ဗဟုသုတရဖွယ်ရာ ကမ္ဘာအံ့ဖွယ်(၁၀)ပါး

ကမ္ဘာပေါ်မှာ ကိုယ့်ရဲရှေးလူတွေတည်ဆောက်ခဲ့တဲ့ ဗိသုကာလက်ရာများဟာ နှောင်းလူတွေအတွက်သမိုင်းဝင်အမွေအနှစ်ဖြစ်ပါတယ်။သမိုင်းဝင်အမွေအနှစ်တွေကို UNECSO မှကြီးမှူး၍ထိန်းသိမ်းစောင့်ရှောင့်ကြုပီး ထိုအဆောက်အဦးတွေကို ကမ္ဘာအံ့ဖွယ်နေရာတွေလို့ခေါ်၍ အခုဒီမှာတော့ ကမ္ဘာအံ့ဖွယ် ၁၀ ပါးကိုဖော်ပြပေးလိုက်ပါတယ်။၁၀။ရောမရေချိုးကန်များ။

ကျော်ကြားတဲ့ ရောမရေချိုးကန်အဆောက်အဦးဟာ အင်္ဂလန် အနောက်တောင်ဘက်ပိုင်း ဆန်မဆက်စ်ပြည်နယ်မှာတည်ရှိပြီး သမိုင်းဝင်အဆောက်အဦးတစ်ခုဖြစ်ပါတယ်။ရောမအင်ပါယာခေတ်ကောင်းစဉ် ဆောက်လုပ်ခဲ့တာဖြစ်ပြီး AD ၆ရာစုနှစ်မှာ တစ်ခါဖျက်ဆီးခံခဲ့ရပြီးတော့ အခုလက်ရှိအဆောက်ဦးဟာ ပြန်လည်မွမ်းမံထားတာဖြစ်ပါတယ်။ဒီရေချိုးကန်ပြတိုက်ဟာ အင်္ဂလန်နိုင်ငံရဲ့ တိုးရစ်ဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်ပြီး တစ်နှစ်ကို ဧည့်သည် တစ်သန်းလာရောက်လည်ပါတ်လေ့ရှိတယ်လို့သိရပါတယ်။၉။စောင်းနေတဲ့ ပီဆာတာဝါ။

ဒီတာဝါဟာ အီတလီနိုင်ငံ ပီဆာမြို့မှာ ၁၁၇၃ ခုနှစ် ဩဂတ်လ ၁၄ ရက်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး သူရဲ့စောင်းနေတဲ့ပုံသဏ္ဍန်ကြောင့် လူသိများခဲ့ပါတယ်။အခုဆိုရင်တော တည်ငြိမ်နေပြီး စောင်းနေတာကလွဲပြီး ကျန်တာ အကုန်ကောင်းမွန်ပါတယ်။၈။ကိုလိုဆီရမ် အမိုးမဲ့ပွဲ့ကြည်စင်ဝိုင်း။

ကိုလိုဆီယမ်(သို့) ကိုလီဆီယမ် ကစားကွင်းဟာ ရောမနိုင်ငံ အီတလီမြို့မှာAD ၆၉-၉၆အထိစိုးစံခဲ့တဲ့ ရောမ ဖလေဗီယန်မင်းဆက် ကဆောက်လုပ်ခဲ့တဲ့ အမိုးမဲ့ပွဲ့ကြည်စင်ဝိုင်းတစ်ခုဖြစ်ပါတယ်။စက်ဝိုင်းပုံစံ တည်ဆောက်ပုံရှိပြီး ဂလေဒီယေတာကြေးစားလူသတ်သမားပွဲ၊တိရစ္ဆာန်တွေနဲ့လူနဲ့ယှဉ်ပြိုင်သတ်ရတဲ့ပွဲတွေကိုကျင်းပဖို့အတွက် ရောမခေတ်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။၇။ချီချန်အစ်ဇာ

