မလေးရှားနိုင်ငံရဲ့ သရဲအခြောက်ဆုံး ဟိုတယ်(၄)ခု

Twitter/AmirulRuslan

ဟိုတယ်လို့ပြောလိုက်တာနဲ့ များသောအားဖြင့် ကြောက်စရာနေရာတွေလို့ သတ်မှတ်ခံရပါတယ်။လူတော်တော်များများကတော့ ကိုယ်မတည်းဖူးသေးတဲ့ ဟိုတယ်တစ်ခုရောက်ရင် ပတ်ဝန်းကျင်ရှုခင်းလေးကလည်းလှ၊ဟိုတယ်ရဲ့ ဝန်ဆောင်မှုလေးကလည်း ကောင်းနေရင် နေချင်စရာလေးလို့ ပြောကြပါတယ်။ဒါပေမယ့် သင်တစ်ခုခုကိုမေ့နေသလိုပဲ။အဲဒါဘာလဲဆိုတော့ သင့်အနီးအနားပတ်ဝန်းကျင်မှာ သင်မမြင်နိုင်တဲ့အရာတွေရှိနေတတ်တယ်ဆိုတာပါပဲ။ဒါကြောင့်အခုလည်း မလေးရှားနိုင်ငံမှာရှိတဲ့ သရဲအခြောက်ဆုံး ဟိုတယ်လေးခုအကြောင်း Asain One သတင်းဌာနရဲ့ တင်ပြချက်ကို ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

(1) Kuala Lumpur မြို့မှာရှိတဲ့ Mandarin Pacific Hotel

 

View this post on Instagram

 

Took a shot of this rather old #hotel in Chinatown KL from outside the #PasarSeni MRT Station. Have you stayed here before? 😃

A post shared by foongpc (@foongpc) on

Kuala Lumpur မြို့ တရုတ်တန်းနားမှာ တည်ရှိတဲ့ ဒီဟိုတယ်ဟာဆိုရင် နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ သရဲခြောက်တယ်ဆိုတာကလည်း ဒီဟိုတယ်မှာ ရာဇဝင်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဒီဟိုတယ်ရဲ့ အခန်းတစ်ခန်းမှာ သေဆုံးပြီး ရက်တော်တော်ကြာကြာ ဟိုတယ်က ဝန်ထမ်းတွေက မသိရှိရပါဘူး။ရှာတွေတဲ့အချိန်မှာ အဖိုးကြီးရဲ့ ခန္ဓာကိုယ်ဟာ ပုပ်ပွပျက်စီးနေပြီဖြစ်ပါတယ်။ဟိုတယ်မှာ လာရောက်တည်းခိုသူတွေကတော့ အထူးသဖြင့် ညဘက်ရောက်ရင် အခန်းထဲက ပရိဘောဂပစ္စည်းတွေဟာ သူ့အလိုလိုရွေ့လျားနေပြီး တံခါးတွေကလည်း တကျွိကျွိနဲ့ မြည်နေတယ်လို့ဆိုကြပါတယ်။တစ်ခါတစ်ရံ ကြမ်းပြင်မှာ ခင်းထားတဲ့ Marbleတုံးတွေက တစ်ခုနဲ့တစ်ခု ပွတ်တိုက်နေတဲ့အသံကိုလဲ ကြားရတယ်လို့ ဆိုကြပါတယ်။

(2) Port Dickson နားမှာရှိတဲ့ Corus အပန်းဖြေစခန်း

 

View this post on Instagram

 

Indah dan Damai Tenang di Sini

A post shared by Muniyati Ahmad (@muniyati) on

Corus အပန်းဖြေစခန်းကတော့ သဘာဝန်းချီကားတစ်ချပ်လို မြင်ကွင်းမျိုးရှိတဲ့အတွက် တော်တော်ကိုလှပတဲ့နေရာတစ်ခုလို ကျော်ကြားလှပါတယ်။ အနီးအနားမှာရှိတဲ့ တာဝါကြီးတွေကလည်း အရမ်းကို အသက်ဝင်လွန်းလှပါတယ်။ အဲဒီတာဝါကြီးတွေမှာလည်း နေမယ့်သူမရှိဘဲ လွတ်လပ်နေတဲ့နေရာကြီးတွေပါ။ ညဆိုရင်တော့ မီးရောင်လည်းမရှိဘဲ တာဝါကြီးတွေက အမှောင်ထဲမှာ ထီးထီးကြီးရပ်တည်နေပါတယ်။ လာရောက်လည်ပတ်သူတွေကတော့ ညဘက်မှာ အနံ့စိမ်းသက်သက်ကြီးတွေရပြီး တာဝါကြီးတွေရဲ့ နံရံတွေမှာ ရေအမှတ်အသားတွေလည်း တွေ့ရတတ်တယ်လို့ဆိုပါတယ်။တော်တော်များများကတော့ အတိတ်မှာ ဒီတာဝါကြီးတွေက ရေဖုံးလွှမ်းခံခဲ့ရတယ်လို့ မှတ်ချပြုကြပါတယ်။ဒါပေမယ့် ဘာတွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာတော့ တိတိကျကျမပြောနိုင်ကြပါဘူး။

