Spider-Man ကိစ္စမှာ Sony နဲ့ MCU ပြန်တည့်ဖို့အတွက်ကြားဝင်ခဲ့တဲ့ Tom Holland

[email protected], Spider-Man: Far From Home

ပြီးခဲ့တဲ့ သြဂုတ်လလောက်တုန်းက Tom Holland ကို နောက်ထပ် Spider-Man အဖြစ် ထပ်မြင်နိုင်ဖို့ဆိုတာ မသေချာတော့ပါဘူးဆိုပြီး သတင်းဟာ ဟိုးလေးတကျော်ဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ ဒီလိုပါ။

Spider-Man ဟာ Marvel ရဲ့ မူရင်း comic ဇာတ်ကောင်တစ်ကောင်ဖြစ်ပေမယ့်လို့ Sony ကို ဒီဇာတ်ကောင်ကိုရုပ်ရှင်ရိုက်ခွင့်ရှိတယ်ဆိုတဲ့ မူပိုင်ခွင့်ကို Marvel က ရောင်းထားပစ်ခဲ့တာ ကြာနေပါပြီ။ ၂၀၁၅ ရောက်ကာမှ Sony နဲ့ Disney ဟာ Spider-Man ဇာတ်ကောင်နဲ့ပတ်သက်ပြီး သူတို့နှစ်ယောက်ပူးပေါင်းသွားမယ်လို့ ကြေငြာချက်တွေ အပြန်အလှန်ထုတ်ပြန်ခဲ့ပြီးနောက် Tom Holland လေးကို ရွေးချယ်ကာ ရုပ်ရှင်တွေဖန်တီးနေခဲ့တာပဲဖြစ်ပါတယ်။

 

 

View this post on Instagram

 

Spiderman far from home hitting theatres like…

A post shared by Tom Holland (@tomholland2013) on

ဒီလိုသဘောတူညီလိုက်တဲ့ အပေါ်မှာ စည်းမျဉ်းတွေတော့ ရှိနေသေးတာပေါ့။ (၁) Box Office ကရတဲ့ အကျိုးအမြတ်အကုန်လုံးနီးပါးကို Sony ဖက်ကယူမယ်၊ (၂) ရုပ်ရှင်ရိုက်ကူးရေးကိုတော့ Marvel ကနေ တာဝန်ယူဆောင်ရွက်မယ်၊ (၃) Tom Holland သရုပ်ဆောင်ထားတဲ့ Spider-Man ရဲ့ ဝတ်စုံတွေ၊ အရုပ်တွေ၊ comic တွေအစရှိတဲ့ ရုပ်ရှင်ကလွဲပြီး ကျန်တဲ့ ပစ္စည်းပစ္စယျရောင်းရငွေတွေအားလုံးကတော့ Marvel ကယူမယ်၊ (၄) ရုပ်ရှင်အမြတ်ငွေရဲ့ ၅% ကိုပဲ Marvel က ယူပေးမယ်၊ (၅) Tom Holland ရဲ့ Spider-Man ကို solo movie အပြင် တခြား superhero ဇာတ်ကားတွေမှာလည်း သုံးခွင့် Marvel က ရရှိမယ် စတာတွေပဲဖြစ်ပါတယ်။ အဲဒီ ၅ ချက်ကတော့ အဓိကအချက်တွေပေါ့။

