လက်တွေ့ဘ၀ထဲလည်း သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ Tom Holland

Beretta/Sims/Shutterstock

လက်ရှိ Spider-Man မင်းသား Tom Holland ဟာ  ရုပ်ရှင်ထဲမှာတင်မဟုတ်ဘဲ အပြင်လက်တွေ့ဘ၀မှာလည်း တကယ်ကို သူရဲကောင်း စိတ်ဓာတ်အပြည့်အ၀ရှိတယ်ဆိုတာကို လုပ်ရပ်နဲ့တကွ သက်သေပြခဲ့ပါတယ်။

ပြီးခဲ့ ဇွန်လ ၂၈ ရက်နေ့တုန်းက မင်းသားဟာ Spider-Man: Far From Home ရုပ်ရှင်အသစ်အတွက် နယူးကို ပရိုမိုးရှင်းဆင်းဖို့ သွားရောက်ခဲ့ပါတယ်။ ပရိတ်သတ်ထုကြီးကလည်း မင်းသားရောက်လာချိန်မှာ လက်မှတ်ရဖို့အတွက် ၄င်းတို့ရဲ့ ဆိုင်း ပိုစတာတွေ၊ တခြား အမှတ်တရ ပစ္စည်းတွေနဲ့ တိုးကြ ကြိတ်ကြဖြစ်ကုန်ကြပါတယ်။

twitter

အဲ့ဒီ့လို တိုးကြရင်းနဲ့ အကာ၊ အတန်းနားက အမျိုးသမီးတစ်ယောက် လူအုပ်ကြီးရဲ့ တိုးတဲ့ ဒဏ်၊ ရုတ်ရုတ် ရုတ်ရုတ် ဟန်တွေကြောင့် စိတ်တွေလှုပ်ရှားပြီး ထိန်းမနိုင် သိမ်းမရဖြစ်အောင် ကြောက်စိတ်တွေ မွှန်သွားခဲ့ပါတယ်။

READ
Reflection ရုပ်ရှင်ဇာတ်ကားကို သွားရောက်အားပေးခဲ့ပြီး ချီးကျူးစကားဆိုခဲ့တဲ့ ခိုင်သင်းကြည်
twitter

ဒီလိုအချိန်မှာ မင်းသားဟာ အနားကို ရောက်လာခဲ့ပြီး အမျိုးသမီးငယ်ကို သက်သာရာ ရစေရန် ကူညီပေးခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ဆက်တိုးနေမယ်ဆိုရင် ပိုစတာအကုန်လုံးကို လွှတ်ပစ်မယ်ဆိုပြီး ပထမတစ်ကြိမ် ပြောခဲ့ပါတယ်။

twitter

သူ့ရဲ့ စကား တိုးမပေါက်တဲ့ အခါမှာ တကယ်ကိုပဲ ပြောတဲ့အတိုင်း လုပ်ပစ်ခဲ့ပါတယ်။ ဒီနေရာမှာတင် မပြီးသေးဘဲ အမျိုးသမီးငယ်ရဲ့ အခြေအနေ စိတ်ချရတဲ့ အခြေအနေရောက်တဲ့ထိ ဖေးမပေးခဲ့ပါတယ်။ အခုလို Holland ရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကို ၄င်း အမျိုးသမီးက တွစ်တာပေါ်မှာ အကုန်ပြန်လည် ဖော်ပြခဲ့ပြီး ဓာတ်ပုံတွဲ မရိုက်လိုက်နိုင်လို့လည်း ယူကျုံးမရဖြစ်နေပုံပါပဲ။

 

twitter

 

Matthew (ShweMOM)

SHARE