နေ့စဉ် ဝယ်ယူသုံးစွဲနေကြတဲ့ လူကြိုက်အများဆုံး အင်တာနက်အစီအစဉ်များ

Shutterstock/wavebreakmedia

၂၀၁၃ ကာလတွေမှာတော့ စမတ်ဖုန်းတွေ သိပ်မခေတ်စားသေးပါဘူး။ တဖြည်းဖြည်း ၂၀၁၄ မှာ စမတ်ဖုန်းတွေနဲ့ အတူ ခေတ်စားလာတာကတော့ ဆက်သွယ်ရေးအော်ပရေတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၇-၁၈ ကာလတွေမှာ အော်ပရေတာ အသစ်တစ်ခု ထပ်မံ မိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ ဆက်သွယ်ရေးအော်ပရေတာ ၄ ခု ရှိနေပြီး လူသုံးအများဆုံး အော်ပရေတာတွေဆီကနေ အင်တာနက် အစီအစဉ်တွေ ဝယ်ယူသုံးစွဲလျက် ရှိနေပါတယ်။ လက်ရှိ လူသုံးအများဆုံး အော်ပရေတာတွေဆီက အင်တာနက်အစီအစဉ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တယ်လီနော (Telenor)

တယ်လီနောက လက်ရှိမှာ သုံးစွဲသူအများအပြား ပိုင်ဆိုင်ထားတဲ့ အော်ပရေတာ တစ်ခု ဖြစ်ပါတယ်။ အခု ၂၀၁၉ နှစ်လယ်ပိုင်းလောက်က စပြီး လူတွေကြားထဲ ရောက်လာတဲ့ အင်တာနက် အစီအစဉ်တစ်ခုက အတော်လူကြိုက်များ အသုံးများတဲ့ အစီအစဉ် ဖြစ်နေပါတယ်။ အဲ့ဒါကတော့ ရှယ်Shake Plan ပဲ ဖြစ်ပါတယ်။ ပုံမှန် အစီအစဉ်တွေလိုပဲ သတ်မှတ်ထားတဲ့ MB ကို သတ်မှတ်ထားတဲ့ ငွေနဲ့ ဝယ်ယူရတာ ဖြစ်ပေမယ့် ရှယ်Shake အစီအစဉ်ကနေ ဝယ်ယူမယ်ဆိုရင်တော့ ဖုန်းကို လှုပ်ခါလိုက်ရင် အပိုထပ်ဆောင်း MB တွေကို အနည်းဆုံး 25 MB ကနေ အများဆုံး 100 MB/150MB အထိ ရရှိနိုင်ပါသေးတယ်။ လက်ဆောင်ရတဲ့ ဒေတာတွေက ၇ရက်အတွင်း သုံးရမှာ ဖြစ်ပေမဲ့ အကယ်၍ မကုန်ခဲ့ဘူးဆိုရင် တစ်ပတ်မပြည့်ခင် ရှယ်Shake အစီအစဉ်ကို ထပ်မံဝယ်ယူပြီး နောက်ထပ် ၇ရက် ထပ်သက်တမ်းတိုးလို့ ရပါတယ်။ 100GB ပေါက်တဲ့သူတွေကတော့ ဒီနည်းနဲ့ အချိန်အကြာကြီး သုံးလေ့ရှိကြပါတယ်။

READ
လက်ပေါက်ကတ်တဲ့ ဆွေမျိုးများနဲ့ အဆင်ပြေအောင် ဘယ်လိုဆက်ဆံရမလဲ
Shutterstock/Bascar

(၂) အော်ရီဒူး (Ooredoo)

အော်ရီဒူးကလည်း မြန်မာနိုင်ငံရဲ့ ဈေးကွက်ကို အတော်လေးလွှမ်းမိုးထားပြီး လူသုံးများနေတဲ့ အော်ပရေတာ တစ်ခုပဲ ဖြစ်ပါတယ်။ သူရဲ့ လူသုံးများတဲ့ အင်တာနက်အစီအစဉ်ကတော့ ရိုးရိုးအစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ 750 MB ကို ၇၉၉ကျပ်နဲ့ ဝယ်ယူရမှာ ဖြစ်ပြီး 950MB ကို ၉၉၉ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။ 750MB ကို ဝယ်ယူရင်တော့ သက်တမ်းက ၁၅ရက်ကြာ အသုံးပြုခွင့်ရမှာပါ။ 950MB နဲ့ အထက်အစီအစဉ်တွေကတော့ တစ်လသက်တမ်း ရရှိပါတယ်။ ဒါ့အပြင် လူကြိုက်များတဲ့ လက်ရှိအစီအစဉ်တစ်ခုကတော့ Combo Package ဖြစ်ပါတယ်။ သူကတော့ ပုံမှန်အစီအစဉ်ထက် ဈေးပိုပေးရသလို ရှိပေမယ့် ပုံစံပြောင်းထားပါတယ်။ သူ့အစီအစဉ်ကတော့ ဘယ်အော်ပရေတာကို ဖုန်းခေါ်ဆိုနိုင်တဲ့ မိနစ်နဲ့ အင်တာနက်ဒေတာကို ပေါင်းထားတာပါ။ ဒီအစီအစဉ်တွေကို ဝယ်ယူရင်တော့ မိနစ် ၂၀နဲ့ အင်တာနက်ဒေတာ 350MB အတွက် ၆၉၉ကျပ် ကျသင့်ပြီး ၇ ရက် သက်တမ်းအတွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။ 512MB နဲ့ ၃၅မိနစ် ဖုန်းပြောနိုင်တာ ဆိုရင်တော့ ၁၅ ရက် သက်တမ်းရှိပြီး သိန်း၁ထောင်ကံစမ်းနိုင်တဲ့ ကံစမ်းမဲ လက်မှတ် တစ်စောင်ရမှာ ဖြစ်ပါတယ်။ 1 GB နဲ့ အထက် အစီအစဉ်တွေကတော့ တစ်လသက်တမ်းရှိပြီး ကံစမ်းမဲလက်မှတ် ၅ စောင်ကနေ ၇၅ စောင်အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Shutterstock/Phuong D. Nguyen

(၃) အမ်ပီတီ (MPT)

မြန်မာနိုင်ငံမှာ နှစ်အကြာဆုံး ရှိနေတဲ့ အော်ပရေတာ တစ်ခု ဖြစ်ပါတယ်။ အသစ်အသစ်သော အော်ပရေတာတွေ တိုးလာသော်လည်း MPT ကို သုံးစွဲနေတဲ့ သူ အမြောက်အများကလည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခြား အော်ပရေတာတွေထက် နောက်ကောက်မကျသွားတဲ့အစီအစဉ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ဆဲ ဖြစ်ပါတယ်။ အခုလည်း MPT ဒေတာ သုံးစွဲသူတွေ ကြိုက်နှစ်သက်နေတဲ့ အစီအစဉ်တွေလည်း ပြုလုပ်ပေးထားပါတယ်။ သူရဲ့ ဒေတာ အစီအစဉ်က Data Carry Plus လို့ အမည်ရပါတယ်။ သူကတော့ အနည်းဆုံး 415 MB ကို ၆၉၉ ကျပ်ကနေ စတင်ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် 630 MB ကို ၇၉၉ ကျပ်ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပြီး 905 MB ကို ၉၉၉ ကျပ်ဖြင့် ဝယ်ယူသုံးစွဲနိုင်တာပဲ ဖြစ်ပါတယ်။ သက်တမ်းကတော့ ၃၀ ရက် ဖြစ်ပြီး ၃၀ ရက်အတွင်း ဝယ်ယူထားတဲ့ ဒေတာတွေ မကုန်ခဲ့ရင် ဒီအစီအစဉ်ကို ထပ်မံဝယ်ယူပြီး ကျန်တဲ့ဒေတာတွေကို သက်တမ်းတိုး သယ်ယူသွားနိုင်ပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်ကို ဝယ်ယူရင် 1MB ကို ၁ ကျပ်သာ ကျသင့်မယ့်အပြင် 400 GB အထိ ကံထူးနိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါသေးတယ်။ ဒါကြောင့်လည်း သုံးစွဲသူတွေက ဒီအစီအစဉ်ကို နှစ်သက်သဘောကျနေတာလည်း ဖြစ်ပါတယ်။

READ
ဘ၀မှာ ဘယ်တော့မှမမေ့သင့်တဲ့ သင်ခန်းစာ(၅)ခု
https://www.facebook.com/mptofficialpage/photos

အစီအစဉ်တွေအားလုံးကို သက်ဆိုင်ရာအော်ပရေတာတွေရဲ့ Application ကနေ ဝယ်ယူတာက အဆင်အပြေဆုံး ဖြစ်ပါတယ်။

ဒီအော်ပရေတာတွေရဲ့ အဆင်ပြေမှုဖြစ်စေ၊ အဆင်မပြေမှုဖြစ်စေ အားလုံးရဲ့ စကားသံလေးတွေလည်း ပြောခဲ့လို့ ရပါတယ်နော်…။

Written by Kham

SHARE