(3) Ipoh မြို့မှာရှိတဲ့ Tambun ကျေးလက်တည်းခိုခန်း

READ
(၄)မိနစ်ကြာ စီးရမယ့် ကမ္ဘာ့အရှည်လျားဆုံး ရေလွှာလျှောကြီး

 

Tambun တည်းခိုခန်းကတော့ မလေးရှားနိုင်ငံကိုလာတဲ့ နိုင်ငံခြားသားခရီးသည်တွေ အလည်များဆုံးနေရာဖြစ်ပြီး Ipoh မြို့မှာနေဖို့ အကောင်းဆုံးနေရာတွေထဲက တစ်နေရာလည်းဖြစ်ပါတယ်။Tambunဟိုတယ်မှာတေ့ တစ်ယောက်ခန်း၊နှစ်ယောက်ခန်း၊မိသားစုအခန်း အစရှိတဲ့ အခန်းတွေလည်း အများကြီးရှိပါတယ်။လာရောက်တည်းခိုဖူးတဲ့ ခရီးသွားတွေအဆိုအရ ညဘက်အိပ်တိုင်း လေချွန်သံတွေ ကြားရတတ်တယ်လို့ဆိုပါတယ်။ဒါ့အပြင် မီးချောင်းတွေကလည်း ဖွင့်လိုက်ပိတ်လိုက်တွေ သူ့အလိုလိုဖြစ်နေတတ်ပါတယ်။တချို့ကြတော့လည်း ကော်ရစ်ဒါတစ်လျှောကိမှာ ဆူဆူညံညံအော်ငိုယိုသံတွေ တစ်ခါတစ်ရံကြားရကြောင်း ပြောပါတယ်။ဟိုတယ်မှာတည်းတဲ့သူတိုင်း မြင်တွေ့ဖူးကြတာကတော့ ဂါဝန်အပြာနဲ့ အသက်ငယ်ငယ်မိန်းကလေးတစ်ယောက်ပါပဲ။တချို့တည်းခိုသူတွေကျပြန်တော့လဲ ကိုယ့်အခန်းထဲမှာ အိပ်ပျော်ပြီး မနက်မိုးလင်းလို့နိုးလာရင် တခြားအခန်းတွေရောက်နေတတ်ကြတယ်လို့ ဆိုပါတယ်။

(4) Pahang မြို့မှာရှိတဲ့ First World Hotel

 

View this post on Instagram

 

#gentinghiglands #firstworldhotelgentinghighlands

A post shared by mindy yap (@yapmindy) on

First World Hotelကတော့ တော်တော်ကြီးကျယ်ခမ်းနားတဲ့ ဟော်တယ်တစ်ခုဖြစ်ပါတယ်။ကာစီနို၊ရေကူးကန်၊ရှော့ပင်းမောလ်တို့ပါဝင်ရုံသာမက အခန်းပေါင်း ၆၀၀၀ကျော်ပါဝင်ပြီး ကမ္ဘာ့အခန်းအများဆုံးဟိုတယ်အဖြစ် ဂရင်းနစ်စံချိန်ချိုးထားတဲ့ ဟိုတယ်ဆိုလည်း မမှားပါဘူး။ဒီလောက်ခမ်းနားကြီးကျယ်တဲ့ဟိုတယ်က သရဲမခြောက်လောက်ပါဘူးလို့ သင်တွေးနေပြီမှတ်လား။ကာစီနိုမှာ အမြဲလာကစားဖူးတဲ့သူတွေ ပြောပြချက်အရ ကံမကောင်းတဲ့လောင်းကစားသမားတော်တ်ေများများဟာ သူတို့ပိုက်ဆံတွေ တော်တော်များများရှုံသွားရင် ဒီဟိုတယ်မှာပဲ ကိုယ့်ကိုယ်ကိုယ်သတ်သေလေ့ရှိပါတယ်။ညဘက်ရောက်ရင်လည်း ဟိုတယ်အတွင်းမှာ သရဲ၊တစ္ဆေတွေရဲ့ ပုံရိပ်တွေကို တွေရလေ့ရှိကြောင်း ပြောကြပါတယ်။ဒါပေမယ့် တွေပြီဆိုတာနဲ့ အဲဒီပုံရက်တွေဟာ လေထဲမှာ သူ့အလိုလိုပျောက်ကွယ်သွားတတ်ပါတယ်။ဒါ့အပြင် ဟိုတယ်ရဲ့ ၂၁ထပ်မြောက်တော့သရဲခြောက်တယ်လို့ နာမည်အကြီးဆုံးပါပဲ။အဲဒီအထပ်ကိုလည်း တည်းခိုသူတွေတော်တော်များများ မရောက်ဖူးပါဘူး။ဘာလို့လဲဆိုတော့ ဓာတ်လှေကားက ၂၁လွှာမှာ လုံးဝကိုမရပ်ဖူးလို့ပါပဲ။နောက်ထပ်ထူးဆန်းတာတစ်ခုကတော့ ညဘက်ရောက်တာနဲ့ ဟိုတယ်တစ်ခုလုံး သူ့အလိုလို အမွှေးနံ့တွေ ရလာတတ်လို့ပါပဲ။

Pyi Hein Kyaw

SHARE