ထိုင်းနိုင်ငံရဲ့ အလှဆုံး လိင်ပြောင်းအမျိုးသမီး (၁၀)ယောက်

မိန်းကလေးအစစ်တွေ ထိုင်ငိုသွားရလောက်အောင်ကို လှတဲ့ လိင်ပြောင်း အမျိုးသမီးတွေ အများကြီးရှိပါတယ်။ တစ်ချို့တွေဆိုရင် တကယ့်မိန်းကလေးအစစ်လား၊ နတ်မိမယ်လေးတွေလားလို့တောင် ထင်ရလောက်တဲ့အထိ လှကြတာပါ။ အွန်လိုင်းမှာ အရမ်းလှလို့ နာမည်ကြီးနေတဲ့ ထိုင်းနိုင်ငံရဲ့ အလှဆုံး လိင်ပြောင်းအမျိုးသမီး (၁၀)ယောက်စာရင်းကို koreabooမှာ ဖော်ပြထားပါတယ်။

(10) Chalisa Rose

Chalisa ကတော့ လိင်ပြောင်းထားတဲ့ မင်းသမီးချောလေးပါ။ တရုတ်ဟာသ ဇာတ်ကားတစ်ခုမှာ အရံအဖြစ်နဲ့ပါဝင်ခဲ့ပြီး နောက် နာမည်ကြီးသွားခဲ့တာပါ။ တရုတ်ပရိသတ် အခိုင်အမာရရှိထားသူလေးပါ။

(9) Patta Nadia

Patta ကတော့မော်ဒယ်ပါ။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက Miss Mimosa Queen Thailand in 2015 သရဖူကို ဆွတ်ခူးနိုင်ခဲ့သူပါ။  Freelance model နဲ့ dancer တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။

(8) Pemika Pynk

Pemika ကတော့ ကိုရီးယားမှာရှိတဲ့ cosmetic surgery  ဆေးရုံတစ်ရုံရဲ့ မော်ဒယ်ပါ။ Facebook မှာလည်း fan တစ်သိန်းလောက် ပိုင်ဆိုင်ထားသူပါ။

READ
Vogue အတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တဲ့ Selena Gomez

(7) Monthana Jeen

Monthana ကတော့ ထိုင်းမှာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတဲ့ပွဲကနေစပြီး နာမည်ကြီးသွားခဲ့ပါတယ်။

(6) Woranun Frame

Woranun ကလည်း စစ်မှုမထမ်းမနေရ တပ်သားစုဆောင်းတဲ့ပွဲကနေ နာမည်ကြီးသွားခဲ့သူပါ။ စစ်မှုထမ်းတာဝန်ကနေ လွတ်ငြိမ်းခွင့်ရပြီး ကံကောင်းစွာနဲ့ပဲ နာမည်ကြီးသွားပြီး TV အင်တာဗျူးတွေမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

(5) Rinrada Yoshi

Rinrada ကတော့ အရုပ်မမျက်နှာလေး “doll face” ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးခဲ့သူလေးပါ။ Music video နဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Instagram မှာလည်း follower တွေ အများကြီးပိုင်ဆိုင်ထားသူပါ။

(4) Nathachat Hana

Nathachat ကတော့ အသားညိုညိုလေးနဲ့ sexy ကျကျ ဆွဲဆောင်မှုအလှကို ပိုင်ဆိုင်ထားသူတဲ့ မော်ဒယ်မလေးပါ။

(3) Chananchida Blossom

Chananchida  ကတော့ ထိုင်းနိုင်ငံရဲ့ လိင်ပြောင်းအမျိုးသမီး အလှမယ် ပြိုင်ပွဲဖြစ်တဲ့ Miss Tiffany’s Universe 2013 ရဲ့  First runner-up ဆုရှင်ပါ။

READ
Lee Si Young ရဲ့မင်္ဂလာပွဲ ဓါတ်ပုံတွေ ထွက်ပေါ်

(2) JIratchaya Mo

Miss Tiffany’s Universe ၊ Miss International Queen ပါ။ ဆုတွေ အများကြီးရထားပြီး ထိုင်းနိုင်ငံရဲ့ သီချင်းဆိုတဲ့  I Can See Your Voice  အစီအစဉ်မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

(1) Treechada Poyd

Treechada ကတော့ နံပါတ်(၁)နေရာမှာ တကယ့်ကို ထိုက်ထိုက်တန်တန် ရပ်တည်နေသူပါ။ ထိုင်းလိင်ပြောင်းအမျိုးသမီးထုအတွက်တော့ သူမဟာ စံထားရတဲ့ Role Model တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE