ရုပ်ရှင်မင်းသားကြီး Tom Hanks ရောက်လာအောင် ပရိယာယ်သုံးခဲ့တဲ့ ကော်ဖီဆိုင်

ကနေဒါနိုင်ငံက တိုရန်တိုမြို့ လက်စ်လီဗီးလ်ရပ်ကွက်မှာ ဖွင့်ထားတဲ့ Grinder Coffee ဟာ ထူးခြားတဲ့ကော်ဖီိဆိုင်ပါ။ နှစ်စဉ်နှစ်တိုင်း မြို့မှာ ကျင်းပပြုလုပ်မြဲဖြစ်တဲ့ တိုရန်တိုအပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်အချိန်ရောက်တဲ့အခါတိုင်း Grinder Coffee ဟာ နာမည်ကျော်အနုပညာရှင်တစ်ဦးကို ဆိုင်ကို မလာလာအောင် ဖိတ်ခေါ်ဖို့ အမြဲကြိုးစားလေ့ရှိပါတယ်။

 

ဒီနှစ်မှာတော့ Grinder Coffee ဟာ မင်းသားကြီး Tom Hanks ကို ဖိတ်ခေါ်ထားပါတယ်။ #tomneedsgrinder hashtag နဲ့ ဆိုင်ကို Tom Hanks လာချင်အောင် ကမ်ပိန်းတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကမ်ပိန်းက အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ ညနေပိုင်းမှာတော့ Tom Hanks ဟာ Grinder Coffee ကို ရောက်လာခဲ့ပါတယ်။

READ
"ဘူဒူရေငတ်လဲ....သိုက်မျယ်"ဆိုတဲ့ လုလုအောင်
Instagram/roman_ruin

ဆိုင်မှာ သောက်စရာလေးတစ်ခုမှာကာ အတန်ကြာစကားစမြည်ပြောဆိုခဲ့ပြီးနောက်မှာတော့ သူဟာ ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ Tom Hanks ဟာ Gerrad East တစ်လျှောက်လမ်းလျှောက်သွားခဲ့ကာ ကလေးတစ်ယောက်ကို ချီပြီးတော့လည်း ပရိတ်သတ်တွေနဲ့အတူ ဓာတ်ပုံအရိုက်ခံခဲ့တာကိုလည်း အခုလို တွေ့မြင်ရမှာပါ။

Instagram/frankiecastiyo

လင်းလင်း (ShweMom)

SHARE