ဒီအဓိပ္ပါယ်ဟာ ” အစ်ဇာလူမျိုးတွေရဲ့ ရေတွင်းအ၀” လို့အဓိပ္ပါယ်ရပြီး Chi စကားလုံးဟာ ပါးစပ်အ၀ ဖြစ်ပြီး Chen ဆိုတဲ့စကားလုံးဟာ ရေတွင်းဖြစ်ပါတယ်။အစ်ဇာလူမျိုးတွေရဲ့ယုံကြည်ချက်အရ ထိုရေတွင်းအ၀ကနေ သူတို့ရဲ့နတ်ဘုရားယစ်ပူဇော်ရန်အတွက် လူတွေကိုစတေးပေးရပြီး စတေးခံပြီးနောက် အသက်မသေဘဲကျန်နေရစ်သူတွေဟာ ရှေ့ဖြစ်ဟောသူတွေလို့ အစ်ဇာလူမျိုးတွေက ယူဆပြီး ကိုးကွယ်ကြတာဖြစ်ပါတယ်။Chichen  ကို AD ၄၀၀ မှာ မာယာလူမျိုးစုတွေက ဆောက်လုပ်ခဲ့တာဖြစ်ပြီး ယခု မက်ဆီကိုနိုင်ငံတွင်တည်ရှိပါတယ်။၆။ဟာဂျီယား ဆိုဖီယာ။

READ
ဘီယာအကြောင်း လူသိနည်းနေသေးတဲ့ အချက် (၇)ချက်

ဂန္တ၀င်လက်ရာ အဆောက်အဦးတစ်ခုဖြစ်ပြီး ဟာဂျီယား ဆိုဖီယာဟာ အစပထမက ခရစ်ယာန်ဘုရားကျောင်းအဖြစ်ဆောက်လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းကာလကျတော့ ဗလီတစ်ခုအဖြစ်ပြောင်းလဲသွားပြီး အခုတော့ ပြတိုက်တစ်ခုအဖြစ် ဖွင့်လှစ်ထားပါတယ်။ဟာဂျီယား ဆိုဖီယာ အဆောက်အဦးဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာတည်ရှိတာဖြစ်ပြီး တစ်နှစ်ကိုခရီးသည် ၃.၃ သန်းလာရောက်လည်ပတ်ကြပြီး တူရကီနိုင်ငံရဲ့ဒုတိယ လာရောက်လည်ပါတ်မူနူန်းအများဆုံး ပြတိုက်တစ်ခုဖြစ်ပါတယ်။၅။မာချူးပီချူး။

ပင်လယ်ရေမျက်နှာပြင်အထက် ၈၀၀၀ ပေအထက်မှာတည်ရှိတဲ့ ဒီမာချူးပီချူးကိုတောင်တန်းတွေကြားမှာ အင်ကာ အင်ပါယာခေတ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အင်ကာ လူမျိုးတွေဘုန်းတန်ခိုးကြီးချိန် ၁၄၅၀ ခုနှစ်မှာတည်ဆောက်ခဲ့ပြီး ” အင်ကာလူမျိုးတွေရဲ့ပျောက်ဆုံးသောမြို့တော် ” လို့လည်းခေါ်ကြပါသေးတယ်။ပီရူးနိုင်ငံမှာတည်ရှိတဲ့ ဒီမြို့တော်ကို UNESCO  က ၁၉၈၃ မှာ ကမ္ဘာရှေးဟောင်းအမွေအနှစ်ဒေသအဖြစ်ကြေညာခဲ့ပါတယ်။၎။တပ်ခ်ျမဟာ

တပ်ခ်ျမဟာ အဆောက်အဦးဟာ ၁၆၃၂ ခုနှစ်မှာ မတ်ဟောအင်ပါယာရှင် ရှမ်းဂျဟန်း (၁၆၂၈-၁၆၅၈)က သူချစ်ရတဲ့ ဇနီး မတ်တဇ်မဟော အတွက် သချိုင်းဂူအဖြစ်ဆောက်လုပ်ခဲ့တာဖြစ်ပြီးအိန္ဒိယနိုင်ငံ အတ်ဂရာမြို့မှာတည်ရှိပါတယ်။မတ်ဟော ခေတ်ဗိသုကာလက်ရာဖြစ်ပြီး တစ်နှစ်ကိုခရီသည်ပေါင်း ၃ သန်းကျော်လာရောက်လည်ပါတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။တပ်ချမဟာ အဆောက်အဦးကို၂၀၀၇ ခုနှစ်မှာ ကမ္ဘာအံ့ဖွယ် ၁၀ပါး အပါအ၀င် နေရာတစ်ခုအဖြစ်ကြေညာခဲ့ပါတယ်။၃။ယေရူခရစ်တော်ရုပ်တု

