Flagship premium ဖုန်းတစ်လုံးဝယ်ဖို့ သင်ပိုက်ဆံစုနေပါသလား ? အဲ့ဒီလောက် ဒုက္ခခံ၊ ခေါင်းကိုက်ခံမနေပါနဲ့။ ဒီနေ့ခေတ်မှာဆိုရင် ဖုန်းတွေဟာခေတ်မှီ တိုးတက်လွန်း လာတဲ့အတွက်ကြောင့် တန်ဖိုးသင့်ဖုန်းတစ်လုံးဟာ သင်သုံးလိုက်ရတဲ့ ပိုက်ဆံပမာဏနဲ့ထိုက်တန်တဲ့ ၊ ဖုန်းတစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ feature တွေကို ပေးစွမ်းနိုင်ပါတယ်။ နောက်ပိုင်းမှာဆိုရင် flagship လို့ခေါ်တဲ့ တန်ဖိုးမြင့်ဖုန်းတွေဟာ တကယ့် feature တွေ ပေါ်မှာထက် ဖုန်းမှာ နဂိုရှိနေပြီးသာ feature တွေအပါ် တိုးတက်ပြောင်းလဲမှုတွေကိုသာ အဓိကထား လုပ်ဆောင်လာတာကို တွေ့ရမှာပါ။

ကျွန်တော်တို့ အနေနဲ့လက်ရှိအချိန်မှာ အသုံးပြုရတာ ကောင်းမွန်အဆင်ပြေတယ်လို့ ယူဆတဲ့ ကျပ် ၃သိန်းတန်အောက် တန်ဖိုးရှိ ဖုန်း(၃)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဖုန်းတွေထဲက တစ်မျိုးမျိုးကို စာဖတ်သူတို့ နှစ်သက်ခဲ့လျှင် ရွေးချယ် ၀ယ်ယူနိုင်ဖို့ရည်ရွယ်ပါတယ်။ များသောအားဖြင့် mid-range ဖုန်းတွေမှာ storage က တန်ဖိုးကြီးဖုန်းတွေလောက်တော့ အများကြီးပါမလာပေမဲ့ မိမိဝယ်ယူချင်တဲ့ဖုန်းမှာ micro-SD ကဒ်သာထည့်လို့ရမယ် ဆိုရင်တော့ ဖုန်းရဲ့ storage ကိုနှစ်သက်သလို ထပ်တိုးလို့ရပါတယ်။ ပြီးတော့ နောက်တစ်ခုအနေနဲ့ အကောင်းဆုံးဆိုတဲ့ camera တွေကတော့ ဈေးများများ ပေးရတဲ့ဖုန်းတွေမှာပဲ ရနိုင်မယ်ဆိုတာကိုလည်း သတိပြုကြပါ။ ဒါပေမဲ့ နေ့စဉ်သုံးနေကြဖြစ်တဲ့ ပုံတွေရိုက်မယ်၊ ပြီးတော့ social media တွေပေါ်မှာတင်မယ်၊ စတာတွေအတွက် အသုံးပြုမယ်ဆိုရင်တော့ တန်ဖိုးသင့်ဖုန်းတစ်လုံးရဲ့ camera ကလည်း အဆင်ပြေပါတယ်။

ဖုန်းတစ်လုံးကို ၀ယ်ယူတဲ့အခါမှာ သင်သည်ဖုန်းရဲ့ ဘယ်အပိုင်း၊ ဘယ် feature ကိုစိတ်အ၀င်စားဆုံးလဲ ဆိုတာကို အရင် စဉ်းစားသင့်ပါတယ်။ ပြီးတော့ မှ ၀ယ်မယ်၊ မ၀ယ်ဘူးဆုံးဖြတ်သင့်ပါတယ်။

အောက်က အချက်လေးတွေထဲကလည်း သင်ဘာကိုပို လိုချင်သလဲစဉ်းစားသင့်ပါတယ်။

  • Battery ကြာကြာခံတာလေးလိုချင်တယ်။ ဒါဆိုရင်တော့ ဖုန်းမှာပါတဲ့ battery ရဲ့ mAh နဲ့ ဖုန်းမှာ fast charging နည်းပညာပါ မပါကိုကြည့်သင့်ပါတယ်။
  • ဖုန်းကင်မရာ ကိုပိုအလေးထားတယ်ဆိုရင်တော့ ဖုန်းမှာပါတဲ့ အရှေ့နဲ့ အနောက် ကင်မရာတို့ရဲ့ megapixel တွေဘယ်လောက်ရှိသလဲ ကိုကြည့်သင့်ပါတယ်။ Megapixel တစ်မျိုးတည်းကိုကြည့်ပြီးတော့ ဆုံးဖြတ်လို့ရတာတော့မဟုတ်ပေမဲ့ megapixel ကလည်း အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
  • ဂိမ်းတွေကစားဖို့ ဆိုရင် ကျွန်တော်တို့ကြည့်သင့်တဲ့ အချက်တွေက ဖုန်းမှာပါတဲ့ processor တွေရဲ့ specs တွေနဲ့ အဲ့ဒီ processor တွေရဲ့ စွမ်းဆောင်နိုင်ရည်တွေကို ထည့်စဉ်းစားသင့်ပါတယ်။
  • ရုပ်ရှင်တွေ ကြည့်ဖို့ဆိုရင်တော့ ဖုန်းရဲ့ storage ကိုညွှန်းတဲ့ ROM ပမာဏ ဘယ်လောက်ပါသလဲ စတဲ့ အချက်တွေကို စဉ်းစားသင့်ပါတယ်။

Redmi Note 7 (Rating 4.3/5)

Editorial credit: / Shutterstock.com

Redmi Note 7 ရဲ့ screen size ဟာ ၆.၃ လက်မရှိပြီးတော့ ဖုန်း screen ဟာမျက်နှာပြင်တစ်ခုလုံးအပြည့်နီးပါးပါပဲ။ Notch အနေနဲ့ ပုံမှန် တွေ့နေကြဖြစ်တဲ့ အကြီးကြီးမဟုတ်ပါဘူး။ ရေစက်လေးတစ်စက်ပုံစံ notch လေးသာဖြစ်ပါတယ်။ အဲ့ဒါကို water drop notch display လို့ခေါ်ပါတယ်။ ဖုန်းရဲ့ ဘောင်သားတွေဟာဆိုရင် 1.95 မီလီမီတာ ပဲရှိတာဖြစ်တဲ့အတွက် တော်တော်သေးတယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းရဲ့ရှေ့မျက်နှာပြင်ရော နောက်ကျောမှာပါ ဖန်သားတွေကို အသုံးပြုထားတဲ့ အတွက် တန်ဖိုးကြီးဖုန်းတစ်လုံး ကိုကိုင်နေရသလို ဖြစ်နေမှာပါ။ အသုံးပြုထားတဲ့ မှန်ကတော့ Corning Gorilla 5 အမျိုးအစားဖြစ်ပါတယ်။ ဖုန်းဖန်သားပြင်ပေါ်မှာ မြင်ရတဲ့ color တွေကလည်း ကောင်းမွန်ပြီးတော့၊ brightness လည်းတော်တော်ကောင်းပါတယ်။ ဒီဖုန်းမှာ ရှေ့ ကင်မရာက 13MP ရှိပြီးတော့ နောက် ကင်မရာက ၂လုံးကတော့ 12MP + 2 MP အသီးသီးရှိကြပါတယ်။ အလင်းရောင်ကောင်းကောင်းရှိတဲ အခါရိုက်ထားတဲ့ ပုံတွေကတော့ တော်တော်ကိုကောင်းပါတယ်။

ဖုန်းရဲ့ processor ကတော့ Qualcomm Snapdragon 660 ဖြစ်ပြီးတော့ ဒီ chipset ဟာဆိုရင် game ကစားတာပဲဖြစ်ဖြစ်၊ သာမန် app တွေသုံးတာပဲဖြစ်ဖြစ် စွမ်းစောင်ရည်ကတော့ အကောင်းဆုံးတော့ မဟုတ်ပေမဲ့ တော်တော်ကောင်းတယ်လို့ပြောရမှာပါ။ ဖုန်းမှာ Sim Card နှစ်မျိုးကို တစ်ပြိုင်တည်း အသုံးပြုလို့ရပါတယ်။ Battery အနေနဲ့ကတော့ 4000mAh ရှိပြီးတော့ အားတစ်ခါသွင်းပြီးရင် အချိန်တော်တော်ကြာအောင် သုံးနိုင်ပါတယ်။ ဒီဖုန်းမှာ Fast Charging နည်းပညာကို ထည့်သွင်းပေးထားပါတယ်။ ဒါပေမဲ့ အဲ့ဒီအတွက် Charger ကိုတော့ သီးသန့်ဝယ်ယူ အသုံးပြုရပါ့မယ်။

Redmi Note 7 ဟာဆိုရင် ဖုန်းကောင်းတစ်လုံးမှာ ရှိသင့်တဲ့ အချက်တွေ ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ တန်ဖိုးသင့် ဖုန်းတစ်လုံးဖြစ်ပြီးတော့ ပေးရတဲ့ ဈေးနဲ့လည်း တန်တဲ့အတွက် ဒီဖုန်းမှာ ရှိနိုင်မယ့် အားနည်းချက်သေးသေးမွှားမွှားလေးတွေကို အပြစ်တောင် သိပ်ပြောလို့မကောင်းတော့ပါဘူး။

ဒီဖုန်းနဲ့ ပါတ်သက်ပြီးတော့ တချို့ ဖုန်း review လုပ်သူတွေ မကြိုက်တဲ့ အချက်တစ်ခုက NFC လို့အတိုခေါ်တဲ့ Near Field Communication နည်းပညာ မပါဝင်တာကိုဖြစ်ပါတယ်။ နိုင်ငံအများ စုမှာ NFC ကိုသုံးပြီးတော့ ငွေပေးချေမှုတွေကို လုပ်ဆောင်ကြပါတယ်။ ဒါပေမဲ့ NFC ပါတာမပါတာက ကျွန်တော်တို့ မြန်မာနိုင်ငံက အသုံးပြုသူတွေအတွက်တော့ သိပ်အရေးမပါတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ နောက်တစ်ချက်က တော့ ဖုန်းရဲ့ ကျောပြင်က ဖန်သားဖြစ်တဲ့ အတွက် တခြား plastic နဲ့ဖုန်းတွေနဲ့ ယှဉ်လိုက်ရင်တော့ အားသာချက်လို့ ပြောနိုင်ပေမဲ့ ဖန်ဖြစ်တဲ့ အတွက် ကွဲနိုင်တယ်ဆိုတဲ့ အားနည်းချက်တစ်ခုတော့ ပိုလာပါတယ်။

အဲ့ဒီအားနည်းချက်လေးတွေက ဒီဖုန်းရဲ့ အသားသာချက်တွေဖြစ်တဲ့ Battery ကြာရှည်ခံနိုင်မှု၊ ဖုန်း CPU ရဲ့စွမ်းစောင်နိုင်မှု၊ ဖုန်းကိုယ်ထည်ရဲ့ ကောင်းမွန်သပ်ရပ်မှု၊ ဖုန်းကင်မရာ စာတာတွေနဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမပြောလောက်ပါဘူး။ ဖုန်းမှာ USB type C ကိုအသုံးပြုထားပြီးတော့၊ 3.5mm နားကျပ်ပေါက်လည်းပါဝင်ပါတယ်။ FM လည်းအသုံးပြုလို့ရပါတယ်။

 

Editorial credit: / Shutterstock.com
ဖုန်းအမျိုးအစား Redmi Note 7
ဖန်သားပြင် 6.3-လကျမ FHD+ ဖန်သားပြင်။ 2340*1080 resolution, Dot-notch
CPU 2.2GHz Snapdragon 660 / octa-core processor
RAM 3GB/ 4GB LPDDR4X
ဖုန်း Storage 32GB/ 64GB, Hybrid MicroSD card slot
ဖုန်း OS MIUI 10 (Android 9.0 Pie)
နောက်ကျောကင်မရာ 12MP + 2MP
ရှေ့ကင်မရာ 13MP
Fingerprint နောက်ကျောဘက်မှာပါရှိပါတယ်
Battery 4000mAh, 18W Fast Charging, Quick Charge 4.0 အသုံးပြုနိုင်။

ဖုန်းနှင့်ပါရှိသော charger : 10W

ယခု link ဖြင့် shop.com မှယခု link ဖြင့် shopmyar.com မှ ၀င်ရောက်ကြည့်ရှုဝယ်ယူနိုင်ပါသည်။ သို့မဟုတ် သင်နဲ့ အနီးဆုံး Xiaomi store. တွေမှာ သွားရောက်ဝယ်ယူနိုင်ပါတယ်။

