ဂန္ထဝင်လက်ဝှေ့ကျော် မိုဟာမက်အလီရဲ့ အကောင်းဆုံးထိုးကွက်များ

အမေရိကန် လက်ဝှေ့သမိုင်းကို တစ်ခေတ်ဆန်းစေခဲ့တဲ့ သူရဲကောင်းကြီးကတော့ မိုဟာမက်အလီပဲ ဖြစ်ပါတယ်။ အလီကို 1942 ခုနှစ်မှာ မွေးဖွားခဲ့ပြီး၊ အသက် 12 အရွယ်ကတည်းက အငယ်တန်းလက်ဝှေ့ပြိုင်ပွဲတွေမှာ စတင်ယှဉ်ပြိုင် ထိုးသတ်ခဲ့သူ ဖြစ်ပါတယ်။ အသက် 18 နှစ်မှာ အငယ်တန်း လက်ဝှေ့ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

အလီဟာ အရပ်အမောင်း 6 ပေ 3 လက်မအထိ ရှိတာကြောင့် ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးသာခဲ့သူ ဖြစ်ပါတယ်။ 1964 ခုနှစ်မှာ အလီ အသက် 22 အရွယ်ဟာ သူ့ဘ၀တစ်လျှောက် အကောင်းဆုံးအရွယ်လို့ ဆိုရမှာပါ။ သူဟာ အဲဒီနှစ်မှာ WBA, WBC နဲ့ Lineal heavyweight ချန်ပီယံဆုတွေ ရယူနိုင်ခဲ့ပါတယ်။

တကယ်တော့ အလီရဲ့ နာမည်အရင်းဟာ Cassius Clay ဖြစ်ပြီး ဒါကတော့ ခရစ်ယာန်မိဘတွေက ပေးခဲ့တဲ့ နာမည် ဖြစ်ပါတယ်။ 1964 ခုနှစ်နောက်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်အဖြစ် ကူးပြောင်းခဲ့ပြီး သူရဲ့ နာမည်ကိုလည်း မိုမာမက်အလီဆိုတဲ့ နာမည်ကို ခံယူခဲ့ပါတယ်။

READ
အရယ်ရဆုံးနဲ့အဆန်းသစ်ဆုံး တီဗွီ-ဗွီဒီယိုကြော်ငြာများ

ထိုစဉ်က လူဖြူလူမည်း တိုက်ပွဲအလွန်ပြင်းထန်နေချိန် အလီဟာ အနှိမ်ခံ လူမည်းတွေဘက်က ရပ်တည်ခဲ့ပါတယ်။ ယင်းနောက် အမေရိကန်-ဗီယက်နမ် စစ်ဖြစ်ခဲ့ပြီး အလီက အမေရိကန် တပ်မတော်ထဲမှာ ၀င်ရောက်အမှုထမ်းဖို့ ငြင်းဆန်ခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။

အမေရိကန် အာဏာပိုင်တွေက သူ လက်ဝှေ့ထိုးလို့ ရထားသမျှ ခါးပတ်နဲ့ချန်ပီယံဆုတွေကို ရုပ်သိမ်းခဲ့ပေမယ့်၊ အလီက အဆင့်မြင့်တရားရုံးမှာ တရားရင်ဆိုင်ခဲ့လို့ ပြန်ပြီးအနိုင်ရရှိခဲ့ပါတယ်။ အလီဟာ ဆုတွေ အကြိမ်ကြိမ် ခါးပတ်တွေ အကြိမ်ကြိမ် ရရှိခဲ့ပြီး 20 ရာစုရဲ့ အကောင်းဆုံး လက်ဝှေ့သမားအဖြစ် မှတ်ယူခံခဲ့ရပါတယ်။

လက်ဝှေ့လောကမှ အနားယူပြီးနောက် သူရဲ့ လူမှုရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ 2016 ခုနှစ် ဇွန်လ 3 ရက်မှာ အလီ သေဆုံးခဲ့ပြီး အလီ သေဆုံးချိန်မှာ အသက် 74 ရှိပြီ ဖြစ်ပါတယ်။ အထက်ပါ ဗွီဒီယိုဖိုင်ကတော့ အလီထိုးသတ်ခဲ့တဲ့ ပြိုင်ပွဲတစ်လျှောက် ပြိုင်ဘက်တွေကို အကောင်းဆုံးအနိုင်ယူခဲ့တဲ့ ပွဲတွေ ဖြစ်ပါတယ်။

READ
တိုက်ရိုက်ထုတ်လွှင့်နေတုန်း ဖြစ်ခဲ့ရတဲ့ ကမ္ဘာကျော် တစ်လွဲဖြစ်ရပ်များ

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE