Youtube မှာ ပရိသတ်ရှာဖွေမှု အများဆုံး အမျိုးသမီး Idol (၁၀)ယောက်

Image:celebrities' twitter & IG

ပရိသတ်ရှာဖွေမှု အများဆုံး အမျိုးသမီး K -Pop အဆိုတော်စာရင်းကို ပရိသတ်တွေ အတွက် ဖော်ပြ ပေးလိုက်ပါတယ်။ဒီစာရင်းတွေကတော့ (၂၀၁၉) နှစ်လယ်ပိုင်းလောက်မှာ ရထားတဲ့ ရလဒ်တွေ ပါ။

10. MAMAMOO – Hwasa

Image:twitter/@mylovesongminho

Hwasa လို့ လူသိများတဲ့ သူမရဲ့ နာမည်အရင်းကတော့ Ahn Hye-jin ပါ။အသက်ကတော့ (၂၄)ပါ။Sexy ကျကျ သူမရဲ့ အလှကြောင့် နာမည်ကြီး ပါတယ်။စင်ပေါ်မှာ တင်ဆက်ဖျော်ဖြေတဲ့ အခါ ၀တ်ဆင်တဲ့ သူမရဲ့ ဖက်ရှင်တွေ က Sexy ကျ လွန်းတယ်ဆိုပြီး မကြာခဏ ဆိုသလို ပြောဆိုဝေဖန်မှုတွေနဲ့ ကြုံနေရသူပါ။

9. BLACKPINK – Jisoo

Image/twitter/@BlackpinkErika2

Cute တာလေးကိုမှ ချစ်ပါတယ်ဆိုတဲ့ ကိုကိုတွေ ၀န်းရံကြတဲ့ သူလေးကတော့Jisoo ပါ။Blackpink  ရဲ့ အဖွဲ့ ၀င် တစ်ယောက်ပါ။အသက်ကတော့ (၂၄)ပါ။

8. Sunmi

Image/twitter/@sunmipics

အသက် (၂၇)ဖြစ်ပြီး နာမည်အရင်းကတော့ Lee Sun-mi ပါ။Wonder Girls ရဲ့ အဖွဲ့ဝင် ဟောင်းပါ။Cute ရော Sexy ပါ အကုန်ရသူလေးပါ။

READ
ခင်ပွန်းလောင်းနဲ့အတူ အမျိုးတွေကို ကန်တော့ခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

7. Somi

Image/twitter/@somidotjpg

နာမည်အရင်းကတော့ Jeon So-mi ပါ။Somi ကတော့ အသက် (၁၈)နှစ်ပဲရှိပါသေးတယ်။Produce 101 နဲ့ နာမည်ကြီးလာသူလေးပါ။

6. Hyuna

Image/twitter/@theseoulstory

sexy ကျသူတွေထဲက တစ်ယောက်ပါ။Hyuna ကတော့ အသက်(၂၇)နှစ်ပါ။ဝတ်တာ စားတာ တကယ့်ကို  Sexy ကျပေမယ့် သူမရဲ့ ပင်ကိုယ်ရုပ်ခံလေးကတော့ ချစ်စရာကောင်းတဲ့ Cute Type လေးပါ။

5. Girl’s Generation – Taeyeon

Image/twitter/@SoneVIETNAMs

Taeyeon ကတော့ အသက် (၃၀)ပါ။အခုချိန်ထိ နုပျိုလှပပြီး ချစ်စရာကောင်းနေတဲ့ သူမကတော့ တစ်ခေတ်တစ်ခါက အရမ်းကို နာမည်ကြီးခဲ့တဲ့ Girls’ Generation ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ပါ။

Image/twitter/@SoneVIETNAMs

4. Chungha

Image/twitter/@perrieseulgis

နာမည်အရင်းကတော့ Kim Chung-ha ပါ။အသက်ကတော့ (၂၃)နှစ်ပါ။Produce 101 နဲ့ နာမည်ကြီးလာခဲ့ပြီး I.O.I ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။

READ
အပြိုင်လှနေကြတဲ့ မေသန်းနု နဲ့ ဆုပန်ထွာ

3. BLACKPINK – Lisa

Image:IG/Lisa

IG မှာ Follower အများဆုံး ဆယ်လီ အဖြစ် သတ်မှတ်ခံထားရသူလေးပါ။နာမည်အရင်းကတော့ Lalisa Manoban ပါ။ထိုင်းရက်ပ်ပါ၊အဆိုတော်၊Dancer ၊မော်ဒယ်တစ်ယောက်ပါ။အသက်ကတော့ (၂၂)နှစ်ပါ။

Image:IG/Lisa

2. IU

Image:IG/IU

သရုပ်ဆောင်လည်း တော်၊အဆိုမှာလည်း တော်တဲ့ ဘက်စုံထူးချွန်သူလေးပါ။IU ကတော့ ပရိသတ်တွေကြားမှာ တင်မက ပါဘူး။ကိုရီးယားအနုပညာရှင်လောကမှာပါ လူချစ်လူခင် အရမ်းကို များသူလေးပါ။နာမည်အရင်းကတော့ Lee Ji-eun, ဖြစ်ပြီး အသက်ကတော့ (၂၆)ပါ။

Image:IG/IU

1. BLACKPINK – Jennie

Image:IG/Jennie

BLACKPINK – Jennie လေးကတော့ နံပါတ်တစ်နေရာမှာရှိနေပါတယ်။BLACKPINK  အဖွဲ့ဝင်တစ်ယောက်ပါ။ အဆိုတော်၊ရက်ပ်ပါ တစ်ယောက်ပါ။အသက်ကတော့ (၂၃)နှစ်ပဲရှိပါသေးတယ်။

Image:IG/Jennie

Source:Koreaboo

 

SHARE