Samsung Galaxy A 20 (4/5)

Editorial credit: / Shutterstock.com

Samsung Galaxy A-series ဖုန်းတစ်လုံးဖြစ်တဲ့ အတွက် ဖုန်း design ပိုင်းကောင်းမွန်ပြီး၊ ဖုန်းမှာ fast charging နည်းပညာပါဝင်ပါတယ်။ ပြီးတော့ ဒီဖုန်းမှာ samsung ရဲ့ Android ကို အခြေခံထားတဲ့ UI အသစ်လည်းဖြစ်တဲ့ One UI ကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ display အနေနဲ့ကတော့ 6.4-လက်မ HD+ AMOLED screen ဖြစ်တဲ့အတွက် ဖုန်းမှာမြင်တွေ့ရမယ့် color တွေကတော့ တောက်ပနေမှာဖြစ်ပါတယ်။ ဒီလိုတန်ဖိုးနဲ့ AMOLED DISPLAY ပါရှိတဲ့ ဖုန်းတွေ သိပ်များများစားစား မရှိပါဘူး။ ဖုန်းရဲ့ နောက်ကျောပြင်က ဖန်သားရောင်ရောင်ရှိ တဲ့ polycarbonate ကိုသုံးထားတာဖြစ်ပါတယ်။ ဖုန်းမှာ USB Type-C ပေါက်၊ sim ပေါက်နှစ်ပေါက်နဲ့ 4000mAh battery ကိုမှ fast charging နဲ့အားသွင်းနိုင်ပါတယ်။ Galaxy A20 ဟာဆိုရင် နာမည်ကြီး brand တစ်ခုကို တန်ဖိုး များများ ပေးစရာမလိုဘဲ သုံးလို့ရပြီးတော့ quality လည်းကောင်းမွန်တယ်လို့ ပြောလို့ရတယ့်ဖုန်းတစ်လုံးပါ။ ဒီဖုန်းဟာ လက်ထဲမှာ ကိုင်ဆောင်ရတာလည်း သက်တောင့်သက်သာရှိပါတယ်။

Samsung ရဲ့ One UI ကအသုံးပြုရတာ သွက်လက်ပြီးတော့ လွယ်ကူပါတယ်။ ပြီးတော့ ပထမဆုံးစတင် အသုံးပြုသူတွေ အနေနဲ့ဆိုရင်လည်း လွယ်လွယ်နဲ့ သုံးတတ်သွားပါတယ်။ UI ကလျှင်မြန်သွက်လက်ပြီးတော့ သူ့ထဲက animation တွေကလည်း မြင်ရတာ ရှောရှောရှူရှူရှိပါတယ်။ နောက်ပိုင်းထွက် Samsung ဖုန်းတွေနည်းတူ ဒီဖုန်းမှာလည်း HD streaming လုပ်ဆောင်နိုင်ပါတယ်။ ဖုန်းမှာ Face recognition စနစ်လည်းပါတဲ့အတွက် ကြောင့် သင့်မျက်နှာနဲ့ ဖုန်းကို unlock လုပ်ဆောင်နိုင်ပါတယ်။

တချို့က ဒီဖုန်းရဲ့ fingerprint sensor ကအပေါ်ကို ရောက်လွန်းတယ်လို့ ၀ဖေန်ကြပါတယ်။ တချို့ကျတော့ ဖုန်း ဖန်သားပြင်က ပုံတွေက သိပ်ပြတ်ပြတ်သားသားမရှိလှဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဒီဖုန်းရဲ့ display က amoled display ဖြစ်ပါတယ်။ အရောင်ထွက် တွေကို သေသေချာချာ ချိန်ညှိထားတဲ့ အတွက်ကြောင့် screen ကို ကြည့်ရတာဟာ အဆင်ပြေပြေရှိမှာပါ။

