ခွေးလေး Bear ကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးလိုက်တဲ့အခါ သူ့ကိုလူတိုင်းက ချစ်ခင်နှစ်သက်ကြပါတယ်။
Bear ဟာ သြစတြးလျ တောမီးလောင်ပြင်မှာ ဒုက္ခရောက်နေတဲ့ ခိုအားလားလေးတွေကို ရှာဖွေကယ်ဆယ်နေတဲ့ ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။ ဒီလိုကယ်ဆယ်ရေးတွေလုပ်ဖို့ အထူးလေ့ကျင့်ပေးခြင်းခံထားရတာကြောင့် ဒီကယ်ဆယ်ရေးလုပ်ငန်းတွေကို ခွေးလေး Bear တစ်ကောင်သာ ကယ်ဆယ်ရေးသမားတွေနဲ့ အတူလုပ်ဆောင်ခဲ့ရတဲ့အကြောင်း ShweMom မှာ ဖော်ပြခဲ့ပြီးပါပြီ။
သရုပ်ဆောင်မင်းသား Tom Hanks ကတော့ အခုလိုသက်စွန့်ဆံဖျားကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ ခွေးလေး Bear အကြောင်းကို လူတိုင်းသိစေဖို့အတွက် ဆန္ဒရှိနေပါတယ်။
It’s a beautiful day in the neighborhood for some Nice Tweets, read by @tomhanks himself! pic.twitter.com/hwrLU5Vqu8
— Twitter Movies (@TwitterMovies) November 27, 2019
Bear ရဲ့အကြောင်းကို Disney ရုပ်ရှင်ကားတစ်ကားအဖြစ်ရိုက်ကူးပြီး လူအများသိအောင်ပြုလုပ်ချင်ကြောင့် Hanks ကသူ့ရဲ့တွစ်တာမှြာေ ပာကြားခဲ့ပါတယ်။ဒီကားလေးကို လူတိုင်းသဘောကျမှာအသေအချာပဲလို့လည်းပြောခဲ့ပါတယ်။
Disney ကုမ္ပဏီအနေနဲ့ ခွေးလေး Bear ရဲ့သူရဲကောင်းဆန်တဲ့ကြိုးစားအားထုတ်မှုတွေကို ရုပ်ရှင်တစ်ခုအဖြစ်လုပ်ရန် သာလိုအပ်ပါတယ်လို့လည်းဆိုပါတယ်။
This is Bear. He was abandoned as a puppy due to his OCD, but quickly found a new life as a koala detection dog. As wildfires devastate Australia’s east coast, Bear is doing his best to locate any injured or misplaced koalas. He’s their unexpected savior, and our thirteenth 15/10 pic.twitter.com/dWe8tWbEJo
— WeRateDogs® (@dog_rates) November 21, 2019
Bear ဟာ သြစတြေးလျတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်း IFAW ရဲ့အဖွဲ့ဝင်ဖြစ်ပါတယ်။ဒါ့အပြင် ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ရှာဖွေရေးခွေးတွေကို လေ့ကျင့်သင်ကြားပေးတဲ့ခွေးတစ်ကောင်လည်းဖြစ်ပါတယ်။ ခွေးတစ်ကောင်ရဲ့အနံ့ခံနိုင်မှုဟာ အဆပေါင်း(၁)သောင်းလောက်အထိပိုများနိုင်ပါတယ်လို့ IFAW အဖွဲ့အစည်းကသူ့ရဲ့ဝက်ဘ်ဆိုက်မှာပြောကြားထားပါတယ်။ IFAW အဖွဲ့ကလည်း Bear လေးကိုကူညီနိုင်ဖို့ အခြားခွေးတွေကိုလည်း လေ့ကျင့်သင်ကြားမှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။
Thae Su