READ
အခုအချိန်ထိ အဖြေရှာမရသေးတဲ့ သမိုင်းထဲက ပဟေဠိများ(4)

၁၉၂၂ မှ၁၉၃၁ ခုနှစ်အတွင်းဆောက်လုပ်ခဲ့တဲ့ ဒီခရစ်တော်ရုပ်တုဟာ ကမ္ဘာပေါ်မှာရှိတဲ့ ခရစ်တော်ရဲ့ရုပ်ထုတွေထဲမှာ ပဉ္စမမြောက်အကြီးဆုံးရုပ်ထုလည်းဖြစ်ပါသေးတယ်။ဒါဟာ ဘာသာရေးဆိုင်ရာ လက္ခဏာတစ်ခုအဖြစ်သာမက ဘရာဇီးနိုင်ငံနဲ့ ရီယိုဒီဂျနေရိုးမြို့တော်အတွက်လည်း လက္ခဏာတစ်ခုဆိုလည်း မမှားပါဘူး။ဒီခရစ်တော်ရုပ်တု ဟာ အသစ်ထပ်မံကောက်ယူတဲ့ ကမ္ဘာအံ့ဖွယ် ၇ ပါးမှာလည်း အပါအ၀င်ဖြစ်ပါတယ်။၂။ပီထရာ

ပီထရာဟာရှေးဟောင်း သမိုင်းဝင်မြို့တော်ဖြစ်ပြီး သူရဲ့ကျောက်သားတွေမှာ ထွင်းပြီးဆောက်ထားခြင်းရယ်၊ရေသွယ်စနစ်တွေပါ ပါဝင်တဲ့အတွက်နာမည်ကြီးပါတယ်။ပီထရာရဲ့ နောက်နာမည်တစ်မျိုးကတော့ နှင်းဆီမြို့တော်လို့ခေါ်ကြပြီး သူ့ကိုထွင်းထားတဲ့ ကျောက်တုံးအရောင်တွေကြောင့် အဲ့ဒီအမည်တွင်ခြင်းဖြစ်ပါတယ်။ခရစ်တော်မပေါ်မှီ BCE ၃၁၂ မှာဆောက်လုပ်ခဲ့တာဖြစ်ပြီး ဂျော်ဒန်နိုင်ငံရဲ့ လက္ခဏာတစ်ခုဖြစ်ပြီးကမ္ဘာအံ့ဖွယ် ၇ ပါးထဲမှာလည်းထပ်မံပါဝင်ပြီး ဂျော်ဒန်နိုင်ငံရဲ့ ကမ္ဘာာလှည့်ခရီးသည် အလာအများဆုံး နေရာတစ်ခုဖြစ်ပြီး မသေခင်သွားကြည့်သင့်တဲ့ နေရာဒေသစာရင်းထဲမှာလည်းပါဝင်ပါတယ်။၁။တရုတ်ပြည်မဟာတံတိုင်းကြီး။

ကမ္ဘာအံ့ဖွယ် ၇ပါးထဲမှာ အပါအ၀င်ဖြစ်ပြီးတော့ BC ၇ ရာစုမှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံကိုကာကွယ်ရန်အတွက် ဆောက်လုပ်ခဲ့တဲ့ ခံစစ်တံတိုင်းကြီးတစ်ခုဖြစ်ပါတယ်။မဟာတံတိုင်းကြီးဟာ အရှည်အားဖြင့် ကီလိုမီတာ ၂၁၁၉၆ ရှည်ပြီး ၁၃၁၇၁ မိုင်ရှည်လျားပါတယ်။

Lumos(Shwemom)

Ref : Wonderlists

SHARE