တန်ဖိုးသင့်ဖုန်းတွေလို့ ဆိုလိုက်တာနဲ့ အလိုလို Xiaomi ရဲ့ Redmi ဖုန်းတွေကို လူသိများတာဖြစ်ပါတယ်။အဲ့ဒီဖုန်းတွေမှာ design လန်းလန်းနဲ့ hardware ပစ္စည်းကောင်းကောင်း တွေကိုထည့်သွင်းထားပြီးတော့ အသုံးပြုသူတွေကို စွဲဆောင်တာဖြစ်ပါတယ်။ အဲ့ဒါကို ယှည်ပြိုင်ဖို့အတွက် samsung ကလည်း တန်ဖိုးသင့်ဖုန်းတွေကို ထုတ်လုပ်လာပါပြီ။ ဒီ Galaxy A20 က ကိုရီးယားဖုန်းကုမ္ပဏီကြီးရဲ့ တန်ဖိုးသင့် ဖုန်းတစ်လုံးဖြစ်ပြီးတော့ feature တွေကလည်း ပေးတဲ့ ဈေးနဲ့ တန်တယ်လို့ ပြောလို့ရပါတယ်။ ဖုန်းမှာ ရုပ်ရှင်တွေကြည့်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီဖုန်းဟာ သင့်နဲ့ကိုက်ညီလိုက်ဖက်ပါတယ်။

 

ဖုန်းအမျိုးအစား Samsung Galaxy A20
ဖန်သားပြင် 6.4-inch HD+ display၊ 720×1560 pixels, AMOLED, Infinity-V cutout
Processor 1.6 GHz octa-core Exynos 7884 SoC
RAM 3GB
ဖုန်း Storage 32GB, သီးသန့် SD card ပေါက်ပါရှိပြီး 512GB အထိတိုးနိုင်ပါသည်။
ဖုန်း OS Android 9 Pie / One UI
နောက်ကင်မရာ 13MP (F1.9) + 5MP (F2.2)
ရှေ့ကင်မရာ 8MP (F/2.0)
Fingerprint နောက်ကျောဘက်မှာပါရှိပါသည်။
Battery 4000mAh / fast charging အသုံးပြုနိုင်ပါသည်။

ယခု link ဖြင့် Shop.com သို့မဟုတ် သင့်နဲ့ အနီးဆုံး Samsung store များမှာ သွားရောက်ဝယ်ယူနိုင်ပါတယ်။

Realme 3 (4.2/5)

Editorial credit: / Shutterstock.com

Realme ဆိုတဲ့ brand က စမတ်ဖုန်းလောကထဲ ၀င်တာသိပ်မကြာသေးပါဘူး။ ဒါပေမဲ့ ဒီဖုန်းတွေရဲ့ quality တွေကြာင့် လူသိတော်တော်များလာပြီဖြစ်ပါတယ်။ Realme 3 ဟာဆိုရင် ၀ယ်တဲ့ဈေးနဲ့ တန်တဲ့ performance၊ လှပသေသပ်တဲ့ design ရယ်ပေါင်းစပ်ထားပြီးတော့ လူငယ်ပိုင်း အသုံးပြုသူတွေကို ပစ်မှတ်ထား ရောင်းချတာဖြစ်ပါတယ်။ ဒီဖုန်းမှာ game ကစားရတာဟာ ဖုန်းအကောင်းစား တစ်လုံးနီးနီး ကောင်းပြီးတော့ နာမည်ကြီး game တစ်ခုဖြစ်တဲ့ PUBG ကို 30fps နဲ့အေးဆေးကစားနိုင်ပါတယ်။

Design အနေနဲ့ကတော့ချောမွတ်ပြေပြစ်တာကို မြင်ရနိုင်ပြီးတော့ ကိုင်တွယ်ရတာလည်း ကောင်းမွန်ပါတယ်။ Notch ကလည်း အလွန်သေးငယ်တဲ့ အတွက်ကြောင့် ဖုန်းရဲ့ display နေရာ ကို ပိုကြီးကြီး မြင်နိုင်ပါတယ်။ Display မှန်ကို Corning Gorilla Glass 3 နဲ့ကာကွယ်ထားလို့ ခြစ်ရာပွန်းရာတွေကို သာမာန်ထက် ပိုခံနိုင်ရည်ရှိပါတယ်။