READ
အသက်ကြီးမှ ပိုချော၊ပိုလှလာတဲ့ တစ်ချိန်က ကိုရီးယား ကလေးသရုပ်ဆောင်များ

နောက်ဆုံးထွက်ခဲ့တဲ့ Spider-Man: Far From Home ကတော့ Spider-Man သမိုင်းတစ်လျှောက် ပထမဆုံးဘီလီယံချီမြတ်ခဲ့တဲ့ ရုပ်ရှင်တစ်ကားတစ်ခုအဖြစ် စံချိန်တင်ခဲ့ပြီး ဝင်ငွေဘီလီယံချီခဲ့တာကြောင့် Box Office ထဲလည်း ဝင်သွားခဲ့ကာ အောင်မြင်မှုတွေ တော်တော်လေးကို ရရှိခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုတွေရတာကြောင့်ပဲလားမသိဘူး Marvel နဲ့ Sony တို့ နောက်လာမယ့် Spider-Man ရုပ်ရှင်တွေအတွက် ရုပ်ရှင်ဝင်ငွေရဲ့ ၅% သာရနေတဲ့ Marvel ဟာ နောက် Spider-Man ရုပ်ရှင်တွေကစလို့ ၅၀% ယူမယ်ဆိုပြီး Sony နဲ့ ညှိနှိုင်းခဲ့ပါတယ်။  ဒါကို အရင်တုန်းက ဝင်ငွေအကုန်လုံးနီးပါးရနေခဲ့တဲ့ Sony က လက်မခံခဲ့တာကြောင့် Marvel ရဲ့ ခေါင်းကိုင်ဖခင်ကြီး Kevin Feige ဖက်မှစကာ သဘောတူညီမှုကို ဖျက်သိမ်းသွားခဲ့ပါတော့တယ်။ ဒါကို အရင်တုန်းက ဝင်ငွေအကုန်လုံးနီးပါးရနေခဲ့တဲ့ Sony က လက်မခံခဲ့တာကြောင့် Marvel ရဲ့ ခေါင်းကိုင်ဖခင်ကြီး Kevin Feige ဖက်မှစကာ သဘောတူညီမှုကို ဖျက်သိမ်းသွားခဲ့တာပါ။

READ
ရုပ်ရှင်သစ်မှာ J-Lo ကြောင့် နှာခေါင်းရိုးကျိုးလုဆဲဆဲ၂ခါတောင်ဖြစ်ခဲ့တယ်ဆိုတဲ့ Constance Wu
[email protected]
[email protected]

ဒါပေမဲ့ MCUxSony ရဲ့ Spider-Man လေး ပြန်လာပါပြီဆိုပြီး Buzz Feed မှာ ဖတ်ခဲ့ရပါတယ်။ မင်းသားကလည်း Tom Holland နဲ့ပါပဲတဲ့။ ဒီလိုသတင်းထွက်လာဖို့ အဓိကအားထုတ်ခဲ့သူကတော့ Tom Holland လေးပါပဲတဲ့။ ကတောက်ကဆဖြစ်နေကြတဲ့ Sony နဲ့ Disney ပိုင်ဆိုင်တဲ့ MCU (Marvel Cinematic Universe) တို့ကြား ကြားဝင်စေ့စပ်ပေးခဲ့တာပေါ့။ အရင်ဆုံး Disney CEO Bob Iger ကို တိုက်ရိုက်ဆေွးနေးခဲ့တယ်၊ ပြီးတဲ့အခါမှာတော့ Sony ရဲ့လူကြီး Tom Rothman ဆီကိုသွားကာ Disney နဲ့ ပြန်ဆွေးနွေးကြည့်ပါလားဆိုပြီး  သွားဖျောင်းဖျခဲ့ပါတယ်တဲ့။ Tom ကတော့ ဒီလိုဆွေးနွေးရာမှာ သူ့ရဲ့ Spider-Man ဇာတ်ကောင်လေးဟာ fan အင်အားလည်း တောင့်တင်းလာသလို နောက်ဆုံးထွက်ထားတဲ့ Far From Home ဆိုရင်လည်း တန်းလန်းကြီးဖြစ်နေတာကြောင့် ဇာတ်လမ်းဆက်ထပ်ရိုက်ကို ရိုက်ရမှဖြစ်မယ်ဆိုပြီး ပြောခဲ့တာပါတဲ့။

Tom Holland လေးရဲ့ကြိုးစားမှုကြောင့်ပဲ Disney ရဲ့ MCU နဲ့ Sony တို့ဟာ အခုဆိုရင် သဘောတူညီချက်အသစ်တွေနဲ့ Spider-Man ဇာတ်ကောင်ကို ထပ်မံရှေ့ဆက်ဖို့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီပဲဖြစ်ပါတယ်။ ဒါလေးကိုဖတ်လိုက်ရတဲ့အချိန် တချို့ကိစ္စတွေဟာ ထိုင်စောင့်နေလိုက်တဲ့အတွက် ပိုဆိုးရွားသွားနိုင်တာကြောင့် ကိုယ်တိုင်ရဲရဲဝံ့ဝံ့နဲ့ရှေ့ထွက်ကာ လုပ်ဆောင်သင့်တယ်ဆိုပြီး ကျွန်တော်ကတော့ သင်ခန်းပါးပါးလေးရသွားခဲ့ပါတော့တယ်။

[email protected]f

Penny

SHARE