ကောင်မလေးတွေ သင့်ကို ပြောပြမှာမဟုတ်တဲ့ ထိပ်တန်းလျှို့ဝှက်ချက်(၅)ခု

ယောက်ျားလေးတွေက လိုချင်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ မကြိုက်ရင် ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ ဒါပေမယ့် မိန်းကလေးတွေမှာတော့ အဲ့ဒီလို အကျင့်မျိုး မရှိတတ်ကြပါဘူး။ မိန်းကလေးတွေက နားလည်ရခက်တတ်
ပါတယ်။ ဒါပေမယ့် သူတို့အကြောင်း သိရင်တော့ နားလည်ရမခက်တော့ပါဘူး။  သူတို့မှာ သင့်ကို ဘယ်တော့မှပြောမှာ မဟုတ်တဲ့ လျှို့ဝှက်ချက်လေးတွေရှိပါတယ်။ အဲ့ဒါတွေကတော့..

(၁) သင်ဦးဆောင်တာကို သူတို့ လိုချင်တယ်။

“ဗိုက်ဆာလိုက်တာ” တို့ “ပျင်းတယ်” တို့ကြားလို့ သင်က ဘာစားမလဲ၊ ဘယ်သွားမလဲ မေးရင် သူတို့က သင့်ကို ဘာစားချင်တယ်၊ဘယ်သွားချင်တယ် အတိအကျပြောကြမှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ သူတို့က သူတို့ ဘာဖြစ်ချင်မှန်းတောင် သိကြတာမဟုတ်ပါဘူး။ ဒါပေမယ့် ယောက်ျားလေးတွေအတွက်ကတော့ ဒါဟာ တော်တော်လေး စိတ်ရှုပ်စရာ ဖြစ်နေ တတ်ပါတယ်။ “ဗိုက်ဆာလိုက်တာ” ပြောလို့ ဘာစားချင်လဲလို့ မေးတဲ့အခါ “မသိဘူး”လို့ ပြန်ဖြေတာဟာ ယောက်ျားလေး တွေရဲ့ ဘဝမှာ မရှိပါဘူး။ ယောက်ျားလေးတွေရဲ့သဘာဝက လုပ်ချင်တာကို တိတိကျကျသိပါတယ်။ ဗိုက်ဆာတယ်။ ခေါက်ဆွဲပြုတ်စားချင်တယ်။ ဒါပါပဲ။ ဒါပေမယ့် မိန်းကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ ဗိုက်ဆာတာပဲ သိပါတယ်။ ကျန်တာ သင်တာဝန်ယူပါ။ သူစားချင်တာကို သင်ပဲရှာဖွေ အကြုံပြုပါ။ အစားအသောက် ကိစ္စတင်မဟုတ်ပါဘူး။ အခြားကိစ္စ တွေမှာလည်း သင်ဦးဆောင်တာကိုပဲ သူတို့လိုချင်ပါတယ်။ (ချွင်းချက်အနေနဲ့ အချို့မိန်းကလေးတွေက လွဲလို့ပေါ့။) များသောအားဖြင့် မိန်းကလေးတွေက ဦးဆောင်တာ သူတို့ အလုပ်မဟုတ်ဘူးလို့  ခံယူထားကြပါတယ်။ ဒါကို သိထားရင် သင်ခေါင်းကိုက်တာ သက်သာပါလိမ့်မယ်။

READ
ဘာဖြစ်လို့ကောင်မလေးတွေက ခဏခဏ ရစ်တတ်ကြတာလဲ

(၂) Surprise လုပ်ခံရတာ ကြိုက်တယ်။

ဘယ်မိန်းကလေးပဲဖြစ်ဖြစ် Surprise လုပ်ခံရတာကြိုက်ပါတယ်။ မိန်းကလေး အများစုက သူတို့ကို လေးလေးနက်နက် ထားပြီး ခေါင်းထဲမှာ ထည့်ထားတာကို သဘောကျပါတယ်။ သူတို့နဲ့ ပတ်သက်တဲ့ အရာတွေ၊ Date လေးတွေ..ဥပမာ မွေးနေ့၊ ချစ်သူဖြစ်တဲ့နေ့ စတာတွေကို မှတ်ထားရင် သဘောကျကြပါတယ်။ Surprise ဆိုရင် ပန်းစည်းလေးက အစ အရုပ်လေး အဆုံး သဘောကျကြပါတယ်။