Screen အရွယ်အစားအနေနဲ့ကတော့ 6.3-လက်မရှိပြီး HD+ resolution နဲ့လာတာပါ။ Aspect ratio အနေနဲ့ 19.5:9 ရှိပါတယ်။ Display က brightness ပေးတာ ကောင်းတဲ့အတွက် အိမ်အပြင်ဘက်မှာသုံးရင်တောင် အဆင်ပြေပါတယ်။ ဖုန်းရဲ့ နောက်ကျောက ရေပြင်ညီပါတယ်။ ကင်မရာတွေဘာတွေ လည်းမြင့်တက်မနေတဲ့တွက် ခုံပေါ်တို့ ဘာတို့မှာ သုံးရင် မြင့်တက်နေတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်မှာ စိုးရိမ်ဖို့သိပ်မလိုတော့ပါဘူး။ အောက်ဘက်မှာဆိုရင်တော့ micro-USB ပေါက်တစ်ပေါက်၊ သူ့ရဲ့ဘေးမှာ speaker တစ်ခုနဲ့ 3.5mm headphone jack တွေပါဝင်ပါတယ်။ ခလုတ်တွေကိုလည်း လက်တစ်ဖက်တည်းနဲ့ နှိပ်ရတာ အဆင်ပြေပါတယ်။

 

Editorial credit: / Shutterstock.com
ဖုန်းအမျိုးအစား Realme 3
ဖန်သားပြင် 6.3-လက်မ, HD+, 19.5:9 aspect ratio, Gorilla Glass 3
CPU 2.1 GHz MediaTek Helio P70 Octa-core chipset; ARM G72 GPU
RAM 3/4GB
ဖုန်း Storage 32/64GB /  သီးသန့် SD card ပေါက်ပါရှိပြီး 256GB အထိတိုးနိုင်ပါသည်။
ဖုန်း OS Android 9.0 Pie / Color OS 6.0
နောက် ကင်မရာ 13MP နောက်ဘက်ကင်မရာ, f/1.8 aperture + 2MP
ရှေ့ကင်မရာ 13MP selfie camera, f/2.0 aperture
Battery 4230mAh, fast charging မပါရှိပါဘူး။ 

Shop.com မှသို့မဟုတ်, shopmyar.com မှဝယ်ယူနိုင်လို သင်နဲ့ အနီးဆုံး ယုံကြည်စိတ်ချရတဲ့ ဖုန်းဆိုင်တွေမှာ ၀ယ်ယူနိုင်ပါတယ်။

ကျွန်တော်တို့ ခု review လုပ်ပေးသွားတဲ့ ဖုန်းတွေ အကုန်လုံးကို မြန်မာနိုင်ငံမှာ အလွယ်တကူ ၀ယ်ယူနိုင်ပါတယ်။ ဒီဖုန်း သုံးမျိုးထဲက သင်ကြိုက်နှစ်သက်တဲ့ ဖုန်းတစ်လုံးလုံးကို တွေလိမ့် မယ်လို့ ယုံကြည်ပါတယ်။ Review လုပ်ထားတဲ့နေရာမှာ ကျွန်တော်တို့ online ကရော၊ တကယ့် အသုံးပြုသူတွေဆီရောကပါ စုံစမ်းမေးမြန်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ review လုပ်တဲ့ အတွက် အခကြေးငွေမရရှိထားပါဘူး။ အပေါ်က ကျွန်တော်တို့ ချပေးထားတဲ့ link တွေကနေ ဖုန်းတွေကို ၀ယ်ယူခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ ကော်မရှင်ခ အနည်းအကျဉ်းတော့ ရနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒီ review မှာဖော်ပြသွားတဲ့ ဖုန်းတွေကို ကောင်းတယ်လို့ review လုပ်ထားတာပဲ၊ ၀ယ်လိုက်မယ် ဆိုပြီးတော့ မျက်စိစုံမှိတ် ပြီးတော့လည်း မ၀ယ်လိုက်ဖို့ ပြောလိုပါတယ်။ ၀ယ်တော့မယ်ဆိုရင် သေသေချာချာ သွားရောက်စုံးစမ်းကြည့်ရှုပြီးမှ၊ သင် အမှန်တကယ်နှစ်သက်မှ သာဝယ်ယူကြဖို့ တိုက်တွန်းလိုပါတယ်။ ဖုန်းဝယ်ရင်လည်း ယုံကြည်စိတ်ချရတဲ့ ဆိုင်များမှသာ ၀ယ်ယူကြပါ။ Warranty ကဒ်ပြားတွေပေါ်က အချက်အလက်တွေကိုလည်း သေသေချာချာ ဖြည့်သွင်းပြီး သိမ်းဆည်းထားပါ လို့ အကြံပြုလိုပါတယ်။

zer0eXploit

SHARE