အမေရိကန်နိုင်ငံရေးလောကမှာ နာမည်ကြီးနေတဲ့ Tom Steyer ရဲ့ မဲဆွယ်ကကွက်

[email protected]

အမေရိကန်နိုင်ငံက သန်းကြွယ်သူဌေးကြီး Tom Steyer ကိုတော့ တော်တော်များများသိလောက်ကြမှပါ။ Steyer ဟာ ချန်းသာတဲ့ သူဌေးတစ်ယောက်ဖြစ်ရုံတင်သာမက ပရဟိတဘက်မှာဆိုလဲ လုံးဝလက်မနှေးတတ်တဲ့ ပရဟိတသမားတစ်ယောက်လဲ ဖြစ်ပါတယ်။ အခုလက်ရှိ Steyer ဟာ ၂၀၂၀ ခုနှစ်ထဲမှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်နေကြောင်းကိုလည်း Los Angelses Times သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Steyer ဟာ ပြီးခဲ့တဲ့သောကြာနေ့(၂၈.၂.၂၀၂၀) က ပြုလုပ်ခဲ့တဲ့ မဲဆွယ်ပွဲတစ်ခုမှာ ၁၉၉၉ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ရက်ပ်ပါ Juvenile နဲ့ စတိတ်စင်ပေါ်မှာ အတူတွဲပြီး ဖျော်ဖြေခဲ့ပါတယ်။ ဒီထက်ထူးဆန်းတာကတော့ Steyer ဟာ သီချင်းဆိုနေရင်း လူငယ်တစ်ယောက်လို စည်းချက်နဲ့အညီ လွတ်လပ်ပျော်ရွှင်စွာကခုန်နေခဲ့ပါတယ်။ သူကတဲ့အချိန်မှာတော့ သူ့မိန်းမသာမက သမီးဖြစ်သူပါ Steyer အနောက်ဘက်မှာ ကခုန်နေခဲပြါတယ်။ Steyer စင်ပေါ်မှာ ကနေတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ တစ်ခဏအတွင်း ပျံ့နှံ့ခဲ့ပြီး လူကြိုက်များတဲ့ ဗီဓီယိုတစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီဗီဒီယိုပျံ့နှံ့သွားတဲ့နောက်မှာတော့ Steyer ကို မဲပေးတဲ့သူအရေအတွက်ကလည်း ညတွင်းချင်းမှာတင် တစ်ဟုန်ထိုး မြင့်မားလာခဲ့ပါတယ်။ အခုဆိုရင်တော့ ပါတီတွင်း မဲအရေအတွက် ယှဉ်ပြိုင်မှုမှာ Steyer ဟာ နံပါတ်တစ်ထိပ်ဆုံးနေရာကို ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။

ဒီလို သမ္မတလောင်းဝင်ပြိုင်နေတဲ့အချိန်မှာ ကတာကတော့ သူတစ်ယောက်တည်း မဟုတ်ခဲ့ပါဘူး။ အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။

READ
ခေတ်သစ်ဈေးဝယ်စနစ်ကို ကလေးငယ်တစ်ယောက်လို အပီအပြင်စူးစမ်းနေခဲ့တဲ့ ဘုရင်မကြီး

Pyi Hein Kyaw

SHARE