ဇာတ်ကောင်သစ်တစ်ခုအတွက် ကတုံးတုံးလိုက်ပြီဖြစ်တဲ့ Tom Holland

Twitter/Tom Holland

Spidey fan တွေရဲ့ အချစ်တော် Tom Holland ကတော့ Russo Brother နဲ့ ရိုက်မယ့်  Cherry ရုပ်ရှင် ထဲက ဇာတ်ကောင်တစ်ခုအတွက် ကတုံးတုံးခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ Tom Holland က Iraq ကနေပြန်လာတဲ့ ဆေးစစ်သားဟောင်း တစ်ယောက် အနေနဲ့သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကောင်အတွက် တကယ့်စစ်မှုထမ်းဟောင်းနဲ့ တွေ့ဆုံလေ့လာခဲ့ရပြီး ပုရိသတ်တွေကတော့ Tom Holland ရဲ့ နောက်ထပ်အသစ်လာမယ့်ဇာတ်ကောင်အတွက်စိတ်လှုပ်ရှားနေကြပါတယ်။ ဇာတ်ကောင်အတွက် ပြောင်းလဲလိုက်ရတဲ့ဆံပင်ပုံစံအပေါ်မှာတော့ ပရိသတ်တွေကြား ဝေဖန်မှုတွေများပြားခဲ့တာပါ။

 

Tom Holland ရဲ့ ဆံပင်ပုံစံ အသစ်ကို သူ့ရဲ့ fan တစ်ယောက်က နာမည်ကြီး Rap အဆိုတော် Eminem နဲ့ နှိုင်းယှဉ်ပြခဲ့ပါသေးတယ်။  ပုရိသတ်တော်တော်များများကတော့ Tom Holland ကို ကတုံးတုံးလိုက်ပေမယ့်လည်း ချစ်စရာကောင်းပြီး ချောနေတုန်းပါပဲ လို့သတ်မှတ်ခဲ့ကြပါတယ်။

READ
"အမှားတွေ ရှိခဲ့တာတွေ ပြန်ပြင်ဆင်ရင်းနဲ့ ဆက်ကြိုးစားသွားမယ်" ဆိုတဲ့ ရွှေထူး

Tom Holland က ပြီးခဲ့တဲ့ ဇူလိုင်လရဲ့ ပွဲတော်တစ်ခုမှာ အမျိုးသမီးတစ်ယောက်နဲ့လည်း သမုတ်ခြင်းခံခဲ့ရပါသေးတယ်။ အဲ့အတွက် “ကျွန်တော်ဒီလို အပေါစားသတင်းတွေမှာ ပါရတာ ပထမဆုံးအကြိမ်ပါ။ ဒီလိုဖြစ်ခဲ့ရတဲ့ အတွက်လည်းတော်တော်အံ့သြရပါတယ် နောက်ဆိုရင်တော့ ဒီလိုမျိုးတွေမဖြစ်အောင်ဆင်ခြင်နေထိုင်သွားမယ်လို့” Tom Holland ကပြောခဲ့ပါတယ်။

 

ကတုံးတုံးလိုက်ရပေမယ့်လည်း Tom Holland ကတော့ ပုရိသတ်တွေရဲ့အချစ်ကို အခိုင်အမာရထားဆဲပဲဖြစ်ပါတယ်။

Lwin Min

SHARE