(၃) အခြား တစ်ယောက်ယောက်က သင့်ကို သူ့ထက်ပိုပြီး စွဲဆောင်သွားမှာ ကြောက်တယ်။

ဘယ်လောက်ပဲ Confidence ရှိတဲ့မိန်းကလေး တစ်ယောက်ဖြစ်ဖြစ် ချစ်သူနဲ့ ပတ်သက်လာရင် J ဝင်တတ်ကြတာ ချည်းပါပဲ။ အနည်းအများ ကွာခြားသွားတာပဲရှိပါတယ်။ အချို့မိန်းကလေးတွေက စိတ်ထဲမှာပဲ ထားလိုက်ပြီး အချို့မိန်းကလေး တွေကတော့ ပေါက်ကွဲတတ်ကြပါတယ်။ အခြား မိန်းကလေးတစ်ယောက်နဲ့ စကားအကြာကြီးပြောတာ၊  အလုပ်တွဲ လုပ်နေတာ စတာတွေအားလုံးကို သူတို့ စိုးရိမ်တတ်ကြပါတယ်။ သူတို့ကိုအချစ်ပေါ့သွားမှာအမြဲ စိုးရိမ်နေကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ဆီကနေ သူ့ကိုချစ်ကြောင်း စကား ခဏခဏ ကြားချင်ကြတာလည်း ဖြစ်ပါတယ်။

READ
အမျိုးသမီးတွေမကြိုက်တဲ့အမျိုးသားတွေရဲ့အလေ့အကျင့်ဆိုး(၁၀)ခု

 

(၄) သင့်ရဲ့ ရိုးသားမှုကို လိုချင်တယ်။

အချို့မိန်းကလေးတွေက လိမ်လို့ရပေမယ့် အချို့မိန်းကလေးတွေကတော့ သင်လိမ်ဖို့ စဉ်းစားနေထဲက အလိုလျောက် သိနေကြပါတယ်။ သူတို့ရဲ့ သင့်အပေါ် မျက်လုံး ဒေါက်ထောက်ကြည့်မှုကြောင့် သင့်အမူအရာပြောင်းလဲတာနဲ့ သူတို့က
ရိပ်မိတတ်ကြပါတယ်။ သင်သတိမထားမိပေမယ့် သူသတိထားမိတဲ့အရာတွေ တစ်ပုံကြီးရှိပါတယ်။ သူတို့က သင့်ရဲ့ ရိုးသားမှုကို လိုချင်ကြတာပါ။ ဘာပဲ ဖြစ်ဖြစ် အမှန်ပြောပြစေချင်ကြတာဖြစ်ပါတယ်။

(၅) ဘော်ဒါတွေနဲ့ အချိန်ဖြုန်းလို့ရတယ်။ ဒါပေမယ့် လွန်တော့မလွန်ပါစေနဲ့။

မိန်းကလေး တော်တော်များများက သင်တစ်ခါတစ်ရံ ဘော်ဒါတွေနဲ့ အချိန်ဖြုန်းတာကို နားလည်ပေးကြပါတယ်။ ဒါပေမယ့် သူတို့ကို ဂရုမစိုက်ဖြစ်သွားတဲ့အထိ အချိန်ဖြုန်းမိရင်တော့ ပေါက်ကွဲတတ်ကြပါတယ်။ သူတို့ သင့်ကို ခွင့်ပြုထားတဲ့ အချိန်အတွင်း ပြန်မလာရင် တစ်နည်းမဟုတ် တစ်နည်း ရန်ရှာတတ်ကြပါတယ်။ သူတို့က သင်နောက်ကျနေရင်လည်း စိုးရိမ် တတ်ကြပါတယ်။ သင်ကတော့ ဒါဟာ ဘာမှ မဖြစ်လောက်တဲ့ ကိစ္စလို့ ထင်ပေမယ့် မိန်းကလေးတွေက အစိုးရိမ်လွန်တတ် ကြတယ်ဆိုတာ သင်သတိပြုသင့်ပါတယ်။

SHARE