တမူထူးခြားတဲ့ Spider-Man အဖြစ် ပြန်လာခဲ့မယ်လို့ ပြောခဲ့တဲ့ Tom Holland

TomHolland/Instagram_Sony Pictures

ကျွန်တော်တို့ Spidey Fan များရဲ့ အချစ်တော် Tom Holland ဟာ Marvel နဲ့လက်တွဲဖြုတ်လိုက်ရပေမယ့်လည်း အရင်နဲ့ မတူတဲ့ Spidey အဖြစ်ပြန်မြင်ရဖို့ရှိနေပါတယ်။ ဒါဟာ Spidey Fan တွေအတွက်တော့ဝမ်းသာစရာသတင်းပါပဲ။

ဒီိကိစ္စနဲ့ပတ်သက်ပြီး Far From Home ကိုရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Chris McKenna နဲ့ Erik Sommers တို့က တတိယမြောက် Spider-Man ရုပ်ရှင်ထွက်မယ့် အကြောင်း အတည်ပြု ပြောခဲ့ပါတယ်။ ဒါပေမယ့် Home coming ကို ရိုက်ခဲ့တဲ့ Director John Watt ပြန်ပါမပါကတော့ စောင့်ကြည့်ရပါဦးမယ်။ ဘာလို့လဲဆိုတော့ Marvel ကနောက်ထပ်ရုပ်ရှင်တွေ ရိုက်ဖို့အတွက် John Watt ကို ကမ်းလှမ်းထားတဲ့အတွက်ကြောင့်ပါ။

READ
အနီရောင်ပွဲတက်ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိလွန်းနေတဲ့ မင်းသမီးချော အေးမြတ်သူ

 

 

View this post on Instagram

 

We did it Mr Stark!

A post shared by Tom Holland (@tomholland2013) on

ဘယ်လိုပဲဖြစ်ဖြစ် Tom Holland ကတော့ နောက်ထွက်မယ့် Spider-Man ဟာအရင်နဲ့မတူ ထူးခြားမူတွေယူဆောင်လာမယ့် အကြောင်းအခိုင်အမာပြောခဲ့ပါတယ်။ Marvel နဲ့ လက်တွဲခဲ့ရတဲ့ (၅)နှစ်ဟာ သူ့အတွက် မမေ့နိုင်တဲ့ အတိတ်ဖြစ်ပြီး Sony နဲ့ ရှေ့အနာဂတ်ကို ပိုမိုထူးခြားတဲ့ Spider-Man အနေနဲ့ လက်တွဲသွားမယ့်အကြောင်းပြောခဲ့ပါတယ်။

TomHolland/Instagram

Sony အနေနဲ့ အရင်ကတည်းက Spider-Man မင်းသားဟောင်းကြီး Tobey Maguire နဲ့ Spider-Man ဇာတ်ကားများ ရိုက်ကူးခဲ့ပြီး အဲ့နောက်မှာ Andrew Garfield နဲ့ The Amazing Spider-Man ကို franchise ရိုက်ကူးခဲ့ပါတယ်။ ဒါ့ပြင် Marvel နဲ့ လက်တွဲပြီး ရိုက်ခဲ့တဲ့ Home Coming နဲ့ Far From Home တို့က Sony ရဲ့ သမိုင်းမှာ ဝင်ငွေအများဆုံးစံချိန်ချိုးခဲ့တဲ့အတွက် Sony အနေနဲ့ Spider-Manကို နောက်တစ်ကြိမ်ပွဲထုတ်မှာကတော့ အသေအချာပဲဖြစ်ပါတယ်။

READ
နိုင်ငံပေါင်း(၁၁၀)ကျော်မှာ ရောင်းချနိုင်ခဲ့တဲ့ ‘Battleship Island’

Lwin Min

SHARE