Miles Morales ကို ပင့်ကူလူသားရုပ်ရှင်တွေမှာ ပါဝင်လာစေချင်တဲ့ Tom Holland

SonyPictures

ကောင်မလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက်ဖြစ်နေတဲ့ ဗြိတိန်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Tom Holland ဟာ လာမယ့် ပင့်ကူလူသားရုပ်ရှင်တွေမှာ Miles Morales ကို ပါဝင်လာစေချင်တယ်လို့ ပြောကြားလိုက်ပါတယ်။ Tom Holland ဟာ မာဘယ်လ်ရဲ့ MCU ရုပ်ရှင်ကားတွေထဲကို ၂၀၁၆ က ထွက်ရှိခဲ့တဲ့ Captain America: Civil War ရုပ်ရှင်ကားမှ စတင်ပါဝင်လာပြီး MCU ရုပ်ရှင်ကား လေးကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ Solo ရုပ်ရှင်ကား ၂ ကားလည်း ပါဝင်ပါတယ်။ ပင့်ကူလူသားရဲ့ အပြင်လူဖြစ်တဲ့ ပီကာပါကား ဇာတ်ကောင် ကို ၁၉၆၀ ခုနှစ်ကျော်ကတည်းက စတင်မိတ်ဆက်ခဲ့ပြီး Miles Morales ဇာတ်ကောင်ဟာလည်း သူနဲ့ မရှေးမနှောင်းမှာပဲ မိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

I don’t care what anyone says… I defo had the coolest costume 😂 Thanks @chadwickboseman for this. Miss you mate. #christmastreeboy

A post shared by Tom Holland (@tomholland2013) on

Miles Morales ဇာတ်ကောင်ကို စတင် မြင်တွေ့ရတာက Spider-Man: Into the Spider-Verse အန်နီမေးရှင်း ရုပ်ရှင်ကားထဲမှာ ဖြစ်ပါတယ်။ Spider-Man: Into the Spider-Verse ရုပ်ရှင်ဟာ အကောင်းဆုံးအန်နီမေးရှင်း အော်စကာဆုကိုရရှိခဲ့ရုံတင်မကဘဲ multiverse မှာ နောက်ထပ်ပင့်ကူလူသားများစွာ ရှိသေးတယ်ဆိုတဲ့ အကြံဥာဏ်ကိုလည်း ပေးခဲ့တာပဲဖြစ်ပါတယ်။ Comics စာအုပ်တွေထဲမှာတော့ Miles Morales ကို စတင်မိတ်ဆက်ခဲ့တာကတော့ ပင့်ကူလူသားသေဆုံးပြီးနောက်မှာ အစားထိုး ပင့်ကူလူသားတစ်ယောက်အနေနဲ့ ဖြစ်ပါတယ်။

SonyPictures

Spider-Man: Into the Spider-Verse ရုပ်ရှင်ထွက်ရှိခဲ့ပြီးနောက်မှာတော့ ပင့်ကူလူသားပရိသတ်များဟာ Spider Man live-action တွေမှာ Spider-Verse ပါဝင်လာဖို့လည်း မျှော်လင့်နေကြပါတယ်။

အခုအချိန်မှာတော့ ပင့်ကူလူသားဇာတ်ကောင်အတွက် မာဘယ်လ်ကုမ္ပဏီနဲ့ဆိုနီကုမ္ပဏီတို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲ ကာလဖြစ်တာကြောင့် ဘာမှ တိတိကျကျ အဖြေမထွက်သေးပေမယ့်လို့ Tom Hoolland ကတော့ Miles Morales ဇာတ်ကောင်ကို လာမယ့် ပင့်ကူလူသား ရုပ်ရှင်နေရာမှာ ပါဝင်လာစေချင်တယ်လို့ဆိုပါတယ်။ Miles Morales ပါဝင်လာမယ်ဆိုရင်လည်း ပီကာပါကားဇာတ်ကောင်ကိုလည်း မသေဆုံးစေချင်ဘူးလို့လည်း Tom Hoolland က ထပ်မံပြောကြားထားပါတယ်။

SHARE