အစားအသောက်နဲ့ပတ်သက်ပြီး ထိပ်ဆုံးမှာရပ်တည်နေတဲ့ နိုင်ငံ(၅)ခု

Twitter

လူတိုင်းမှာ ကိုယ့်ရဲ့အကြိုက်ဆုံး အစားအသောက်ပုံစံတွေ ရှိကြပါတယ်။ ဒါပေမယ့် အကောင်းဆုံး ဆိုတာတွေကို မြည်းစမ်းလိုက်ရတဲ့အခါ ကိုယ့်ရဲ့အကြိုက်ဆုံးအဖြစ် သတ်မှတ်ခဲ့ဖူးတာတွေ ပျောက်သွားကြပြီး ကြိုက်နှစ်သက်မှုကလည်း အသစ်ပြောင်းလဲလာခဲ့ပါတယ်။ ဒီနေ့ ကမ္ဘာပေါ်မှာ ဟင်းလျာနဲ့ ပတ်သက်ရင် အကောင်းဆုံး ချက်နိုင်တဲ့ နိုင်ငံတွေ အများအပြား ရှိလာခဲ့ပြီး အဲဒီအထဲမှာမှ အကောင်းဆုံးအရသာ၊ အကောင်းဆုံး အပြင်အဆင်တွေကို ပြုလုပ်နိုင်တဲ့ ထိပ်ဆုံးနိုင်ငံ (၅)ခုကို Worldcheftour က အခုလို ဖော်ပြထားပါတယ်။

(၁)။ အီတလီ

အကောင်းဆုံး အစားအစာတွေ ရှိတဲ့ နိုင်ငံစာရင်းမှာ အီတလီက ကမ္ဘာ့နံပတ်(၁)ပါ။ အီတလီအစားအစာတွေအကြောင်း ပြောရတာက တော်တော်လေး ခက်ပြီး အဲဒီတွေကို တစ်ခါ စားကြည့်ရုံနဲ့ လွယ်လွယ်လေး သဘောကျမှာမဟုတ်ပါဘူး။ အစိမ်း၊အနီ၊အ၀ါရောင်တွေ အမြဲလိုလို ပါတတ်တဲ့ အီတလီဟင်းလျာတွေက တစ်ကြိမ်ထက် ပိုပြီး စားမိလိုက်ပြီဆိုရင် လျှာပေါ်မှာ စွဲသွားတတ်ပြီး ချိစ်၊ သံလွင်ဆီ၊ ခရမ်းချဉ်သီးတွေကို သုံးပြီး ချက်တတ်တဲ့ အီတလီအစားအသောက်တွေက ကမ္ဘာ့နံပတ်(၁)နေရာမှာ ရပ်တည်နေပါတယ်။

(၂)။ ပြင်သစ်

READ
လူမသိသူမသိနဲ့ သေဆုံးသွားခဲ့တဲ့ ပန်းချီပါရမီရှင် ဗင်းဆင့်ဗန်ဂိုး

ပြင်သစ်နိုင်ငံရဲ့ ဟင်းလျာတွေကတော့ တီထွင်ဖန်တီးမှုနဲ့ အနုပညာမြောက်မှုတွေကြောင့် နာမည်ကြီးပါတယ်။ ကမ္ဘာအနှံ့မှာ ပြင်သစ်ရဲ့ ဟင်းချက်သင်တန်းတွေကို တွေ့နိုင်ပြီး ပြင်သစ်ဟင်းလျာတွေဟာ တခြားဟင်းလျာတွေနဲ့ လုံးဝကို ကွဲပြားနေတာပါ။ ပြင်သစ်နဲ့ပတ်သက်ရင် လူတွေ အသိများကြတာကတော့ ပြင်သစ်အာလူးကြော်တွေပဲဖြစ်ပြီး ပြင်သစ်ဟင်းလျာတွေက ၀ိုင်နဲ့အတူတွဲစားရင် အလိုက်ဖက်ဆုံးလို့ လူတွေက လက်ခံထားကြပါတယ်။

(၃)။ မက္ကဆီကန်

မက္ကဆီကန်အစားအစာတွေကတော့ ပဲတွေ၊ ပြောင်းဖူးတွေကို အသုံးများပြီး ပူပူစပ်စပ် အရသာကြောင့် နာမည်ကြီးပါတယ်။ ကြက်သား၊ အမဲသား၊ သိုးသား၊ ဆိတ်သား စသဖြင့် အသားအစုံသုံးလေ့ရှိတဲ့ မက္ကဆီကန် ဟင်းလျာတွေက စပိန်ဟင်းလျာတွေနဲ့လည်း ပုံစံချင်းတူပါတယ်။ မက္ကဆီကန်အစားအစာတွေထဲမှာ ချိစ်ကို အခြေခံပြီး ချက်တဲ့ ဟင်းလျာတွေအများကြီးရှိပေမယ့် ပူပူစပ်စပ်အရသာ ဟင်းလျာမျိုးကိုမှ အားလုံးက မက္ကဆီကန်စတိုင်လို့ သတ်မှတ်ကြတာပါ။

(၄)။ စပိန်

READ
လူနေအိမ်နံရံကြားမှာ ကတ်သီးကပ်သတ် နေရာယူထားတဲ့ ဧရာမပျားအုံကြီး

စပိန်ရဲ့ အစားအစာတွေကိုတော့ တကယ့်ကို လေ့လာနှံ့စပ်သူတွေမှ ခံစားနိုင်တာမျိုးပါ။ စပိန်ဟင်းလျာတွေက ပုံစံရိုးရိုးတွေဖြစ်ပြီး အခြားနိုင်ငံတွေက ဟင်းလျာတွေနဲ့ ပုံစံချင်းတူကြပေမယ့် သူတို့က မသိမသာလေး ကွဲထွက်နေကြပါတယ်။ စပိန်ဟင်းလျာအများစုမှာ မှို ကို ဖောဖောသီသီသုံးကြလေ့ရှိပြီး ဟင်းချက်တဲ့နေရာမှာ သံလွင်ဆီကိုပဲ သုံးစွဲကြလေ့ရှိတာပါ။

(၅)။ အိန္ဒိယ

အိန္ဒိယအစားအသောက်တွေအနေနဲ့ ကမ္ဘာမှာ ဘာကြောင့် နာမည်ကြီးသလဲဆိုတာကတော့ အရသာ စုံတာကြောင့်ပါ။ အချို၊အငန်၊အစပ် အရသာအစုံကို အိန္ဒိယအစားအစာတွေမှာ တွေ့ရတဲ့အပြင် တခြားဟင်းလျာတွေနဲ့ ကွဲထွက်နေတဲ့ ရနံ့တွေကြောင့်လည်း သူတို့အစားအစာတွေကို လူတွေကြိုက်ကြတာပါ။ အာလူး ကို အခြေခံပြီး ချက်ပြုတ်လေ့ရှိတဲ့ အိန္ဒိယအစားအစာတွေက အစပ်အရသာ ပိုကဲလေ့ရှိပြီး ဥရောပအထိတောင် သူတို့ရဲ့ ဟင်းလျာတွေက နာမည်ကြီးပါတယ်…။

Linn

SHARE