နေစရာသွားမရှိ ဖြစ်နေတဲ့ အိမ်ရာမဲ့မိသားစုကို တစ်နှစ်တာ အိမ်အလှူပေးခဲ့တဲ့ အမျိုးသား

လိုအပ်တဲ့သူတွေကို သူတို့လိုအပ်နေတဲ့အရာ အကူအညီပေးရတာ မွန်မြတ်လှပါတယ်။ အမေရိကန် လော့စ်အင်ဂျလိစ်မှာ နေထိုင်သူ အသက်(၅၁) နှစ်အရွယ် ရှေ့နေကြီးတစ်ဦးကတော့ ထူးထူးခြားခြားပဲ နေစရာအိမ်မရှိဖြစ်တဲ့ ကလေး(၄) ယောက်မိခင်တစ်ဦးနဲ့ သူမရဲ့ သားသမီးတွေ နေထိုင်ဖို့ ၄င်းရဲ့ အိမ်ကို တစ်နှစ်တာ အခမဲ့နေထိုင်ခွင့်ပေးလိုက်ပါတယ်။

အိမ်အလှူပေးခဲ့တဲ့ ရှေ့နေ့ကြီးဟာ တိုနီဆိုသူဖြစ်ပါတယ်။ တိုနီရဲ့ မိခင်ကြီးကတော့ တစ်နေ့ သူမရဲ့ သားက သူမအိမ်ကို ပြောင်းလာနေမယ်လို့ ဆိုတာကြောင့် မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရကြောင်း ပြန်ပြောပြပါတယ်။ တိုနီဟာ အိပ်ခန်းသုံးခန်း၊ ရေချိုးခန်းနှစ်ခန်းပါတဲ့ သူ့ရဲ့အိမ်ကြီးကို အိမ်ရာမဲ့မိသားစုတစ်စုကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ (၂၀၁၃)ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

youtube

အိမ်အလှူခံရရှိသူ အမျိုးသမီးကြီးကတော့ ဖလစ်စီယာဆိုသူ ဖြစ်ပါတယ်။ သူမမှာ ကလေး(၄) ယောက်ရှိပြီး ယောက်ျားမရှိပါဘူး။ ဖလစ်စီယာကတော့ တိုနီရဲ့သဒ္ဓါတရားကြောင့် ၀မ်းသာလုံးဆို့နေပြီး အိမ်ကြီးဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့် ဖလစ်စီယာရဲ့ ကလေး(၄) ယောက်မှာ အကြီးဆုံးသားကတော့ အသက်(၁၈) နှစ်ကျော်နေတာကြောင့် အိမ်မှာ နေလို့မရပါဘူး။

တိုနီက “ဒီတစ်နှစ်တာလုံး ဒီအိမ်ကြီးက ခင်ဗျားတို့ရဲ့ အိမ်ပါပဲ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်နိုင်ပါတယ်။ အလှဆင်ချင်တာရှိရင်လည်း ဆင်လို့ ရတယ်။ လွတ်လွတ်လပ်လပ် နေကြပါ။” လို့ ဖလစ်စီယာတို့ မိသားစုကို ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီလို အိမ်ကြီးတစ်အိမ်လုံး တစ်နှစ်တာ အလကားနေခိုင်းတဲ့အတွက် တိုနီနဲ့ ဖလစ်စီယာတို့က ရင်းရင်းနှီးနှီးသိကြသူတွေလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။

READ
ရန်ပုံငွေရှာဖွေဖို့ ကိုယ်တိုင်စံပြအဖြစ်နဲ့ ကတုံးတုံးခဲ့တဲ့ လေးစားဖွယ် စီအီးအို
youtube

စိတ်ကောင်းရှိလှတဲ့ ရှေ့နေဆရာကြီး တိုနီကို သူ့ရဲ့ အပြုအမူနဲ့ ပတ်သက်လို့ ချီးကျူးကြတဲ့အခါမှာတော့ သူ့ရဲ့ လုပ်ရပ်ဟာ ဘာမှမဟုတ်သေးကြောင်း နှိမ့်ချပြောဆိုခဲ့ပါသေးတယ်။ “အပြောင်းအလဲ တစ်ခုကို လုပ်ဖို့ဆိုတာ ပိုက်ဆံကျိကျိတက်ချမ်းသာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တစ်စုံတစ်ယောက်ရဲ့ ဘ၀ကို နည်းနည်းလေးတိုးတက်လာအောင် လုပ်ပေးလို့တော့ ရပါတယ်။ စိတ်ထားကောင်းကောင်းနဲ့ လုပ်ဖို့သာ အဓိကပါပဲ။” လို့ တိုနီက ဆိုပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE