ကမ္ဘာ့အလှဆုံးတောင်ဝှမ်း(၅)ခု

(၁) Lauterbrunnen, Switzerland

ဆွစ်ဇာလန်မှာရှိတဲ့ Lauterbrunnen တောင်ဝှမ်းဟာ Swiss Alps ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ ရေတံခွန်
တွေ၊ နက်ရှိုင်းတဲ့ ကျောက်ချောက်ကမ်းပါးတွေ၊ အေးမြတဲ့ ရာသီဥတုတောတောင်ရေမြေကြောင့် နွေရာသီအ
တွက် လည်ပတ်ဖို့ သင့်တော်တဲ့နေရာ ဖြစ်ပါတယ်။

(၂) Nubra Valley, India

Nubra တောင်ဝှမ်းကတော့ Leh ဆိုတဲ့ မြို့လေးနဲ့ 150 ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။ ကျယ်ပြန့်တဲ့ လွင်
ပြင်တောင်ကြားလမ်းဖြစ်ပြီး သဘာဝအလှတွေ စုရုံးရာ နေရာတစ်ခုပါ။

(၃) Haa Valley, Bhutan

ဘူတန်နိုင်ငံမှာရှိတဲ့ Haa တောင်ကြားချိုင့်ဝှမ်းကိုတော့ သူတို့ဘာသာစကားနဲ့ “အလှအပများ ပုန်းခိုရာ”လို့ ဆိုစမှတ် ပြုကြပါတယ်။ စိတ်အာရုံနဲ့ပင် တွေးထင်မထားမိတဲ့ အလှတွေကို ခံစားရစေမယ်လို့ ဆိုပါတယ်။

(၄) Romsdal Valley, Norway

Romsdal တောင်ဝှမ်းကတော့ နော်ဝေနိုင်ငံမြောက်ပိုင်းရဲ့ ခရီးသွားတွေကို အဓိကဆွဲဆောင်ရာ နေရာဖြစ်ပါ
တယ်။ မြစ်တွေ၊ စမ်းချောင်းတွေ ပေါများတဲ့အပြင် မီတာ(1500) အမြင့်ရှိတဲ့ တောင်တွေရဲ့ ၀န်းရံမှုနဲ့ အရမ်းလှ
ပတဲ့ နေရာဖြစ်ပါတယ်။

(၅) Simplon Valley, Italy

နာမည်ကျော် Simplon တောင်ဝှမ်းကိုတော့ Pennine နဲ့ Lepontine ဆိုတဲ့အမည်တွေလည်း ခေါ်ဝေါ်ကြပါသေးတယ်။ မီတာ 4000 အမြင့်ရှိတဲ့ တောင်တန်းတွေရဲ့ ၀န်းရံမှုအလယ်မှာ လှပစွာတည်ရှိပြီး ဆွစ်ဇာလန်နိုင်ငံနဲ့ အီတလီနိုင်ငံကို ဆက်သွယ်ပေးထားတဲ့ Swiss Alps ရဲ့ တစ်စိတ်တဒေသဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo

Source : wonderlist.com

 

SHARE