်း ပေးခဲ့ပါတယ်။မေလ (၂၇)ရက်ေ န့က တော့ သူ့ရဲ့ IG မှာ သွေးရည် ကြည်လှူဒါန်းမှု နဲ့ ပတ်သက်ပြီး Post တင်ခဲ့ပါတယ်။ဒီ အ ကြောင်းကိုတော့ CNN မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

Plasmatic on 3! 1,2,3 PLASMATIC! Hanx

A post shared by Tom Hanks (@tomhanks) on

Covid-19 ကို  တွန်းလှန်တိုက်ခိုက်နိုင်ဖို့ အတွက် ဒီ ရောဂါ က နေ ပြန် ကောင်းလာသူ တွေ ရဲ့ေ သွးရည် ကြည် တွေ ကို ယူပြီး သု တေ သန တွေ ပြုလုပ် နေပါတယ်။ပြန်ကောင်းလာသူ တွေ ရဲ့ သွေးရည် ကြည်မှာ ရောဂါ ကို ခုခံ တွန်းလှန် နိုင်တဲ့ Antibodies တွေ များ ပါ နေ မလား၊ဒါ တွေ က ကပ်ရောဂါ ကို ကာကွယ်ဖို့ ဆေး ဒါမှမဟုတ် ကုသ ပျောက်ကင်း စေတဲ့ ဆေး ဖန်တီး ရာမှာ အကူအညီ ဖြစ် စေနိုင်ပါတယ်။Hanks တင်ထားတဲ့ ပုံမှာတော့ “Plasmatic on 3! 1,2,3 PLASMATIC! Hanx.” လို့ Caption တွေ ထပ် ရေးထားပါတယ်။အခု တစ်ကြိမ် ကတော့ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လ တုန်းကလည်း သွေးရည် ကြည်လှူဒါန်းမှု လုပ်ခဲ့ ဖူးပါတယ်။

 

View this post on Instagram

 

Here’s last week’s bag of plasma. Such a bag! After the paperwork, it’s as easy as taking a nap. Thanks @arimoin and UCLA. Hanx

A post shared by Tom Hanks (@tomhanks) on

Hanks နဲ့ ဇနီးဖြစ်သူ Rita Wilson တို့ ဟာ  ကိုရိုနာကူးစက်ခံရ  တဲ့ အတွက် မတ်လ အ စောပိုင်း က သြစ တြေး လျ Aueensland က ဆေး ရုံမှာ ကုသမှု ခံယူခဲ့တာပါ။ဇနီးမောင်နှံ နှစ်ယောက်လုံးက တော့ သူတို့ရဲ့ သွေး ရည် ကြည်က Covid-19 ကုသမှု သု တေသန လုပ်ငန်း အတွက် အ ထောက်အကူဖြစ် စေဖို့ မျှော်လင့် နေကြပါတယ်။ ရောဂါ ကူးစက်ခံခဲ့ရတုန်းက Hanks က  ဆိုးဆိုးရွားရွား မခံစားခဲ့ရ ပေမယ့် ဇနီးဖြစ်သူ Rita က တော့ ပြင်း ပြင်း ထန် ထန် ခံစားခဲ့ရပါတယ်။အဖျားတွေ တက်၊အနံ့ နဲ့ အရ သာ တွေ လည်း ပျောက် ခဲ့သလို အော့အန် တဲ့ ဝေ ဒနာ တွေ လည်း သုံးပတ် လောက် ခံစားခဲ့ရပါတယ်။Rita ကလည်း သူမ အတွက် ခံရခက်တဲ့ ရောဂါ လက္ခဏာ ကတော့ ဖျားတာ ယားယံတဲ့ ဝေဒနာ လို့ ပြောခဲ့ပါတယ်။ယားယံ တဲ့ ဝေဒနာကို လည်း ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီးေ နာက် ဖျားတာ စ တာပဲ လို့  Rita က ဆိုပါတယ်။

#SHWEMOM

READ
ချူစား၊လိမ်စား တတ်တဲ့ချစ်သူမျိုးတွေနဲ့ပဲ ကြုံခဲ့ကြောင်း ပြောပြလာတဲ့ ပိုပို
SHARE