သရုပ်ဆောင် ပိုပီပြင်ဖို့ အပြင်ဘ၀မှာ တွဲဖက်မင်းသမီးနဲ့ ချစ်သူလို နေခဲ့တဲ့ ဂျပန်မင်းသား

[email protected]

ဂျပန်နိုင်ငံက နာမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ Tomohisa Yamashita ဟာ သူရိုက်ကူးမယ့်ဇတ်လမ်းထဲမှာ သရုပ်ဆောင်ပီပြင်ဖို့အတွက် တကယ့်လက်တွေ့ဘဝမှာ မင်းသမီးဖြစ်သူနဲ့ ချစ်သူလိုနေနေရကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ တကယ်တမ်းတော့ ဒီလိုနေတယ်ဆိုတာကလဲ ဒါရိုက်တာကိုယ်တိုင်က နေခိုင်းလို့ဖြစ်ကြောင်းလည်း သိရပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးမင်းသား Tomohisa ဟာ လက်ရှိအချိန်မှာ HBO Asia က ရိုက်ကူးတဲ့ The Head လို့အမည်ရတဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ မင်းသားအဖြစ်သရုပ်ဆောင်နေရပါတယ်။ အဆိုပါဇာတ်လမ်းဟာ သည်းထိတ်ရင်ဖို အက်ရှင်ကားဖြစ်ပေမယ့် ဇာတ်လမ်းထဲမှာတော့ Tomohisa နဲ့ Scotland မင်းသမီး Katherine O’Donnelly က ချစ်သူတွေပဲ ဖြစ်ပါတယ်။

READ
ပညာရှင်တွေကို အကြီးအကျယ်ခေါင်းစားစေခဲ့တဲ့ လေးရာစုက ၀ိုင်ပုလင်း

ဒီလိုဇာတ်လမ်းထဲမှာ ချစ်သူတွေအဖြစ် ကောင်းကောင်းသရုပ်ဆောင်နိုင်ဖို့အတွက် The Head ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ Jorge က Tomohisa နဲ့ Katherine တို့ကို ဇာတ်လမ်းမရိုက်ခင်ကတည်းက ဇာတ်လမ်းရိုက်ကူးပြီးတဲ့အချိန်အထိ တောက်လျှောက် ချစ်သူတွေလို တစ်ကယ့်လက်တွေ့ဘဝမှာနေဖို့ ပြောခဲ့သလို သူတို့နှစ်ဦးရဲ့ first date ကိုလည်း Jorge ကိုယ်တိုင် စီစဉ်ပေးခဲ့ပါတယ်။ ဒီလိုချစ်သူအဖြစ် နေဖို့ကို Tomohisa ကော၊ Katherine ကောကပါ လက်ခံခဲ့ကြပါတယ်။

Youtube/HBO Asia

“အခုဆိုရင်တော့ ကျွန်တော်နဲ့ Katherine ရိုက်ကွင်းမစခင်ကော၊ ရိုက်ကွင်းပြီးရင်ကော အမြဲလိုလိုတွေ့ဖြစ်ကြပါတယ်။ ဇာတ်လမ်းထဲမှာတော့ ကျွန်တော်က Aki Kobayashi နေရက သရုပ်ဆောင်ရပြီး Katherine က Maggie Mitchell နေရာက သရုပ်ဆောင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ပျော်ပါတယ်။ အတွေ့အကြုံအသစ်တွေလဲရတယ်။ အစပိုင်းမှာတော့ ကျွန်တော်ကော၊ Katherine ကော တစ်ယောက်နဲ့တစ်ယောက် ခပ်တန်းတန်းဖြစ်နေပေမယ့် အခုနောက်ပိုင်းတော့ တော်တော်အဆင်ပြေသွားပါပြီ” လို့ Tomohisa က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE