Back To The Future ကို ပြန်ရိုက်ကူးမည်ဟု Tom Holland အတည်ပြုပြောကြား

YouTube/EZRyderX47

ရုပ်ရှင်ကြမ်းပိုးတိုင်းလိုလို စွဲလမ်းခဲ့ဖူးကြမယ့် ရုပ်ရှင်တွေထဲမှာ Back to the Future ရုပ်ရှင် သုံးကား ပါဝင်မှာပါ။ အချိန်ခရီးသွားခြင်းအကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ အဆိုပါ ရုပ်ရှင်သုံးကားဟာ အလွန်နာမည်ကြီး လူကြိုက်များတဲ့ ရုပ်ရှင်တွေပါ။ အဆိုပါ ရုပ်ရှင်သုံးကားကတော့ Back to the Future ၊ Back to the Future Part II ၊ Back to the Future Part III တို့ ဖြစ်ကြပါတယ်။

အခုတော့ တစ်ကြိမ်တစ်ခါက နာမည်ကြီးလူကြိုက်များတဲ့ Back to the Future ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးဖို့ စီစဉ်နေပါပြီ။ Remakeအဖြစ် ပြန်လည် ရိုက်ကူးဖို့အတွက် သေချာသလောက်ရှိနေပြီဖြစ်တယ်လို့ ဗြိတိန်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Tom Holland ကအတည်ပြုပြောခဲ့ပါတယ်။ Tom Holland ဟာလည်း အဆိုပါ Remake ရုပ်ရှင်ထဲမှာ ပါဝင်လိမ့်မယ်လို့ သိရပေမယ့် ဘယ်ဇာတ်ကောင်နေရာက ပါဝင်လာမလဲဆိုတာကိုတော့ အတိအလင်းမပြောသေးပါဘူး။

 

 

View this post on Instagram

 

We did it Mr Stark!

A post shared by Tom Holland (@tomholland2013) on

မူရင်း ရုပ်ရှင်တွေဖြစ်တဲ့  Back to the Future ရုပ်ရှင်တွေဟာ အခုအချိန်မှာဆိုရင်တော့ လုံးဝကို ဂန္ထဝင်ရုပ်ရှင်ကားစာရင်း ဝင်သွားခဲ့ပါပြီ။ ၁၉၈၅ ခုနှစ်က ရုံတင်ပြသခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့တဲ့  Back to the Future ရုပ်ရှင်ကို ဒီကနေ့ခေတ် ကွန်ပျုတာနည်းပညာတွေ၊ CGI Effect တွေနဲ့ဆိုရင်တာ့ ပိုကြည့်ကောင်းမှာ အသေအချာပါပဲ။ အချိန်ခရီးသွားစက်ကို တင်ဆောင်ထားတဲ့ ကားတစ်စင်းနဲ့ အတိတ်ကို ပြန်လည်သွားရောက်ခဲ့တဲ့ လူငယ်လေးတစ်ယောက်အကြောင်းဟာ အသစ်ပြန်လည် ရိုက်ကူးမယ်ဆိုရင်တော့ လုံးဝကို အမိုက်စားနေမှာပါပဲ။ အီလက်ထရောနစ်သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Doc ဆိုတဲ့ လူတစ်ယောက်နဲ့ Marty လို့ ခေါ်တဲ့ လူငယ်တစ်ယောက်ရဲ့ အချိန်ခရီးသွားစွန့်စားခန်းများဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း YouTube မှာ EZRyderX47 ဆိုတဲ့ ရုပ်သံချယ်နယ်တစ်ခုနေ မူရင်း Back to the Future ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းဗီဒီယိုဖိုင်ကို တင်ရှိခဲ့ပါတယ်။ အဆိုပါ Deepfake ဇာတ်ဝင်ခန်းဗီဒီယိုထဲမှာ ပါတဲ့ Doc နဲ့ Marty တို့ရဲ့ မျက်နှာမှာ Tom Holland နဲ့ Robert Downey Jr တို့ရဲ့ မျက်နှာကို အစားထိုးပြီး ထည့်ထားခဲ့ပါတယ်။ အဆိုပါ  deepfake video ဟာ နှစ်ပတ်အတွင်း ကြည့်ရှု့သူ ၅.၈ သန်းအထိ ရောက်ရှိခဲ့ပြီး ဒါဟာ Doctor Stange ကြည့်ခဲ့တဲ့ အနာဂါတ်ရဲ့ဖြစ်နိုင်ချေသန်းပေါင်းများစွာထဲက တစ်ခုဖြစ်လို့ ဟာသသဘောနဲ့ Comment တွေ ရေးသားခဲ့ကြပါတယ်။

အဆိုပါ Deepfake ဗီဒီယိုဖိုင်ဟာ တခဏအတွင်း လူစိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်လာခဲ့ပြီး Tom Holland နဲ့Robert Downey Jr. နှစ်ယောက်ကိုလည်း Back To the Future ရုပ်ရှင်ကားကို ပြန်လည် ရိုက်ကူးဖို့ ပရိသတ်တွေက တောင်းဆိုလာခဲ့ကြပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ကို Tom Holland တစ်ယောက် ကြည့်မိသွားခဲ့ပုံပေါ်ပါတယ်။ တကယ့်ကိုပဲ Back to The Future ရုပ်ရှင်ကိုပြန်လည် ရိုက်ကူးမယ့် Remake ရုပ်ရှင်ဟာ တကယ်ဖြစ်လာတော့မယ့်အကြောင်းကို အင်တာဗျုးတစ်ခုမှာ ဖွင့်ဟခဲ့တာပါ။

ဒီအကြောင်းကို Tom Holland က အခုလိုပြောခဲ့ပါတယ်။

“ဒီ Remake ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး ကျနော်တို့  စကားတစ်စုံတစ်ရာမျှ ပြောဆိုခဲ့ခြင်းမရှိလို့ ကျနော်ပြောရင် လိမ်ရာ ရောက်နေမှာပါ။ ဒါပေမယ့် ဒီ Back to the Future ရုပ်ရှင်ကတော့ ပြီးပြည့်စုံတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပေါ့။ ဒီလို ဘယ်သူမှ ဒီထက်ပိုကောင်းအောင်မရိုက်နိုင်ပါဘူး။ အဲဒီ Deep fake ဗီဒီယိုဖိုင်က တကယ့်ကို ကောင်းမွန်တဲ့ ဗီဒီယိုဖိုင်တစ်ခုဖြစ်တာကြောင့်လည်း သူတို့ကို အကြွေးတင်သွားခဲ့ပြီ။ ဒါကြောင့် အဲဒီ Deep Fake ဗီဒီယိုထဲကလို တကယ်ဖြစ်လာမလားဆိုတာကို Robert နဲ့ သွားတွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပြောပြပါဦးမယ်”

Ye Yint Kyaw

SHARE